မမြင်တော်ရာမှာ အရည်အိတ်တည်ခြင်း

” ဆရာရေ.. ကယ်ပါဦး..

ကျွန်တော့အဓိကနေရာမှာ ပြသနာ ဖြစ်နေလို့…

ရော် ..အဆန်းပါလား…ဘာကို ကယ်ရမှာတုန်း… ကိုဖိုးတုတ်ရ..”

နေ့ခင်း အေးအေးလူလူ ရှိတုန်း ဂျယ်လီပူတင်းလေးနဲ့ ရေနွေးကြမ်းလေးနဲ့နှပ်မယ် ဆိုကာမှ…ရောက်ချလာတာ ကာလသားခေါင်း ဖိုးတုတ် ရယ်ပါ…

“ပြောစမ်းပါဦး ခင်ဗျားပြသနာ ..”

” အင်း..အဲ ” ကိုဖိုးတုတ်တစ်ယောက် ခေါင်းတကုတ်ကုတ်နဲ့…

“အင်းအဲ မနေနဲ့.. လုပ်ဗျ ” ဆိုမှ….” ဒီလို ဆရာ….ကျွန်တော့်ရဲ့ ဟိုဟာ… ဝှေးစေ့က အရမ်းကြီးလာတယ်.. ကိုင်ကြည့်လိုက်တော့ အထဲမှာ အရည်တွေလိုလိုတွေပဲ ဆရာ.. ဖြစ်တာက နည်းနည်းကြာပြီဆိုပေမယ့်…. ပြရမှာလဲ ရှက်တော့… လာမပြဖြစ်တာ… ခု နေရထိုင်ရခက်နဲ့ဆိုတော့.. ရှေ့မျက်နှာ နောက်ထားပြီး လာပြတာပါ..”

“ရော်… ကိုဖိုးတုတ်နှယ်… ဒါမျိုးက ရှက်စရာလား ဗျ … ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်ရမှာပေါ့…” ဒီလိုနဲ့ ကိုဖိုးတုတ်ကို စမ်းသပ်ကြည့်လေတော့… သူပြောတဲ့ အဓိကမှာ ပြသနာ ဆိုတာက.. ကပ္ပါယ်အိတ်တွင်း အရည်တွေ တည်ရာက ယောင်လာခြင်း (hydrocele ) ရယ်ပါ…

“ဒီလို ကိုဖိုးတုတ်.. ခင်ဗျား ပြသနာက ကပ္ပါယ်အိတ်ထဲ အရည်တည်တာပဲဗျ…”

” ဒီလို အရည်အိတ်တည်တာက တစ်နှစ်အောက်ကလေးတွေမှာလည်း ဖြစ်လေ့ဖြစ်ထရှိတယ်.. ဒါပေမယ့် တစ်နှစ်ကျော်ပြီး နောက်မှာတော့ ခန္ဓာကိုယ်ပြောင်းလဲမှုအရ တဖြည်းဖြည်း ပျောက်သွားတယ်..အဲ့လို မဟုတ်ပဲ ကျန်ခဲ့ရင်တော့ ကလေးကို ဆရာဝန်နဲ့ သေချာပြသစစ်ဆေးရမယ်.. ”

” ကိုဖိုးတုတ်ကိစ္စကျ လူကြီးကိစ္စဆိုတော့ကာ ဒီလိုအရည်တည်တာက ကပ္ပါယ်အိတ်ကို ထိခိုက်မိထားတာကြောင့် ဖြစ်နိုင်သလို အတွင်းက ဝှေးစေ့မှာ (သို့) ပြွန်လေးတွေထဲမှာ ပိုးဝင်တာ ၊ယောင်လာတာကြောင့် အရည်တွေ စုလာတာ ဖြစ်နိုင်တယ်ပုံမှန်အားဖြင့်ဒီလိုယောင်လာခြင်းဟာ နာကျင်ခြင်းမရှိတဲ့အခါမှာတော့ ကုသမှုများများစားစား မလိုပါဘူး” ..”ခြောက်လ ပတ်ဝန်းကျင်လောက်မှာ သူ့အလိုလို ပျောက်ကင်းသွားနိုင်ပါတယ်” ဒါပေမယ့် ဆရာဝန်ကိုတော့ သေချာပြသသင့်ပါတယ်…”

