စပျစ်သီး သန္ဓေတည်ခြင်း
ဒီတစ်ခါမှာတော့ မမဗိုက်တို့ သတိထားစရာတစ်ခု ဖြစ်တဲ့ သားအိမ်တွင်း စပျစ်သီး သန္ဓေတည်ခြင်းဆိုတဲ့ အကြောင်းလေးကို ပြောပြချင်ပါတယ် …
စပျစ်သီးသန္ဓေတည်ခြင်းဟာ ပုံမမှန်တဲ့ မျိုးဥမှ ပေါက်ဖွားခြင်း၊ မျိုးဥသနွေမအောင်ခြင်း (သို့) အချင်းတွင်း၌ တစ်သျှူးများ ကြီးထွားမှုလွန်ကဲခြင်းကြောင့် ဖြစ်ပွားနိုင်ပါတယ်…
စပျစ်သီး သန္ဓေတည်ခြင်းဟာ
- ယခင် ကိုယ်ဝန် ပျက်ကျထားဖူးသူများ
- သန္ဓေသား နေရာမမှန်ခြင်း ရှိထားဖူးသူများ
- အသက်ငယ်လွန်း(သို့) ကြီးလွန်းတဲ့ ကိုယ်ဝန်ဆောင်တွေမှာ ပိုအဖြစ်များပါတယ်
- ကိုယ်ဝန်ရင့်ပြီး သားအိမ်တွင်း အသက်ရှင်သန်နေသော ကလေးရှိပါက စပျစ်သီး သန္ဓေတည်ဖို့ ရာခိုင်နှုန်းနည်းပါပါတယ်.. သို့သော် အဆိုပါကိုယ်ဝန်တွင် စပျစ်သီးသန္ဓေတည်ပါက ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်…
ဘယ်လို သတိပြုနိုင်မလဲ ?
- အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ရှိလာတယ်ထင်ရပေမယ့့် …သားအိမ်ဟာ ပုံမှန်ကြီးထွားနှုန်းထက် ပိုမယ်.. ကိုယ်ဝန်ဆောင်လနဲ့ ဗိုက်ပူတာ မကိုက်ညီပဲ ဗိုက်ပိုပူမယ်..
- ပျို့အန်ခြင်း၊သွေးဆင်းခြင်း၊သွေးပေါင်ချိန်တက်ခြင်း အစရှိတဲ့ လက္ခဏာတွေ တွေ့နိုင်ပါတယ်
- မိန်းမကိုယ်မှ အရည်ဆင်းနိုင်ပါတယ်… ထိုအရည်ထဲတွင် စပျစ်သီးကဲ့သို့ တစ်သျူးစများ၊ပူဖောင်းအဖုအလုံးလေးများ ပါလာနိုင်ပါတယ်..
ဒီလိုလက္ခဏာတွေ တွေ့ရပီဆိုပါက ဆရာဝန်နဲ့ အမြန်ဆုံး ပြသင့်ပါတယ်… သို့မဟုတ်ပါက
- စပျစ်သီးသန္ဓေသားမှတဆင့် သားအိမ်ကို ရောဂါပိုးကူးနိုင်ပါတယ်
- ထိုပြင် ခန္ဓာကိုယ်တွင်း တခြားနေရာများကို ရောဂါပိုး ပြန့်နှံ့ခြင်း
- သွေးပေါင်ချိန်အလွန်အမင်းကျ၍ ရှော့ခ်(shock)ရခြင်း
- ဆီးထဲတွင် ပရိုတင်းဓာတ်များကာ သွေးပေါင်ချိန် အလွန်အမင်းတက်ခြင်း အစရှိတာတွေ ဖြစ်ကာ အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်..
ဘယ်လို test တွေ လုပ်ပီး အတည်ပြုနိုင်မလဲ ?
- ကိုယ်ဝန်ရှိသော်လည်း ကလေးမလှုပ်ခြင်း၊နှလုံးခုန်သံ မကြားရခြင်း
- အာထရာဆောင်းရိုက်ခြင်း၊
- သွေးတွင်း (hCG)ဓာတ်ခြင်း
- အသားစ အဖြေစစ်ခြင်း အစရှိတာတွေနဲ့ စမ်းသပ်နိုင်ပါတယ်
ဘယ်လိုကုသမလဲ?
