မွေးကင်းစ ကလေးရဲ့ တကိုယ်ရည် သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်မလဲ
ရင်သွေးလေးတစ်ဦးမွေးဖွားလာသည်နှင့် သန့်ရှင်းရေးတွေဖြစ်တဲ့ ရေချိုးခြင်း ၊ အနှီးလဲခြင်း ၊ သေးခံလဲခြင်း အစရှိသည်တို့ဟာ ကလေးတစ်ဦးရဲ့ ကျန်းမာရေးအတွက် အရေးကြီးပါတယ် ။
(၁) ရေချိုးပေးခြင်းနှင့် အရေပြားသန့်ရှင်းရေး
မွေးကာစ ကလေးသေးသေးလေးတွေကို ရေချိုးပေးရခြင်းဟာ အသစ်စက်စက် မိဘတွေအတွက်တော့လအသည်းယားစရာပါ ။ ဒါပေမယ့် ညွှန်ကြားချက်တွေအတိုင်း တိတိကျကျလိုက်နာပေးမယ်ဆိုပါက သက်တောင့်သက်သာ လွယ်လွယ်ကူကူရှိတာကိုတွေ့မြင်ရမှာပါ ။
– မွေးကင်းစ ကလေးငယ်တွေကို တစ်ပတ်မှာ တစ်ကြိမ် နှစ်ကြိမ်ထက်ပိုပြီး ရေမချိုးပေးသင့်ပါဘူး ။ အကြိမ်များများရေချိုးခြင်းဟာ ကလေးငယ်ရဲ့ အရေပြားကို ခြောက်စေပါတယ်
– သင့်ကလေးငယ်ရဲ့ချက်ကြိုးမကြွေသေးမခြင်း ရေမချိုးပေးသင့်သေးပါဘူး ။ သင့်အနေနဲ့ နူးညံ့တဲ့ အဝတ်တစ်ခုကို ရေနဲ့ကလေးဆပ်ပြာတစ်ခုခုသုံးပြီး ရေပတ်တိုက်ခြင်းမျိုးသာလုပ်ဆောင်သင့်ပါတယ်
– ရေချိုးပေးနေစဉ်မှာ တစ်စက္ကန့်လေးတောင်မှ သင့်ကလေးအပါးက မခွာပါနဲ့
ရေချိုးပေးနေစဉ်အတွင်းမှာလဲ လိုအပ်တဲ့ ပစ္စည်း ပစ္စယတွေအကုန် လက်လှမ်းမီတဲ့နေရာမှာ ရှိနေပါစေ ။
သန့်ရှင်းရေးလုပ်ပုံ အဆင့်ဆင့်
* ပထမဆုံးကလေးငယ်ရဲ့မျက်နှာကို ရေနွေးနွေးလေးနဲ့သန့်စင်ပေးပါ
* ထို့နောက် ကလေးမျက်လုံးထောင့်တွေက မျက်ချေးများကို နှာခေါင်းနားမှ အပြင်ဘက်သို ဖြည်းညင်း ညှင်သာစွာ ဆွဲပြီး သန့်ရှင်းရေးလုပ်ပေးပါ
* ကလေးရဲ့ နားနဲ့နှာခေါင်းပိုင်းကို သန့်ရှင်းပေးတဲ့အခါ အပြင်ဘက်နေရာကိုပဲ သန့်ရှင်းရေးလုပ်ပေးပါ ။ နားကြပ်တံ ဂွမ်းတံများ အသုံးပြု၍ အထဲပိုင်းကို သန့်ရှင်းရေးမလုပ်ရပါ
* ထို့နောက် ကလေးငယ်တစ်ကိုယ်လုံးကို ဆပ်ပြာ အပျော့စားတစ်ခုခုအသုံးပြု၍ ဆပ်ပြာတိုက်ပြီး ရေနွေးနွေးဖြင့် ရေချိုးပေးပါ ။