“များသော အားဖြင့် အရည်တွေ ပိုစုလာတာကြောင့် ကပ္ပါယ်အိတ်ပိုလေးလာတဲ့အခါ နေထိုင်ရ ပိုခက်လာမယ်၊ အရမ်းကြီးလာတဲ့အခါမှာ နာကျင်တာတွေ ခံစားရတတ်တယ်ဗျ…”

” စိုးရိမ်ရလား ဆရာ… ”

“ဒီလို အရည်အိတ်တည်တာတွေဟာ သိပ်တော့ မစိုးရိမ်ရဘူး.. ခင်ဗျားရဲ့ မျိုးပွားမှု ပြသနာကို မထိခိုက်နိုင်ဘူး”…ဆိုပေမယ့်.. နောက်မှာ ဖြစ်လာနိုင်တာတွေတော့ ရှိတယ်ဗျ…

“အရည်အိတ်တည်တာဟာ ပိုးတစ်မျိုးမျိုးကြောင့် ဖြစ်ခဲ့မယ်ဆိုရင် သုတ်ပိုးထုတ်လုပ်မှုတွေ၊ လုပ်ဆောင်မှုတွေတော့ လျော့ကျသွားနိုင်တယ်ဗျ…ဒါပြင် ဒီလို အရည်အိတ်ဟာ လေးလံတာကြောင့်.. ဝမ်းဗိုက်တွင်းက ကြွက်သား အားနည်းတဲ့နေရာကနေ.. အရည်အိတ်ထဲ အူတွေ ကျလာနိုင်တယ်.. အူကျွံနိုင်ခြင်း (inguinal hernia ) ဆိုတာ ဖြစ်နိုင်တယ်. ”

ဒါကြောင့် ဒီလို ပြသနာမျိုး ရှိလာနိုင်တဲ့အတွက် သတိတော့ထားရမယ်.. ဒါပြင် ရုတ်တရက် ကပ္ပါယ်အိတ်က အရမ်းအောင့်လာတာ၊ ယောင်လာတာ၊ နာရီအတော်ကြာလာရင်တော့ ကုသမှု အမြန်ခံယူရမယ်ဗျ..မဟုတ်ရင် ဝှေးစေ့ကို သွေးသယ်ဆောင်ပေးတဲ့ ပြွန်ဟာ လိမ်သွား ပိတ်သွားတဲ့အခါမှာ သွေးမရောက်တော့တာမျိုး ဖြစ်နိုင်တယ်…

ဒီလို အခါမျိုးမှာတော့… aspiration လို့ခေါ်တဲ့ အထဲက အရည်ကို စုပ်ထုတ်ရတာမျိုး… hydrocelectomy လို့ ခေါ်တဲ့ အသေးစားခွဲစိတ်မှုမျိုး လုပ်ရတတ်တယ်… ကုသမှုအပိုင်းကတော့ လူနာရဲ့အခြေနေပေါ်မူတည်ပြီး ကွဲပြားသွားနိုင်တယ်…”

ဒါကြောင့်.. မောင်ဖိုးတုတ်ရေ… ဒီကြားထဲကို ဆေးခန်းပုံမှန်တော့ လာပြ… မရှက်ဖို့ မကြောက်ဖို့လဲ မှာချင်တယ်… စိုးရိမ်စရာ ကြုံလာရင်လည်း အမြန်ဆုံး သတိနဲ့ ဆေးရုံဆေးခန်း ပြသရမယ်နော်..ကဲ ..ဒါဆို မောင်ဖိုးတုတ်ရေ.. “အဓိက က အဓိက ” မို့ .. ကျန်းမာရေးလေးတော့ ဂရုစိုက်နော်…

“ဟုတ်ကဲ့ပါ ဆရာ..”

