mydoctor-top-telemedicine

အများပြည်သူသုံးအိမ်သာကိုဘယ်လိုသုံးမလဲ

အများသုံး သန့်စင်ခန်းတွေဟာ လူတန်းစားပေါင်းစုံ ဝင်ထွက်သွားလာကြပြီး အညစ်အကြေးစွန့်ပစ်ရာ နေရာ ဖြစ်နေတာကြောင့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်(စ်)ပိုးတွေ အများအပြား ပေါက်ဖွားရှင်သန်ကြတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် အများသုံးသန့်စင်ခန်း အသုံးပြုတဲ့ သူတွေအတွက် ရောဂါပိုးမွှားများ မကူးစက်အောင် လိုက်နာသင့်တဲ့ အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ အသန့်ရှင်းဆုံးလို့ ထင်ရတဲ့ အိမ်သာခန်းကို ရွေးချယ်ပါ။

အိမ်သာအခန်းလေးတွေ အများကြီးတန်းစီထားတဲ့ နေရာဖြစ်ရင် အသန့်ရှင်းဆုံးအခန်းကို ရွေးချယ်ဝင်ပါ။ အိမ်သာခုံဟာ ခြောက်သွေ့ပြီး အမှုန်အမွှားနဲ့ အညစ်အကြေးတွေ ကင်းစင်နေသင့်ပါတယ်။ အိမ်သာကျင်းဟာလည်းရေဆွဲချပြီး ဖြစ်နေသင့်ပါတယ်။ ရေအိမ်သုံး တစ်ရှူးစက္ကူ ရှိ၊ မရှိ စစ်ပါ။ ဘိုထိုင်အိမ်သာဖြစ်ပါက မိမိထိုင်ရမည့် အဝိုင်းကွင်းကို အရင်သုတ်သင်သန့်ရှင်းပြီးမှ ထိုင်ပါ။

၂။ အပေါ့၊ အလေးသွားပြီးတိုင်း ရေဆွဲချပါ / ရေလောင်းပါ။

ရေဆွဲချတဲ့အခါတိုင်း မမြင်နိုင်တဲ့ အမှုန်အမွှားနဲ့ ဘက်တီးရီးယားပိုးတွေဟာ မိမိကိုယ်ခန္ဓာကို လွင့်စင်လာနိုင်တယ်ဆိုတာ သတိထားပါ။ ရေဆွဲချတဲ့မောင်းတံနဲ့ အိမ်သာတံခါးတွေမှာလည်း မမြင်နိုင်တဲ့ ပိုးမွှားတွေ အမြောက်အများ ကပ်တွယ်နေတတ်ပါတယ်။ ဒါကြောင့် ရေဆွဲချတဲ့မောင်းတံ /ခလုတ်ကို တစ်ရှူးနဲ့ခံပြီး အသုံးပြုသင့်ပါတယ်။ ရေဆွဲချစဉ် မျက်နှာကို တခြားဖက်သို့ လှည့်ထားပါ။ အိမ်သာက ပြန်ထွက်တဲ့အခါ အိမ်သာတံခါးကိုဖွင့်ဖို့ စက္ကူ၊ တစ်ရှူးအသုံးပြုသင့်ပါတယ်။ ထို့နောက် ထိုစက္ကူ၊ တစ်ရှူးကို အမှိုက်ပုံးသို့ စနစ်တကျ စွန့်ပစ်ပါ။

၃။ အိမ်သာမှ ထွက်လာတဲ့ အချိန်တိုင်း လက်ဆေးပါ။

အပေါ့၊ အလေးသွားပြီးတဲ့ အချိန်တိုင်း လက်ကို စင်ကြယ်အောင် ဆေးကြောခြင်းဟာ ရောဂါပိုးမွှားတွေကို ကာကွယ်တဲ့ အရေးကြီးဆုံးအပိုင်းပဲ ဖြစ်ပါတယ်။ လက်ဆေးဆပ်ပြာသုံး၍ လက်များကို စင်ကြယ်အောင် စက္ကန့်၂၀ခန့် အချိန်ပေး၍ သန့်စင်သင့်ပါတယ်။

