All Articlesအခြားရောဂါများအထွေထွေရောဂါများ

ပါရာစီတမောကို ဘယ်လိုအခြေအနေမှာသောက်လဲ? ဘယ်လောက်ပမာဏသောက်မလဲ?

1 Mins read

ပါရာစီတမောကို ဘယ်လိုအခြေအနေမှာသောက်လဲ? ဘယ်လောက်ပမာဏသောက်မလဲ?

ပါရာစီတမော(acetaminophen)ကတော့ လူတိုင်းသိပြီးသားဖြစ်တဲ့ ဖျားနာသက်သာဆေးဖြစ်ပါတယ်။ဖျားတဲ့နာတဲ့အခါမှာသောက်ကြလေ့ရှိပေမယ့် မည်သို့မည်ပုံသောက်ရမည်ကိုသေချာမကွဲပြားသလို၊မည်သည့်ပမာဏသောက်ရမလဲဆိုတာကိုလဲ ဂဃဏန မသိကြသူတွေရှိပါတယ်။ဒါ့ကြောင့် ပါရာစီတမောကို ဘယ်လိုအခြေအနေမှာသောက်မလဲ၊ဘယ်လောက်ပမာဏသောက်မလဲဆိုတာရှင်းလင်းသွားအောင်ပြောပြလိုက်ရပါတယ်။

ပါရာစီတမောကို ဘယ်လိုအခြေအနေမှာသောက်လဲ???

၁)ဖျားနာခြင်း။

-ပါရာစီတမောဟာ ရောဂါရင်းမြစ်ကိုမသက်သာစေနိုင်ပေမယ့် ရောဂါကြောင့်ဖြစ်သောဖျားနာခြင်းကိုတော့ သက်သာစေနိုင်ပါတယ်။

၂)ခေါင်းကိုက်ခြင်း။

-သာမန်ခေါင်းကိုက်ခြင်း၊ဖျားနာ၍ခေါင်းကိုက်ခြင်းသာမက ခေါင်းတစ်ခြမ်းကိုက်ရောဂါမှာပါ ပါရာစီတမောကိုအသုံးပြုနိုင်ပါတယ်။

၃)ကြွက်သားများနာကျင်ကိုက်ခဲခြင်း။

-အလွန်အမင်းမပြင်းထန်သော ကြွက်သားနာကျင်ခြင်းများမှာ ပါရာစီတမောကိုအသုံးပြုနိုင်ပါတယ်။

၄)အရိုးအဆစ်များနာကျင်ကိုက်ခဲခြင်း။

-အလယ်အလတ်ထက်မပိုသော အရိုးအဆစ်နာကျင်ကိုက်ခဲခြင်းတွေမှာ ၎င်းကိုသောက်သုံးနိုင်ပါတယ်။

၅)ဓမ္မတာလာစဉ် ကိုက်ခဲခြင်း။

-အမျိုးသမီးများ ရာသီလာစဉ်ကိုက်ခဲခြင်းကိုလဲသက်သာစေနိုင်ပါတယ်။

၆)ကာကွယ်ဆေးထိုးပြီးဖျားနာခြင်း။

-ကလေး/လူကြီးမရွေး ဖြစ်တတ်တဲ့ ကာကွယ်ဆေးထိုးပြီးနောက် ဖျားနာခြင်းကိုလဲသက်သာစေနိုင်ပါတယ်။

ဘယ်လောက်ပမာဏသောက်မလဲ???

ကိုက်ခဲဖျားနာခြင်းများအတွက်-

က)လူကြီးများ။

-တစ်ရက်လျှင် ၅၀၀(သို့)၇၅၀ မီလီဂရမ်ကို (၆)နာရီခြားတစ်ကြိမ်သောက်နိုင်ပါတယ်။

-၂၄နာရီအတွင်း ၄၀၀၀မီလီဂရမ်ထက် ပိုမသောက်သင့်ပါ။

ခ)ကလေးများ။

-ကလေးအလေးချိန်(ကီလို)ကို ၁၅နှင့်မြှောက်လျှင် တစ်ကြိမ်စာဆေးပမာဏရပြီဖြစ်ပါတယ်။

-(၆)နာရီခြားတစ်ကြိမ် တိုက်နိုင်ပြီး တစ်ရက်လျှင် ၅ကြိမ်ထက်တော့ ပိုမသောက်သင့်ပါဘူး။

ပါရာစီတမောကို အထာကျကျသောက်တတ်သွားပြီထင်ပါတယ်။

နာကျင်ဖျားနာခြင်း ကင်းဝေးနိုင်ကြပါစေ။

dr.ye’lwin mm

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…