ကိုဖိုးတုတ်တစ်ယောက် ခေါင်းတဗြစ်ဗြစ် ကုတ်ရင်း ထွက်သွားလေရဲ့ သူ့ခမျာလဲ .. ကာလသားခေါင်းဆိုတော့…ရပ်ရေးရွာရေးနဲ့ ဒုက္ခ… ” အော် … အဓိက အဓိက ”

ကျန်းမာ သန်စွမ်း အဓိက ကျတဲ့ အမျိုးသားများဘဝကို ပိုင်ဆိုင်ကြပါစေလို့ တောင်းဆုမေတ္တာပြုလျက်

ပိုင်နီမောင်
#mayoclinic
#healthline

မျမင္​​ေတာ္​ရာမွာ အရည္​အိတ္​တည္​ျခင္​း

" ဆရာ​ေရ.. ကယ္​ပါဦး..

ကြၽန္​​ေတာ့အဓိက​ေနရာမွာ ျပသနာ ျဖစ္​​ေနလို႔...

ေရာ္​ ..အဆန္​းပါလား...ဘာကို ကယ္​ရမွာတုန္​း... ကိုဖိုးတုတ္​ရ.."

​ေန႔ခင္​း ​ေအး​ေအးလူလူ ႐ွိတုန္​း ဂ်ယ္​လီပူတင္​း​ေလးနဲ႔ ​ေရ​ေႏြးၾကမ္​း​ေလးနဲ႔ႏွပ္​မယ္​​ ဆိုကာမွ...​ေရာက္​ခ်လာတာ ကာလသား​ေခါင္​း ဖိုး​တုတ္​ ရယ္​ပါ...

"​ေျပာစမ္​းပါဦး ခင္​​ဗ်ားျပသနာ .."

" အင္​း..အဲ " ကိုဖိုးတုတ္​​တစ္​​ေယာက္​ ​ေခါင္​းတကုတ္​ကုတ္​နဲ႔...

"အင္​းအဲ မ​ေနနဲ႔.. လုပ္​​​ဗ် " ဆိုမွ...." ဒီလို ဆရာ....ကြၽန္​​ေတာ္​့ရဲ႕ ဟိုဟာ... ​ေဝွး​ေစ့​က အရမ္​းႀကီးလာတယ္​.. ကိုင္​ၾကည္​့လိုက္​​ေတာ့ ​အထဲမွာ အရည္​​ေတြလိုလို​ေတြပဲ ဆရာ.. ျဖစ္​တာက နည္​းနည္​းၾကာၿပီဆို​ေပမယ္​့.... ျပရမွာလဲ ႐ွက္​​ေတာ့... လာမျပျဖစ္​တာ... ခု ​ေနရထိုင္​ရခက္​နဲ႔ဆို​ေတာ့.. ​ေ႐ွ႕မ်က္​ႏွာ ​ေနာက္​ထားၿပီး လာျပတာပါ.."

"​ေရာ္​... ​ကိုဖိုးတုတ္​ႏွယ္​... ဒါမ်ိဳးက ႐ွက္​စရာလား ​ဗ် ... ကိုယ္​့က်န္​းမာ​ေရး ကိုယ္​ဂ႐ုစိုက္​ရမွာ​ေပါ့..." ဒီလိုနဲ႔ ​ကိုဖိုးတုတ္​ကို စမ္​းသပ္​ၾကည္​့​ေလ​ေတာ့... သူ​ေျပာတဲ့ အဓိကမွာ ျပသနာ ဆိုတာက.. ကပၸါယ္​အိတ္​တြင္​း အရည္​​ေတြ တည္​ရာက ​ေယာင္​လာျခင္​း (hydrocele ) ရယ္​ပါ...

"ဒီလို ​​ကိုဖိုးတုတ္​.. ခင္​​ဗ်ား ျပသနာက ကပၸါယ္​အိတ္​ထဲ အရည္​တည္​တာပဲဗ်..."

" ဒီလို အရည္​အိတ္​တည္​တာက တစ္​ႏွစ္​​ေအာက္​က​ေလး​ေတြမွာလည္​း ျဖစ္​​ေလ့ျဖစ္​ထ႐ွိတယ္​.. ဒါ​ေပမယ္​့ တစ္​ႏွစ္​​ေက်ာ္​ၿပီး ​ေနာက္​မွာ​ေတာ့ ခႏၶာကုိယ္​​ေျပာင္​းလဲမႈအရ ​တျဖည္​းျဖည္​း ေပ်ာက္​သြားတယ္​..အဲ့လို မဟုတ္​ပဲ က်န္​ခဲ့ရင္​​ေတာ့ က​ေလးကို ဆရာဝန္​နဲ႔ ​ေသခ်ာျပသစစ္​​ေဆးရမယ္​.. "

