သွေးတွင်းအဆီဓာတ်များနေပြီလား
ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာ စားသမျှအစာအာဟာရတွေကို တစ်နေ့တာ လှုပ်ရှားသွားလာမှုအတွက် စွမ်းအင်အဖြစ်အသုံးချပြီး ပိုလျှံလာတဲ့ ကယ်လိုရီတွေကို အဆီအဖြစ်နဲ့သိမ်းထားလိုက်ပါတယ်။ နေ့တိုင်းနေ့တိုင်း တစ်နေ့တာလိုအပ်ချက်ထက် အစားတွေအများကြီးစားမိပြီတိုရင်တော့ သွေးတွင်းမှာအဆီဓာတ်တွေများလာတော့တာပါပဲ။ သွေးတွင်းမှာ အဆီဓာတ်များခြင်းဟာ ရောဂါလက္ခဏာမပြပါဘူး။ တိတ်တိတ်ကလေး လူကိုဒုက္ခပေးရင်း အချိန်တန်တဲ့အခါမှ နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့ဝေဒနာဆိုးတွေဆီကို ဦးဆောင်ခေါ်ယူသွားတတ်ပါတယ်။ ဒါ့ကြောင့် မိမိကိုယ်မိမိ ဝတယ်လို့ထင်ရင်၊ အဆီနှင့်အစားအသောက်ပုံမှန်ထက်ပိုစားမိနေတယ်လို့ထင်ရင် သွေးတွင်းအဆီစစ်ဆေးသင့်ပါတယ်။ သွေးစစ်ပြီးတဲ့အခါမှာ သင့်ရဲ့အဖြေလွှာစာရွက်မှာ အဓိက ကြည့်ရမယ့်အဖြေသုံးခုကတော့
(၁) LDL
(၂) HDL
(၃) Triglycerides တို့ပဲဖြစ်ပါတယ်။
(၁) LDL သို့မဟုတ် မကောင်းသောကိုလက်စထရော အဆီဓာတ်
LDLများနေပြီဆိုရင်တော့ သင့်ကိုဆရာဝန်က ကိုလက်စထရော အဆီဓာတ်များနေပြီလို့ပြောပါလိမ့်မယ်။ ဒီLDLအဆီဓာတ်ဟာမကောင်းတဲ့အဆီဓာတ်ဖြစ်ပြီး နှလုံး၊သွေးတိုးနဲ့လေဖြတ်ခြင်းကိုဖြစ်စေတဲ့ အဓိကဇာတ်ကောင် လို့လဲပြောနိုင်ပါတယ်။
(၂) HDL သို့မဟုတ် ကောင်းသောအဆီ
အဆီဆိုပေမယ့် ခန္ဓာကိုယ်ကိုအကျိုးပြုတဲ့ အဆီတွေလည်းရှိပါသေးတယ်ယ သူတို့ကိုတော့ HDL (High Density Lipoprotein) လို့ခေါ်ပါတယ်။ သူကတော့မကောင်းတဲ့အဆီ LDLတွေ သွေးကြောထဲမှာစုပုံပြီးသွေးကြောခဲခြင်းမဖြစ်ရအောင် ကာကွယ်ပေးပါတယ်။ HDL ကောင်းတဲ့အဆီတွေဟာ သံလွင်ဆီ၊ ပဲပုတ်ဆီ၊ ငါးကြီဆီ၊ ထောပတ်သီး၊ မြေပဲစသော အစေ့အဆံများမှာ ပါဝင်ပါတယ်။
(၃) Triglycerides ထရိုင်ဂလစ်စရိုက်
ထရိုင်ဂလစ်စရိုက်ဟာလည်း အန္တရာယ်ရှိတဲ့အဆီတစ်မျိုးပဲဖြစ်ပါတယ်။ Triglyceridesကို စွမ်းအင်အဖြစ်ခန္ဓာကိုယ်ကအသုံးပြုပါတယ်။ ဒါပေမယ့် အစားအသောက်ဟာ ကိုယ်လက်လှုပ်ရှားမှုထက်များပြီး စွမ်းအင်အဖြစ်သုံးစရာလုပ်ငန်းမရှိတော့တဲ့အခါ ပိုလျှံတဲ့ ထရိုင်ဂလစ်စရိုက်အဆီတွေဟာ သွေးကြောထဲမှာလှည့်ပတ်ပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ကိုအစပျိုးစေပါတယ်။
ဒါ့ကြောင့် မိမိကိုယ်ကို အဆီစားများတယ်၊ တစ်နေ့တာကိုယ်ခန္ဓာလှုပ်ရှားမှုထက် အစားအသောက်ကများနေတယ်၊ ဝနေတယ်ထင်ရင်တော့ မိမိတို့ရဲ့မိသားစုဆရာဝန်များနဲ့တိုင်ပင်ပြီး သွေးစစ်ကြည့်ကြဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ေသြးတြင္းအဆီဓာတ္မ်ားေနၿပီလား