* သေးခံနေရာကို နောက်ဆုံးမှ ဆေးပေးပါ ပေါင်ကြား ချိုင်းကြားမကျန် သေချာဆေးပေးပါ
* မိန်းကလေးဆိုပါက မိန်းမကိုယ်နေရာကိုပါ သေချာဆေးကြော သန့်စင်ပေးပါ
* အကြိုအကြားနေရာများကို သန့်ရှင်းရေးလုပ်ပေးပါက ပျော့ပြောင်း နူးညံ့သောအဝတ်နှင့်ရေကိုသာ အသုံးပြုပြီး ဖြည်းဖြည်းနှင့် ညင်ညင်သာသာ သန့်စင်ပေးပါ
* ရေချိုးပြီးပါက သန့်စင်သော တဘက်ဖြင့်လခြောက်အောင်သုတ်ပေးပါ
* ခေါင်းကို သေချာခြောက်အောင်သုတ်ပေးပြီး ခေါင်းသေချာဖီးသင်ပေးပါ
* ဆီမွှေးများ တခြားလိုးရှင်းများ လူးပေးခြင်းမှ ရှောင်ကြဉ်ပါ ။ ဒီအချိန်ကလေးငယ်များရဲ့ အရေပြားဟာ အလွန်နုပြီး အထိအခိုက်မခံတဲ့အတွက် ရှောင်ကြဉ်ရန် အထူးလိုအပ်ပါတယ် ။
(၂) ခြေသည်း လက်သည်း ညှပ်ခြင်း
– လှုပ်ရှားနေတဲ့ကလေးငယ်ရဲ့လက်တွေက သူ့မျက်နှာအပါအဝင် တခြားခန္ဓာကိုယ်နေရာများကိုပါ မကုတ်ခြစ်မိ စေရန်အတွက် ပုံမှန် လက်သည်းညှပ်ပေးရန်လိုပါတယ် ။ လက်သည်းစွန်းတွေ ရှည်လာပြီ ဆိုသည်နှင့် ကလေးလက်သည်းညှပ်လေးများဖြင့် ညှပ်ပေးသင့်ပါပြီ ။
– လက်သည်းညှပ်ပေးတဲ့အခါ အရေပြားကို လက်သည်းညှပ်ရဲ့ ဆန့်ကျင်ဘက်ကို ဆွဲထားပြီး တဖြောင့်တည်း ညှပ်ပေးပါ ။
– ရေချိုးပြီးကာလတွေမှာ ရေကြောင့် လက်သည်းတွေပျော့ပြောင်းနေတဲ့အတွက် ထိုအချိန်ဟာ လက်သည်းညှပ်ပေးဖို့ အသင့်လျော်ဆုံးပါပဲ
– ဒါမှမဟုတ် သင့်ကလေး အိပ်စက်နေချိန်ဟာလဲ အချိန်ကောင်းပါပဲ
(၃) သေးခံလဲပေးခြင်း
– သင့်အနေနဲ့ wet tissues baby wipes အစရှိတာတွေကို အသုံးပြုနိုင်ပါတယ်
– သေးခံကို ဖယ်ပြီး သေး ဝမ်း တွေကို သေချာဖယ်ရှားသန့်စင်ပါ
– ထို့နောက် သေးခံနေရာကို သေချာအခြောက်ခံပါ
– သေးခံအသစ်တစ်ခုလဲပေးပါ
– အကယ်၍ သေးခံလောင်တဲ့ အနီကွက်တွေထွက်လာပါက ဖြည်းဖြည်းနှင့် ညင်ညင်သာသာ ဖယ်ပါ ။ ထို့နောက် ကလေးသေးလောင်နာတွေအတွက် ထုတ်ထားသော လိုးရှင်း ခရင်မ်ထူထူကို လိမ်းပေးပြီးမှ အပေါ်က ထပ်ဝတ်ပေးပါ ။
အားလုံးကျန်းမာကြပါစေ
ဒေါက်ပီ