" ​ကိုဖိုးတုတ္​ကိစၥက် လူႀကီးကိစၥဆို​ေတာ့ကာ ဒီလိုအရည္​တည္​တာက ​ကပၸါယ္​အိတ္​ကို ထိခိုက္​မိထားတာ​ေၾကာင္​့ ျဖစ္​ႏိုင္​သလို အတြင္​းက ​ေဝွး​ေစ့မွာ (သို႔) ႁပြန္​​ေလး​ေတြထဲမွာ ပိုးဝင္​တာ ၊ေယာင္​လာတာ​ေၾကာင္​့ အရည္​​ေတြ စုလာတာ ျဖစ္​ႏိုင္​တယ္ပံုမွန္​အားျဖင္​့ဒီလို​ေယာင္​လာျခင္​းဟာ နာက်င္​ျခင္​းမ႐ွိတဲ့အခါမွာ​ေတာ့ ကုသမႈမ်ားမ်ားစားစား မလိုပါဘူး" .."​ေျခာက္​လ ပတ္​ဝန္​းက်င္​​ေလာက္​မွာ သူ႔အလိုလို ​ေပ်ာက္​ကင္​းသြားႏိုင္​ပါတယ္​" ဒါ​ေပမယ္​့ ဆရာဝန္​ကို​ေတာ့ ​ေသခ်ာျပသသင္​့ပါတယ္​..."

"မ​်ား​ေသာ အားျဖင္​့ အရည္​​ေတြ ပိုစုလာ​တာ​ေၾကာင္​့ ကပၸါယ္​အိတ္​ပို​ေလးလာတဲ့အခါ ​ေနထိုင္​ရ ပိုခက္​လာမယ္​၊ အရမ္​းႀကီးလာတဲ့အခါမွာ နာက်င္​တ​ာ​ေတြ ခံစားရတတ္​တယ္​​ဗ်..."

" စိုးရိမ္​ရလား ဆရာ... "

"ဒီလို အရည္​အိတ္တည္​တာ​ေတြဟာ သိပ္​​ေတာ့ မစိုးရိမ္​ရ​ဘူး.. ခင္​​ဗ်ားရဲ႕ မ်ိဳးပြားမႈ ျပသနာကို မထိခိုက္​ႏိုင္​ဘူး"...ဆို​ေပမယ္​့.. ​ေနာက္​မွာ ျဖစ္​လာႏိုင္​တာ​ေတြ​ေတာ့ ႐ွိတယ္​​ဗ်...

"အရည္​အိတ္​တည္​တာဟာ ပိုးတစ္​မ်ိဳးမ်ိဳး​ေၾကာင္​့ ျဖစ္​ခဲ့မယ္​ဆိုရင္​ သုတ္​ပိုးထုတ္​လုပ္​မႈ​ေတြ၊ လုပ္​​ေဆာင္​မႈ​ေတြ​ေတာ့ ​ေလ်ာ့က်သြားႏိုင္​တယ္​​ဗ်...ဒါျပင္​ ဒီလို အရည္​အိတ္​ဟာ ​ေလးလံတာ​ေၾကာင္​့.. ဝမ္​းဗိုက္​တြင္​းက ႂကြက္​သား အားနည္​းတဲ့​ေနရာက​ေန.. အရည္​အိတ္​ထဲ အူ​ေတြ ​က်လာႏိုင္​တယ္​.. အူကြၽံႏိုင္​ျခင္​း (inguinal hernia ) ဆိုတာ ျဖစ္​ႏိုင္​တယ္​​. "

ဒါ​ေၾကာင္​့ ဒီလို ျပသနာမ်ိဳး ႐ွိလာႏိုင္​တဲ့အတြက္​ သတိ​ေတာ့ထားရမယ္​.. ဒါျပင္​ ႐ုတ္​တရက္​ ​ကပၸါယ္​အိတ္​က​ အရမ္​း​ေအာင္​့လာတာ၊ ​ေယာင္​လာတာ၊ နာရီအ​ေတာ္​ၾကာလာရင္​​​ေတာ့ ကုသမႈ အျမန္​ခံယူရမယ္​​ဗ်..မဟုတ္​ရင္​ ​ေဝွး​ေစ့ကို ​​ေသြးသယ္​​ေဆာင္​​ေပးတဲ့ ႁပြန္​ဟာ လိမ္​သြား ပိတ္​သြားတဲ့အခါမွာ ေသြးမ​ေရာက္​​ေတာ့တာမ်ိဳး ျဖစ္​ႏိုင္​တယ္​...

