mydoctor-top-telemedicine

What masks should be worn to prevent Covid-19 infection?
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

What masks should be worn to prevent Covid-19 infection?

1 Mins read
Covid-19 မကူးစက်စေဖို့ ဘယ်လို Mask တွေကိုတပ်သင့်လဲ ?

Covid-19 ရောဂါပိုးဟာ တစ်ကမ္ဘာလုံးမှာ ကူးစက်ပြန့်ပွားနှုန်းက အဆမတန်မြင့်မားလျက်ရှိပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေ၊ နာတာရှည် ရောဂါရှိသူတွေ၊ ကိုယ်ခံအားမကောင်းတဲ့သူတွေဟာ Covid-19 ကူးစက်ခံရတဲ့ အခါ ရောဂါအခြေအနေတွေပိုဆိုးရွားသွားပြီးအသက်သေဆုံး တဲ့အထိဖြစ်တာတွေ့ရတယ်။ ရောဂါကူးစက်ခံရနိုင်တဲ့ လူစုလူဝေးတွေရှောင်ရှားတာ၊ Social distancing လုပ်တာ၊ လက်ကိုဆပ်ပြာနဲ့ခဏခဏဆေးတာတွေအပြင် မဖြစ်မနေအပြင်သွားတဲ့အခါ Mask တပ်ခြင်းတွေကလည်း Covid-19 မကူးစက်စေဖို့ များစွာအထောက်အကူ ပြုလို့နေပါတယ်။

ဒါဆို ဘယ်လို Mask တွေကိုတပ်ဆင်သင့်သလဲ
1) အကောင်းဆုံးကတော့ N95 mask နဲ့ N99 mask တွေပါပဲ
2017 လောက်တုန်းက ဖြစ်ပွားခဲ့တဲ့ H1N1 ရောဂါကတည်းက N95 mask တွေဟာ လူတွေကြားထဲမှာရေပန်းစားခဲ့တာပါ။ N95 mask ဆိုတဲ့အတိုင်း လေထဲကတစ်ဆင့်ရောဂါပိုးဝင်ရောက်မှုတွေကို 95 ရာခိုင်နှုန်းထိကာကွယ်ပေးနိုင်ပါတယ်။ N95 mask ကိုအတပ်ဆင့်ဆုံးကတော့ရောဂါပိုးပေါင်းစုံနဲ့ထိတွေ့နေရတဲ့ ကျန်းမာရေးဝန်ထမ်း တွေပါပဲ။ တပ်ဆင်တဲ့အခါပါးစပ်နဲ့ နှာခေါင်းကိုလုံအောင်တပ်ဆင်သင့်ပါတယ်။

နောက်တစ်မျိုးကတော့ N99 mask ပါပဲ။
N99 mask ဟာဆိုရင်လည်း ရောဂါကူးစက်ခံရနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုကနေ ကူးစက်မခံရအောင် 94 ရာခိုင်နှုန်းကနေ 99 ရာခိုင်နှုန်းလောက်ထိ ကာကွယ် ပေးနိုင်ပါတယ်။ အဲ့တာကြောင့် Covid-19 ကိုကာကွယ်တဲ့နေရာမှာN95 maskလိုပဲ ကာကွယ်နိုင်စွမ်းမြင့်မားတဲ့ Mask တစ်ခုပါပဲ။

2) နောက်အတပ်ဆင်သင့်ဆုံးကတော့ Surgical Mask တွေပါပဲ
Surgical mask တွေဟာ ရိုးရိုးအဝတ် mask တွေထက်စာရင် virus ပိုးကို မဝင်နိုင်အောင် ၃ ဆ ပိုပြီးကာကွယ်နိုင်စွမ်းရှိပါတယ်။ N95 /N99 mask တွေမရခဲ့ရင် Surgical Mask တွေတပ်ဆင်တာက အသင့်တော်ဆုံးပါပဲ။ အဲ့တာကြောင့် ကျန်းမာရေးဝန်ထမ်းတွေအတွက် အလိုအပ်ဆုံးဖြစ်နေတဲ့ N95/N99 mask တွေကို ဖယ်ထားပြီး သာမန်လူတွေက Surgical Mask တွေတပ်ဆင်ရင်လည်း ရောဂါပိုးကိုအထိုက် အလျောက်ကာကွယ်ပေးနိုင်ပါတယ်။

3) Hybrid Mask တွေကိုလည်း မမေ့နေသင့်ပါဘူး။ Hybrid mask ဟာ ပိုးချည်နဲ့ အကြိမ်ရာပေါင်းများစွာရက်လုပ်ထားပြီး ပိုး၊ပိုးချည်၊ဖလန်ထည်စတာတွေနဲ့ပါပြုလုပ်ထားတဲ့ ၂ ထပ် mask တစ်ခုပါ။ Size 300nm အောက် particles လေးတွေကို ၈၀ ရာခိုင်နှုန်းလောက်ထိကာကွယ်နိုင်ပြီး size 300 nm အထက် particles တွေကို ၉၀ ရာခိုင်နှုန်းလောက်ထိကာကွယ်နိုင်ပါတယ်။

4) နောက်ဆုံးအနေနဲ့ကတော့ Fabric mask တွေပါပဲ။
Virus ပိုးကို ရာခိုင်နှုန်းအသင့်အတင့်ထိကာကွယ်နိုင်ဖို့ဆိုတာ ပိုး(သို့) ပိုးထည်ကို ၃ လွှာချုပ်လုပ်ထားတဲ့ Mask တွေပါပဲ။ အိမ်မှာရှိတဲ့ T-shirt ကို တစ်ထပ်တည်းချုပ်ပြီး အဝတ် mask လိုတပ်ဆင်နေခြင်းက ဘာမှမတပ်တာထက်စာရင် ရာခိုင်းနှုန်းအနည်းငယ်လေးပဲ ကာကွယ်ပေးသယောင်ယောင်ရှိမှာပါ။ အဲ့တာကြောင့် Mask တွေဝယ်မရတော့လို့ဆိုရင်လည်း Fabric mask ပုံစံမျိုးကိုပြုလုပ်ပြီး တပ်ဆင်သင့်ပါတယ်။

ဒေါက်တာသွန်းထည်ဝါ (ဆေး ၂) 

Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…
သွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများ

နလုံးခုန် မြန်ခြင်းဟာအန္တရာယ်ရှိလား ❓

1 Mins read
👉နှလုံးခုန်မြန်တယ်ဆိုတာဘာလဲ❓ နှလုံးခုန် မြန်တယ်ဆိုတဲ့ စကားလုံး အဓိပ္ပါယ်ကတော့ ဆေးပညာသဘောအရ ပုံမှန်အချိန်မှာကို တစ်မိနစ်အတွင်း နှလုံးရဲ့ခုန်တဲ့အကြိမ်အရေအတွက် ၁၀၀ ကျော်တာကိုဆိုလိုပါတယ်။ပြေးလွှား တောင်တက် အားကစားလုပ်တဲ့အချိန် ဘောလုံးကန်တဲ့ အချိန်မျိုးမှာလဲ ၁၀၀ ကျော်တတ်ပေမယ့် ဒါဟာပုံမှန်ပါပဲ။ 👉ဘယ်လိုသိနိုင်မလဲ ❓အခု ကိုဗစ်ကာလတုန်းကတိုင်းတဲ့ spO2…