- စပျစ်သီးသန္ဓေသားကို သားအိမ်ခြစ်၍ ကုသနိုင်ပါတယ်
- သားအိမ်ခြစ်ထားသော်လဲ မသက်သာပါက ဓာတုကုထုံးဖြင့် ဆက်လက် ကုသရပါမယ်
စပျစ်သီး သန္ဓေတည်ခြင်းဟာဆိုရင် ကင်ဆာအဆင့်မဟုတ်တာကြောင့်မို့ အမြန်ဆုံးသိရှိပြီး ကုသပါက ရာနှုန်းပြည့်ပျောက်ကင်းနိုင်ပါတယ်.. သို့သော် သားအိမ်တွင်း ပျံ့နှံ့ပြီး (သို့) ခန္ဓာကိုယ်တွင်း ပျံ့နှံ့ပြီးပါက ကင်ဆာ အဆင့်ကို ကူးပြောင်းနိုင်ပါသေးတယ်..
ဒါကြောင့်မို့ မမဗိုက်တို့အနေဖြင့် ကိုယ်ဝန်ဆောင်နေချိန်အတွင်း မိမိ၏ ကျန်းမာရေး အခြေအနေကို အမြဲ ဂရုစိုက်သင့်ပါတယ်.. ပုံမမှန်သော လက္ခဏာများ တွေ့ရှိပါက ဆရာဝန်အမြန်ပြသင့်ပါကြောင်း တိုက်တွန်းရင်း …..
ပိုင်နီမောင်
MSDmanuals
BridgingMyanmarToHealthierSociety
စပ်စ္သီး သေႏၶတည္ျခင္း
ဒီတစ္ခါမွာေတာ့ မမဗိုက္တို႔ သတိထားစရာတစ္ခု ျဖစ္တဲ့ သားအိမ္တြင္း စပ်စ္သီး သေႏၶတည္ျခင္းဆိုုတဲ့ အေၾကာင္းေလးကို ေျပာျပခ်င္ပါတယ္ …
စပ်စ္သီးသေႏၶတည္ျခင္းဟာ ပံုမမွန္တဲ့ မ်ိဳးဥမွ ေပါက္ဖြားျခင္း၊ မ်ိဳးဥသေႏြမေအာင္ျခင္း (သို႔) အခ်င္းတြင္း၌ တစ္သွ်ဴးမ်ား ႀကီးထြားမႈလြန္ကဲျခင္းေၾကာင့္ ျဖစ္ပြားႏိုင္ပါတယ္…
စပ်စ္သီး သေႏၶတည္ျခင္းဟာ
- ယခင္ ကိုယ္ဝန္ ပ်က္က်ထားဖူးသူမ်ား
- သေႏၶသား ေနရာမမွန္ျခင္း ႐ွိထားဖူးသူမ်ား
- အသက္ငယ္လြန္း(သို႔) ႀကီးလြန္းတဲ့ ကိုယ္ဝန္ေဆာင္ေတြမွာ ပိုအျဖစ္မ်ားပါတယ္
- ကုိယ္ဝန္ရင့္ၿပီး သားအိမ္တြင္း အသက္ရွင္သန္ေနေသာ ကေလး႐ွိပါက စပ်စ္သီး သေႏၶတည္ဖို႔ ရာခိုင္ႏႈန္းနည္းပါပါတယ္.. သို႔ေသာ္ အဆိုပါကိုယ္ဝန္တြင္ စပ်စ္သီးသေႏၶတည္ပါက ကိုယ္ဝန္ပ်က္က်ႏိုင္ပါတယ္…
ဘယ္လို သတိျပဳႏိုင္မလဲ ?
- အမ်ိဳးသမီးတစ္ေယာက္ဟာ ကိုယ္ဝန္႐ွိလာတယ္ထင္ရေပမယ့့္ …သားအိမ္ဟာ ပံုမွန္ႀကီးထြားႏႈန္းထက္ ပိုမယ္.. ကိုယ္ဝန္ေဆာင္လနဲ႔ ဗိုက္ပူတာ မကိုက္ညီပဲ ဗိုက္ပိုပူမယ္..
- ပ်ိဳ႕အန္ျခင္း၊ေသြးဆင္းျခင္း၊ေသြးေပါင္ခ်ိန္တက္ျခင္း အစ႐ွိတဲ့ လကၡဏာေတြ ေတြ႔ႏိုင္ပါတယ္
- မိန္းမကိုယ္မွ အရည္ဆင္းႏိုင္ပါတယ္… ထိုအရည္ထဲတြင္ စပ်စ္သီးကဲ့သို႔ တစ္သ်ဴးစမ်ား၊ပူေဖာင္းအဖုအလံုးေလးမ်ား ပါလာႏိုင္ပါတယ္..
ဒီလုိလကၡဏာေတြ ေတြ႔ရပီဆိုပါက ဆရာဝန္နဲ႔ အျမန္ဆံုး ျပသင့္ပါတယ္… သို႔မဟုတ္ပါက
- စပ်စ္သီးသေႏၶသားမွတဆင့္ သားအိမ္ကိို ေရာဂါပိုးကူးႏိုင္ပါတယ္
- ထိုျပင္ ခႏၶာကုိယ္တြင္း တျခားေနရာမ်ားကို ေရာဂါပိုး ျပန္ ့ႏွံ႔ျခင္း
- ေသြးေပါင္ခ်ိန္အလြန္အမင္းက်၍ ေ႐ွာ့ခ္(shock)ရျခင္း
- ဆီးထဲတြင္ ပ႐ိုတင္းဓာတ္မ်ားကာ ေသြးေပါင္ခ်ိန္ အလြန္အမင္းတက္ျခင္း အစ႐ွိတာေတြ ျဖစ္ကာ အသက္အႏၱရာယ္ ျဖစ္ႏိုင္ပါတယ္..
ဘယ္လို test ေတြ လုပ္ပီး အတည္ျပဳႏိုင္မလဲ ?
- ကိုယ္ဝန္႐ွိေသာ္လည္း ကေလးမလႈပ္ျခင္း၊ႏွလံုးခုန္သံ မၾကားရျခင္း
- အာထရာေဆာင္း႐ိုက္ျခင္း၊
- ေသြးတြင္း (hCG)ဓာတ္ျခင္း
- အသားစ အေျဖစစ္ျခင္း အစ႐ွိတာေတြနဲ႔ စမ္းသပ္ႏိုင္ပါတယ္
ဘယ္လိုကုသမလဲ?
- စပ်စ္သီးသေႏၶသားကို သားအိမ္ျခစ္၍ ကုသႏိုင္ပါတယ္
- သားအိမ္ျခစ္ထားေသာ္လဲ မသက္သာပါက ဓာတုကုထံုးျဖင့္ ဆက္လက္ ကုသရပါမယ္
စပ်စ္သီး သေႏၶတည္ျခင္းဟာဆိုရင္ ကင္ဆာအဆင့္မဟုတ္တာေၾကာင့္မို႔ အျမန္ဆံုးသိ႐ွိၿပီး ကုသပါက ရာႏႈန္းျပည့္ေပ်ာက္ကင္းႏိုင္ပါတယ္.. သို႔ေသာ္ သားအိမ္တြင္း ပ်ံ ့ႏွံ ့ၿပီး (သို႔) ခႏၶာကိုယ္တြင္း ပ်ံ ့ႏွံ ့ၿပီးပါက ကင္ဆာ အဆင့္ကို ကူးေျပာင္းႏိုင္ပါေသးတယ္..
ဒါေၾကာင့္မို႔ မမဗိုက္တို႔အေနျဖင့္ ကိုယ္ဝန္ေဆာင္ေနခ်ိန္အတြင္း မိမိ၏ က်န္းမာေရး အေျခအေနကို အျမဲ ဂ႐ုစိုက္သင့္ပါတယ္.. ပံုမမွန္ေသာ လကၡဏာမ်ား ေတြ႔႐ွိပါက ဆရာဝန္အျမန္ျပသင့္ပါေၾကာင္း တိုက္တြန္းရင္း …..
ပိုင္နီေမာင္
MSDmanuals
BridgingMyanmarToHealthierSociety