ကြၽန္ေတာ္တို႔ရဲ႕ခႏၶာကိုယ္ဟာ စားသမ်ွအစာအာဟာရေတြကို တစ္ေန႔တာ လႈပ္႐ွားသြားလာမႈအတြက္ စြမ္းအင္အျဖစ္အသံုးခ်ၿပီး ပိုလ်ွံလာတဲ့ ကယ္လိုရီေတြကို အဆီအျဖစ္နဲ႔သိမ္းထားလိုက္ပါတယ္။ ေန႔တိုင္းေန႔တိုင္း တစ္ေန႔တာလိုအပ္ခ်က္ထက္ အစားေတြအမ်ားႀကီးစားမိၿပီတိုရင္ေတာ့ ေသြးတြင္းမွာအဆီဓာတ္ေတြမ်ားလာေတာ့တာပါပဲ။ ေသြးတြင္းမွာ အဆီဓာတ္မ်ားျခင္းဟာ ေရာဂါလကၡဏာမျပပါဘူး။ တိတ္တိတ္ကေလး လူကုိဒုကၡေပးရင္း အခ်ိန္တန္တဲ့အခါမွ ႏွလံုးေရာဂါ၊ ေလျဖတ္ျခင္း စတဲ့ေဝဒနာဆိုးေတြဆီကို ဦးေဆာင္ေခၚယူသြားတတ္ပါတယ္။ ဒါ့ေၾကာင့္ မိမိကုိယ္မိမိ ဝတယ္လို႔ထင္ရင္၊ အဆီႏွင့္အစားအေသာက္ပံုမွန္ထက္ပိုစားမိေနတယ္လို႔ထင္ရင္ ေသြးတြင္းအဆီစစ္ေဆးသင့္ပါတယ္။ ေသြးစစ္ၿပီးတဲ့အခါမွာ သင့္ရဲ႕အေျဖလႊာစာရြက္မွာ အဓိက ၾကည့္ရမယ့္အေျဖသံုးခုကေတာ့
(၁) LDL
(၂) HDL
(၃) Triglycerides တို႔ပဲျဖစ္ပါတယ္။
(၁) LDL သို႔မဟုတ္ မေကာင္းေသာကိုလက္စထေရာ အဆီဓာတ္
LDLမ်ားေနၿပီဆိုရင္ေတာ့ သင့္ကိုဆရာဝန္က ကိုလက္စထေရာ အဆီဓာတ္မ်ားေနၿပီလို႔ေျပာပါလိမ့္မယ္။ ဒီLDLအဆီဓာတ္ဟာမေကာင္းတဲ့အဆီဓာတ္ျဖစ္ၿပီး ႏွလံုး၊ေသြးတိုးနဲ႔ေလျဖတ္ျခင္းကိုျဖစ္ေစတဲ့ အဓိကဇာတ္ေကာင္ လို႔လဲေျပာႏိုင္ပါတယ္။
(၂) HDL သို႔မဟုတ္ ေကာင္းေသာအဆီ
အဆီဆိုေပမယ့္ ခႏၶာကိုယ္ကိုအက်ိဳးျပဳတဲ့ အဆီေတြလည္း႐ွိပါေသးတယ္ယ သူတို႔ကိုေတာ့ HDL (High Density Lipoprotein) လို႔ေခၚပါတယ္။ သူကေတာ့မေကာင္းတဲ့အဆီ LDLေတြ ေသြးေၾကာထဲမွာစုပံုၿပီးေသြးေၾကာခဲျခင္းမျဖစ္ရေအာင္ ကာကြယ္ေပးပါတယ္။ HDL ေကာင္းတဲ့အဆီေတြဟာ သံလြင္ဆီ၊ ပဲပုတ္ဆီ၊ ငါးႀကီဆီ၊ ေထာပတ္သီး၊ ေျမပဲစေသာ အေစ့အဆံမ်ားမွာ ပါဝင္ပါတယ္။
(၃) Triglycerides ထ႐ိုင္ဂလစ္စ႐ိုက္
ထ႐ိုင္ဂလစ္စ႐ိုက္ဟာလည္း အႏၲရာယ္႐ွိတဲ့အဆီတစ္မ်ိဳးပဲျဖစ္ပါတယ္။ Triglyceridesကို စြမ္းအင္အျဖစ္ခႏၶာကိုယ္ကအသံုးျပဳပါတယ္။ ဒါေပမယ့္ အစားအေသာက္ဟာ ကိုယ္လက္လႈပ္႐ွားမႈထက္မ်ားၿပီး စြမ္းအင္အျဖစ္သံုးစရာလုပ္ငန္းမ႐ွိေတာ့တဲ့အခါ ပိုလ်ွံတဲ့ ထ႐ိုင္ဂလစ္စ႐ိုက္အဆီေတြဟာ ေသြးေၾကာထဲမွာလွည့္ပတ္ၿပီး ႏွလံုးေရာဂါ၊ ေလျဖတ္ျခင္းတို႔ကိုအစပ်ိဳးေစပါတယ္။
ဒါ့ေၾကာင့္ မိမိကိုယ္ကို အဆီစားမ်ားတယ္၊ တစ္ေန႔တာကိုယ္ခႏၶာလႈပ္႐ွားမႈထက္ အစားအေသာက္ကမ်ားေနတယ္၊ ဝေနတယ္ထင္ရင္ေတာ့ မိမိတို႔ရဲ႕မိသားစုဆရာဝန္မ်ားနဲ႔တိုင္ပင္ၿပီး ေသြးစစ္ၾကည့္ၾကဖို႔အတြက္ တိုက္တြန္းလိုက္ပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