ဂျိုင်းချွေးနံ့တော့ မနံစေလို။
နွေရာသီလည်းရောက်လာပြီမို့ချွေးလည်းပိုထွက်လာတတ်သလိုကိုယ်နံ့တွေလည်းပြင်းထန်လာတတ်ပါတယ်။
လူကြားထဲသွားနေချိန်မိမိကိုယ်ကိုယုံကြည်မှုရှိနေဖို့ဆို ရင်မိမိဂျိုင်းချွေးနံ့ကိုမေ့ထားနိုင်မှအဆင်ပြေနိုင်မှာပါ။
ဂျိုင်းချွေးနံ့ဘာကြောင့်နံရတာလဲ?
တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာကြောင်ွဖြစ်နိုင်သလို ချွေးအရမ်းထွက်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ထွက်လာတဲ့ချွေးတွေဟာ ကိုယ်ပေါ်မှာရှိတဲ့ ဘက်တီးရီးယားလေးတွေနဲ့ပေါင်းပြီးအနံ့ဆိုးတွေထွက်လာတတ်ပါတယ်။
ဘယ်သူမှ ဂျိုင်းချွေးနံ့ထွက်တာကိုလိုချင်မှာမဟုတ်ပါဘူးနော်။
ဒါတွေပျောက်ဖို့ဆိုရင်တော့ ဒီနည်းလမ်းလေးတွေလိုက်လုပ်ကြည့်ကြပါ။
အဝတ်အစားရွေးချယ်ဝတ်ပါ
အရောင်ဖျော့တဲ့ ချည်သားပါတဲ့အကျီၤပွပွလေးတွေဝတ်မယ်ဆိုရင်လေဝင်လေထွက်ကောင်းလို့ ချွေးထွက်တာသက်သာစေမှာပါ။
အစားအစာရွေးချယ်စားသုံးပါ
စားသင့်တာတွေက အသီးအနှံတွေ ဗီတာမင် B နဲ့ သွပ်( zinc) ဓာတ်ဖြစ်ပါတယ်။ မစားသင့်တာက အနံ့ပြင်းတဲ့ ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ ဖြစ်ပါတယ်။
ကော်ဖီကတော့သောက်တာများရင် ချွေးထွက်များစေတာမို့ကော်ဖီတော့လျှော့သင့်ပါတယ်။
ဂျိုင်း ဆဲလ်သေဖယ်ရှားပေးပါ
ဆဲလ်သေတွေက ချွေးနံ့ကိုပိုမိုပြင်းထန်စေပါတယ်။
ဆဲလ်သေတွေကို Scrub သုံးပြီး ( ဥပမာ_ Scrub ဆားအမှုန့်ပွတ်၍ဖြစ်စေ)
ဖယ်ရှားပေးမယ်ဆိုရင် ဂျိုင်းချွေးနံ့သက်သာစေမှာပါ။
_ Talcum powder သုံးပေးပါ။
နေ့လယ်ချိန်တွေမှာတော့ Talcum ပါတဲ့ ပေါင်ဒါရွေးပြီး ဂျိုင်းကိုပါလိမ်း
ပေးနိုင်ပါတယ်။
ဒါဆို အပေါ်ကနည်းလေးတွေလုပ်ကြည့်ပြီး လူကြားထဲ ယုံကြည်မှုရှိရှိသွားကြပါစို့လား။
မယ်တင်( ဆေး ၁)
ဂ်ိဳင္းေခၽြးနံ႔ေတာ့ မနံေစလို။
ေႏြရာသီလည္းေရာက္လာၿပီမို႔ေခၽြးလည္းပိုထြက္လာတတ္သလိုကိုယ္နံ႔ေတြလည္းျပင္းထန္လာတတ္ပါတယ္။
လူၾကားထဲသြားေနခ်ိန္မိမိကိုယ္ကိုယံုၾကည္မႈရွိေနဖို႔ဆို ရင္မိမိဂ်ိဳင္းေခၽြးနံ႔ကိုေမ့ထားႏိုင္မွအဆင္ေျပႏိုင္မွာပါ။
ဂ်ိဳင္းေခၽြးနံ႔ဘာေၾကာင့္နံရတာလဲ?
တစ္ကိုယ္ေရသန္႔ရွင္းမႈအားနည္းတာေၾကာင္ြျဖစ္ႏိုင္သလို ေခၽြးအရမ္းထြက္တာေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။ ထြက္လာတဲ့ေခၽြးေတြဟာ ကိုယ္ေပၚမွာရွိတဲ့ ဘက္တီးရီးယားေလးေတြနဲ႔ေပါင္းၿပီးအနံ႔ဆိုးေတြထြက္လာတတ္ပါတယ္။
ဘယ္သူမွ ဂ်ိဳင္းေခၽြးနံ႔ထြက္တာကိုလိုခ်င္မွာမဟုတ္ပါဘူးေနာ္။
ဒါေတြေပ်ာက္ဖို႔ဆိုရင္ေတာ့ ဒီနည္းလမ္းေလးေတြလိုက္လုပ္ၾကည့္ၾကပါ။
အဝတ္အစားေရြးခ်ယ္ဝတ္ပါ
အေရာင္ေဖ်ာ့တဲ့ ခ်ည္သားပါတဲ့အက်ီၤပြပြေလးေတြဝတ္မယ္ဆိုရင္ေလဝင္ေလထြက္ေကာင္းလို႔ ေခၽြးထြက္တာသက္သာေစမွာပါ။
အစားအစာေရြးခ်ယ္စားသံုးပါ
စားသင့္တာေတြက အသီးအႏွံေတြ ဗီတာမင္ B နဲ႔ သြပ္( zinc) ဓာတ္ျဖစ္ပါတယ္။ မစားသင့္တာက အနံ႔ျပင္းတဲ့ ၾကက္သြန္ျဖဴ၊ၾကက္သြန္နီ၊ ျဖစ္ပါတယ္။
ေကာ္ဖီကေတာ့ေသာက္တာမ်ားရင္ ေခၽြးထြက္မ်ားေစတာမို႔ေကာ္ဖီေတာ့ေလၽွာ့သင့္ပါတယ္။
ဂ်ိဳင္း ဆဲလ္ေသဖယ္ရွားေပးပါ
ဆဲလ္ေသေတြက ေခၽြးနံ႔ကိုပိုမိုျပင္းထန္ေစပါတယ္။
ဆဲလ္ေသေတြကို Scrub သံုးၿပီး ( ဥပမာ_ Scrub ဆားအမႈန္႔ပြတ္၍ျဖစ္ေစ)
ဖယ္ရွားေပးမယ္ဆိုရင္ ဂ်ိဳင္းေခၽြးနံ႔သက္သာေစမွာပါ။
_ Talcum powder သံုးေပးပါ။
ေန႔လယ္ခ်ိန္ေတြမွာေတာ့ Talcum ပါတဲ့ ေပါင္ဒါေရြးၿပီး ဂ်ိဳင္းကိုပါလိမ္း
ေပးႏိုင္ပါတယ္။
ဒါဆို အေပၚကနည္းေလးေတြလုပ္ၾကည့္ၿပီး လူၾကားထဲ ယံုၾကည္မႈရွိရွိသြားၾကပါစို႔လား။
မယ္တင္( ေဆး ၁)