၄။ လက်ဆေးပြီးပါက ခြောက်သွေ့အောင်ထားပါ။

လက်အခြောက်ခံစက် (သို့) တစ်ရှူးကို အသုံးပြုပြီး ဆေးကြောပြီး လက်များကို ခြောက်သွေ့သင့်ပါတယ်။ သန့်စင်ပြီးလက်များကို ပိုးမွှားများထိတွေ့ခြင်းမှ ကာကွယ်ရန် အိမ်သာမှအပြင်သို့ ပြန်အထွက် တံခါးလက်ကိုင်ကို တစ်ရှူးခံ၍ ဖွင့်ပြီး ပြန်ထွက်ပါ။

၅။ ရေပြန်ဆေးချရန်မလိုတဲ့ hand sanitizer ဆောင်ထားပါ။

အချို့အများပြည်သူသုံး အိမ်သာတွေမှာ ရေပြတ်လပ်ခြင်း၊ ဆပ်ပြာပြတ်လပ်ခြင်း မကြာခဏ ကြုံရတတ်ပါတယ်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် အသုံးပြုရန် hand sanitizer နဲ့ တစ်ရှူးများ အရံသင့် ဆောင်ထားသင့်ပါတယ်။

Reference: wikihow.com

ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်

ပွင့်ရည်(ဆေး၂)
အမ်ားျပည္သူသံုးအိမ္သာကိုဘယ္လိုသံုးမလဲ

အမ်ားသံုး သန္​႔စင္​ခန္​း​ေတြဟာ လူတန္​းစား​ေပါင္​းစံု ဝင္​ထြက္​သြားလာၾကၿပိီး အညစ္​အ​ေၾကးစြန္​႔ပစ္​ရာ ​ေနရာ ျဖစ္​​ေနတာ​ေၾကာင္​့ ဘက္​တီးရီးယားနဲ႔ ဗိုင္​းရပ္​(စ္​)ပိုး​ေတြ အမ်ားအျပား ​ေပါက္​ဖြား႐ွင္​သန္​ၾကတဲ့ ​ေနရာျဖစ္​ပါတယ္​။ ဒါ​ေၾကာင္​့ အမ်ားသံုးသန္​႔စင္​ခန္​း အသံုးျပဳတဲ့ သူ​ေတြအတြက္​ ​ေရာဂါပိုးမႊားမ်ား မကူးစက္​​ေအာင္​ လိုက္​နာသင္​့တဲ့ အခ်က္​​ေလး​ေတြ ​ေဖာ္​ျပ​​ေပးလိုက္​ပါတယ္​။

၁။ အသန္​႔႐ွင္​းဆံုးလို႔ ထင္​ရတဲ့ အိမ္​သာခန္​းကို ​ေရြးခ်ယ္​ပါ။

အိမ္​သာအခန္​း​ေလး​ေတြ အမ်ားႀကီးတန္​းစီထားတဲ့ ​ေနရာျဖစ္​ရင္​ အသန႔္​႐ွင္​းဆံုးအခန္​းကို ​ေရြးခ်ယ္​ဝင္​ပါ။ အိမ္​သာခံုဟာ ​ေျခာက္​​ေသြ ့ၿပီး အမႈန္​အမႊားနဲ႔ အညစ္​အ​ေၾကး​ေတြ ကင္​းစင္​​ေနသင္​့ပါတယ္​။ အိမ္​သာက်င္​းဟာလည္​း​ေရဆြဲခ်ၿပီး ျဖစ္​​ေနသင္​့ပါတယ္​။ ​ေရအိမ္​သံုး တစ္​႐ွဴးစကၠဴ ရိွ၊ မရိွ စစ္​ပါ။ ဘိုထိုင္​အိမ္​သာျဖစ္​ပါက မိမိထိုင္​ရမည္​့ အဝိုင္​းကြင္​းကို အရင္​သုတ္​သင္​သန္​႔႐ွင္​းၿပီးမွ ထိုင္​ပါ။