ဒီလို အခါမ်ိဳးမွာ​ေတာ့... aspiration ​လို႔​ေခၚတဲ့ အထဲက အရည္​ကို စုပ္​ထုတ္​ရတာမ်ိဳး... hydrocelectomy လို႔ ​ေခၚတဲ့ အ​ေသးစားခဲြစိတ္​မႈမ်ိဳး လုပ္​ရတတ္​တယ္​... ကုသမႈအပိုင္​းက​ေတာ့ လူနာရဲ႕အ​ေျခ​ေန​ေပၚမူတည္​ၿပီး ကဲြျပားသြားႏိုင္​တယ္​..."

ဒါ​ေၾကာင္​့.. ​ေမာင္​ဖိုးတုတ္​​ေရ... ဒီၾကားထဲကို ​ေဆးခန္​းပံုမွန္​​ေတာ့ လာျပ... မ႐ွက္​ဖို႔ မ​ေၾကာက္​ဖို႔လဲ မ​ွာခ်င္​တယ္​... စိုးရိမ္​စရာ ၾကံဳလာရင္​လည္​း အျမန္​​ဆံုး သတိနဲ႔ ​ေဆးရံု​ေဆးခန္​း ျပသရမယ္​​ေနာ္​..ကဲ ..ဒါဆို ​ေမာင္​ဖိုးတုတ္​​ေရ.. "အဓိက က အဓိက " မို႔ .. က်န္​းမာ​ေရး​ေလး​ေတာ့ ဂ႐ုစိုက္​​ေနာ္​...

"ဟုတ္​ကဲ့ပါ ဆရာ.."

ကိုဖိုးတုတ္​​တစ္​​ေယာက္​ ​ေခါင္​းတျ​​ဗစ္​ျ​ဗစ္​ ကုတ္​ရင္​း ထြက္​သြား​ေလရဲ႕ သူ ့ခမ်ာလဲ .. ကာလသား​ေခါင္​းဆို​ေတာ့...​ရပ္​​ေရးရြာ​ေရးနဲ႔ ဒုကၡ... " ​ေအာ္​ ... အဓိက အဓိက "

က်န္​းမာ သန္​စြမ္​း အဓိက က်တဲ့ အမ်ိဳးသားမ်ားဘဝကို ပိုင္​ဆိုင္​ၾကပါ​ေစလို႔ ​ေတာင္​းဆု​ေမတၱာျပဳလ်က္​

ပိုင္​နီ​ေမာင္​
#mayoclinic
#healthline

Related posts
အမျိုးသား ကျန်းမာရေး

အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးမပွင့်ခြင်း ဆိုတာ

1 Mins read
လူပျိုဖော်ဝင်စအချိန်မှာ သဘာဝအလျောက် အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးဟာ ပွင့်လာတတ်ပါတယ်။ ဒါပေမယ့် အချို့မှာတော့ လိင်တံထိပ်ဖူးဟာ လူပျိုပေါက်အရွယ်ကျော်လွန်ပြီးတာတောင် ငုံနေဆဲအခြေအနေမျိုး(Phimosis)ကြုံနေရသူတွေလည်းရှိပါတယ်။ ဒီလိုလိင်တံထိပ်ဖူးငုံနေခြင်းဟာ အညစ်အကြေးနှင့်ဘက်တီးရီးယားများ စုပုံနေတတ်လို့ လိင်တံထိပ်ဖျားရောင်ရမ်းခြင်း များဖြစ်တတ်ပါတယ်။ အထူးသဖြင့်ဆီးသွားရာ၊ လိင်ဆက်ဆံရာမှာ ဖုံးအုပ်နေတဲ့ အရေပြားရဲ့ တင်းကျပ်မှုကြောင့် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…

Leave a Reply

Your email address will not be published. Required fields are marked *