” ပူပြင်းတဲ့နွေရာသီမှာ ကလေးငယ်တွေအတွက် ဝတ်စားဆင်ယင်မှုနဲ့နေထိုင်မှုပုံစံအကြံပြုချက်များ ”

ဘယ်လိုမျိုးလေးတွေ ဝတ်ပေးသင့်သလဲ?

ကလေးငယ်သက်တောင့်သက်သာရှိစေမယ့် ချည်သားပါးပါးလေးတွေဟာ အသင့်တော်ဆုံးပါ။ပတ်ဝန်းကျင်အပူချိန်နဲ့လိုက်လျောညီထွေရှိမယ့် အဝတ်အစားမျိုးတွေဝတ်ဆင်ပေးရပါမယ်။အရောင်ဖျော့ဖျော့လေးတွေဟာ နွေရာသီမှာဝတ်ဆင်သင့်တဲ့အရောင်လေးတွေပါ။ဒါပေမယ့် ပတ်ဝန်းကျင်အပူချိန်ကိုလည်း ဂရုစိုက်ပါ။နေပူထဲထွက်ချိန်ဝတ်ထားတဲ့အဝတ်အစားနဲ့ Air con ခန်းထဲဝင်မယ်ဆိုရင်တော့ ကလေးငယ်ရဲ့အပူချိန်ကို မကြာမကြာစမ်းသပ်ပြီး လိုအပ်ရင်အကျီၤထပ်ဝတ်ပေးဖို့လိုပါလိမ့်မယ်။

လေဝင်လေထွက်ကောင်းအောင်ဂရုစိုက်ပါ။
ပြတင်းပေါက်တွေဖွင့်ထားပါ။နေရောင်သိပ်ရှိန်လွန်းတဲ့အခါမျိုးမှာ နေရောင်ကိုလိုက်ကာစတာမျိုးနဲ့ကာထားပြီး လျှပ်စစ်ပန်ကာရဲ့အကူအညီကိုယူနိုင်ပါတယ်။လေအေးအေးလေးဖြစ်အောင်ပန်ကာရဲ့ရှေ့မှာ ရေအေးဇလုံတစ်ခုကိုထားနိုင်ပါတယ်။

အိပ်ရာခင်းကလည်း အရေးကြီးပါတယ်။
ပိုးသား ဖဲသားအိပ်ရာခင်းလှလှတွေကိုမေ့လိုက်ပါ။
ချည်သားအိပ်ရာခင်းလေးတွေကအကောင်းဆုံးပါ။

ရေချိုးပေးပါ။
ကလေးငယ်ကို တစ်နေ့ကိုရေအေးအေးလေးနဲ့ ၂ ကြိမ်အနည်းဆုံးချိုးပေးသင့်ပါတယ်။

ရေခဲတုံးလေးတစ်တုံးကလည်း အထောက်အကူပြုစေပါတယ်။
ကလေးငယ်အိပ်တဲ့အခန်းမှာ ရေခဲတုံးကြီးကြီးတစ်တုံးကို ဇလုံထဲထည့်ထားပေးရင် လေထုကအေးမြနေမှာပါ။

ကလေးကိုဂျီမကျအောင်ထားပါ။
ကလေးငယ်စိတ်မကြည်ဘဲ ဂျီကျနေရင် ခန္ဓာကိုယ်အပူချိန်တက်လာတဲ့အတွက် ဂျီမကျအောင်ထားသင့်ပါတယ်။

အခန်းထဲမှာ သာမိုမီတာတစ်ချောင်းဆောင်ထားပါ။
ကလေးငယ်ရဲ့ ခန္ဓာကိုယ်ပူလားအေးလားမှန်းဆရခက်နေရင်သာမိုမီတာတစ်ချောင်းဆောင်ထားတာအကောင်းဆုံးပါပဲ။

အရည်များများတိုက်ပါ။
နို့စို့အရွယ်ကလေးဆိုရင်လည်း နို့မကြာခဏတိုက်ပေးပါ။နို့စို့အရွယ်မဟုတ်ရင်တော့ ရေ နဲ့သစ်သီးဖျော်ရည် နွားနို့တို့လိုမျိုး အရည်များများတိုက်ပေးပါ။

နေရောင်ကာလိမ်းဆေးကတော့ အသက် ၆လဆအာက်ကလေးတွေမှာ မလိမ်းပေးသင့်ပါဘူး။၆ လအထက်ကလေးတွေကိုလိမ်းပေးမယ်ဆိုရင်လည်း တည့်မတည့်အရင်စမ်းပြီးမှ လိမ်းပေးသင့်ပါတယ်။
SPF 15 မကျော်တဲ့ နေရောင်ကာလိမ်းဆေးမျိုးကိုအသုံးပြုပါ။

ဒေါက်တာပွင့်ဖြိုးကျော်
#mydoctor
#BridgingMyanmarToHealthierSociety

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…