၂။ အ​ေပါ့၊ ​အ​ေလးသြားၿပီးတိုင္​း ​ေရဆြဲခ်ပါ / ​ေရ​ေလာင္​းပါ။

​ေရဆြဲခ်တဲ့အခါတိုင္​း မျမင္​ႏိုင္​တဲ့ အမႈန္​အမႊားနဲ႔ ဘက္​တီးရီးယားပိုး​ေတြဟာ မိမိကိုယ္​ခနၶာကို လြင္​့စင္​လာႏိုင္​တယ္​ဆိုတာ သတိထားပါ။ ​ေရဆြဲခ်တဲ့​ေမာင္​းတံနဲ႔ အိမ္​သာတံခါး​ေတြမွာလည္​း မျမင္​ႏိုင္​တဲ့ ပိုးမႊား​ေတြ အ​ေျမာက္​အမ်ား ကပ္​တြယ္​​ေနတတ္​ပါတယ္​။ ဒါ​ေၾကာင္​့ ​ေရဆြဲခ်တဲ့​ေမာင္​းတံ /ခလုတ္​ကို တစ္​႐ွဴးနဲ႔ခံၿပီး အသံုးျပဳသင္​့ပါတယ္​။ ​ေရဆြဲခ်စဥ္​ မ်က္​ႏွာကို တျခားဖက္​သို႔ လွည္​့ထားပါ။ အိမ္​သာက ျပန္​ထြက္​တဲ့အခါ အိမ္​သာတံခါးကိုဖြင္​့ဖို႔ စကၠဴ၊ တစ္​႐ွဴးအသံုးျပဳသင္​့ပါတယ္​။ ထို႔​ေနာက္​ ထိုစကၠဴ၊ တစ္​႐ွဴးကို အမိႈက္​ပံုးသို႔ စနစ္​တက် စြန္​႔ပစ္​ပါ။

၃။ အိမ္​သာမွ ထြက္​လာတဲ့ အခ်ိန္​တိုင္​း လက္​​ေဆးပါ။

အ​ေပါ့၊ ​အ​ေလးသြားၿပီးတဲ့ အခ်ိန္​တိုင္​း လက္​ကို စင္​ၾကယ္​​ေအာင္​ ​ေဆး​ေၾကာျခင္​းဟာ ​ေရာဂါပိုးမႊား​ေတြကို ကာကြယ္​တဲ့ အ​ေရးႀကီးဆံုးအပိုင္​းပဲ ျဖစ္​ပါတယ္​။ လက္​​ေဆးဆပ္​ျပာသံုး၍ လက္​မ်ားကို စင္​ၾကယ္​​ေအာင္​ စကၠန္​႔၂၀ခန္​႔ အခ်ိန္​​ေပး၍ သန္​႔စင္​သင္​့ပါတယ္​။

၄။ လက္​​ေဆးၿပီးပါက ​ေျခာက္​​ေသြ ့​ေအာင္​ထားပါ။

လက္​အ​ေျခာက္​ခံစက္​ (သို႔) တစ္​႐ွဴးကို အသံုးျပဳၿပီး ​ေဆး​ေၾကာၿပီး လက္​မ်ားကို ​ေျခာက္​​ေသြ ့သင္​့ပါတယ္​။ သန္​့စင္​ၿပီးလက္​မ်ားကို ပိုးမႊားမ်ားထိ​ေတြ႔ျခင္​းမွ ကာကြယ္​ရန္​ အိမ္​သာမွအျပင္​သို႔ ျပန္​အထြက္​ တံခါးလက္​ကိုင္​ကို တစ္​႐ွဴးခံ၍ ဖြင္​့ၿပီး ျပန္​ထြက္​ပါ။

၅။ ​ေရျပန္​​ေဆးခ်ရန္​မလိုတဲ့ hand sanitizer ​ေဆာင္​ထားပါ။

အခ်ိဳ႕အမ်ားျပည္​သူသံုး အိမ္​သာ​ေတြမွာ ​ေရျပတ္​လပ္​ျခင္​း၊ ဆပ္​ျပာျပတ္​လပ္​ျခင္​း မၾကာခဏ ၾကံဳရတတ္​ပါတယ္​။ ထိုကဲ့သို႔ အ​ေျခအ​ေနမ်ိဳးတြင္​ အသံုးျပဳရန္​ hand sanitizer နဲ႔ တစ္​႐ွဴးမ်ား အရံသင္​့ ​ေဆာင္​ထားသင္​့ပါတယ္​။

Reference: wikihow.com

က်န္​းမာလွပ​ေသာ ဘဝတစ္​ခု ပိုင္​ဆိုင္​​ေစရန္​ ရည္​ရြယ္​လ်က္​

ပြင္​့ရည္​(​ေဆး၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *