ကလေးငယ်နဲ့အတူ သင်္ကြန်ရေကစားရာဝယ်
သင်္ကြန်ရေကစားတယ်ဆိုတဲ့နေရာမှာ အိမ်ရှေ့ထွက်ပြီးရေပက်တာလည်းပါသလို ကားပေါ်ရေပက်ခံထွက်လည်
တာလည်းပါပါတယ်။
ကလေးဟာ အိမ်ရှေ့မှာရေထွက်ကစားမယ်ဆိုရင်တော့
_ ကလေးကို ရေစိုရင် အကျီၤ မကြာခဏလဲပေးပါ။
_ ချော်မလဲစေရန် ကြိုးသိုင်း ဖိနပ်လေးစီးထားပေးပါ။
_ ကလေးကို သင်္ကြန်လည်တဲ့ ကားတွေအန္တရာယ်မှကင်းဝေးအောင် ဂရုတစိုက်စောင့်ကြည့်ပေးပါ။
သင်္ကြန်လည်ဖို့ကလေးကိုပါခေါ်သွားမယ်ဆိုရင် ကလေးငယ်ဟာ အသက်မငယ်လွန်းသင့်ပါဘူး။
ကလေးငယ်ဟာ လူစုလူဝေးထဲကို သွားရမှာမို့ မိဘမျက်စိအောက်က အပျောက်မခံပါနဲ့။
သင်္ကြန်မလည်ခင် ကလေးဟာ ကျန်းမာရေး ကောင်းနေသင့်ပါတယ်။ မဟုတ်ရင် နာရီအတော်ကြာ
ရေစိုမှာကြောင့် ကလေးအအေးပတ်နိုင်ပါတယ်။ ဖြစ်နိုင်ရင် အဝတ်အပို၊ သဘက်အထူ၊ မိုးကားစသည်တို့
ယူသွားပေးပါ။
ကလေးကို အဆာပြေ ဝယ် ကျွေးမယ်ဆိုရင် သန့်ရှင်းလတ်ဆက်တဲ့အစားအစာကိုရွေးချယ်ပေးပါ။
မဟုတ်ရင် ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်ပါတယ်။
ရေပက်ခံထွက်စဉ်လည်း ကလေးငယ်ရဲ့ မျက်လုံး၊ နား တို့ကို ရေကြောင့် ထိခိုက်မှုမဖြစ်စေရန် ဂရုစိုက်ပေးပါ။
ကလေးငယ်တွေရဲ့ နား၊မျက်စိဟာ ထိခိုက်လွယ်တာကြောင့်ဖြစ်ပါတယ်။
ကလေးငယ်ကို နေရောင်ကာ ခရမ် သို့ lotion လိမ်းပေးပါ။
ကလေးကို ထိခိုက်ဒဏ်ရာရခြင်းကင်းဝေးအောင် မသွားသင့်၊ မလုပ်သင့်သည်များကြိုမှာထားပေးပါ။
ကလေးနဲ့ပတ်သက်လို့ တော်တော်များများဟာ သိထားပြီးဖြစ်မှာပါ ။
ဒါပေမယ့် လိုအပ်ခဲ့သည်များကို ကြို ပြင်ဆင်ထားလို့ရစေရန် တင်ပြလိုက်ခြင်းဖြစ်ပါတယ်။
မယ်တင်( ဆေး ၁)
တာလည်းပါပါတယ်။
_ ကလေးကို ရေစိုရင် အကျီင်္ မကြာခဏလဲပေးပါ။
ယူသွားပေးပါ။
မယ်တင်( ဆေး ၁)