အကြောပြတ်ခြင်းကို ဘယ်လိုဖြေရှင်းမှာလဲ?

အကြောပြတ်ခြင်းကိုဘယ်လိုဖြေရှင်းမှာလဲဆိုတာ မပြောခင် အကြောပြတ်ခြင်းဟာဘာလဲဆိုတာ အရင်ပြောပြပါ့မယ်။

အကြောပြတ်ခြင်းဆိုတာ ဘာလဲ?

အကြောပြတ်တယ်ဆိုပေမယ့် တကယ်ကအကြောရယ်တော့မဟုတ်ပါဘူး။လူ့ခန္ဓာကိုယ်မှာ အရေပြားရဲ့အောက်ခြေကနေပြီးမှ အရေပြားရဲ့တင်းအား(Elasticity)ကို ထောက်ပံပေးထားတဲ့ တစ်သျှူးလေးတွေ(collage and elastin)ရှိပါတယ်။၎င်းတို့ဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ အရွယ်အစားကြီးထွားလာတာနဲ့အမျှ ဆက်တိုက်ဖြစ်လာတဲ့ ဆွဲဆန့်တဲ့ဒဏ်(tension)ကြောင့် ပြတ်ထွက်ပြီး ပြတ်ရာကြောင်းလေးတွေ ပေါ်လာတတ်ပါတယ်။ဒါကိုပဲ အကြောပြတ်တယ်ခေါ်ကြတာပါ။ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်မိခင်၊ဆယ်ကျော်သက်၊ကိုယ်အလေးချိန် အတက်အကျမြန်ခြင်း၊အဝလွန်သူတွေနဲ့ အားကစားသမား(ဥပမာ-အလေးမအားကစားသမား)တွေမှာ တွေ့ရတတ်ပါတယ်။

အခြားဘယ်လိုအခြေအနေတွေမှာ တွေ့ရတတ်သေးလဲ?

အယောင်အယမ်းကျ ခန္ဓာကိုယ်ကြီးထွားဟော်မုန်း(corticosteroids)လိမ်း/သောက်/ထိုးဆေး ရေရှည်သုံးစွဲတဲ့လူတွေ၊ဟော်မုန်းဆိုင်ရာရောဂါအချို့(ဥပမာ-Cushing syndrome)လိုရောဂါမျိုးတွေ၊အချို့ မျိုးရိုးလိုက်တာတွေလဲ ရှိတတ်ပါတယ်။

ဘယ်လောက်ထိ ဖြစ်ပွားလေ့ရှိသလဲ?

ကိုယ်ဝန်ဆောင်မိခင် ၉၀% နီးပါး၊ ဆယ်ကျော်သက်မိန်းကလေး ၇၀% ၊ ဆယ်ကျော်သက်ယောကျာ်းလေး ၄၀% (အားကစား လိုက်စားသူအများစု) မှာ တွေ့ရတတ်ပါတယ်။

ဘယ်လိုလူတွေမှာ ပိုဖြစ်တတ်သလဲ?

လူမျိုးစုမရွေး ဖြစ်တတ်ပါတယ်။မိန်းကလေးတွေမှာ ပိုတွေ့ရတတ်ပြီး ဆယ်ကျော်သက်အရွယ်၊ကိုယ်ဝန်ဆောင်မိခင်တွေမှာ အတွေ့များပါတယ်။

ဘယ်လိုနေရာတွေမှာ ဖြစ်တတ်သလဲ?

ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ ဝမ်းဗိုက်၊ရင်သားနဲ့တင်ပါး၊ပေါင်တွေမှာ အတွေ့များပါတယ်။

ဆယ်ကျော်သက်တွေအနေနဲ့ ပေါင်တွေတင်ပါးတွေလက်မောင်းတွေမှာ တွေ့ရတတ်ပြီး အားကစားသမားတွေမှာတော့ ပခုံး၊လက်မောင်း၊ပေါင်တို့မှာ တွေ့ရလေ့ရှိပါတယ်။

ဘာဆိုးကျိုးနဲ့ဖြစ်စဉ်တွေရှိမလဲ?

တစ်ခါတစ်ရံ ယားတတ်တာရယ် အလှအပကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရတာရယ်ကလွဲလို့ အခြားကြီးကြီးမားမားပြဿနာ မရှိပါဘူး။

ဘယ်လိုသက်သာအောင် ကုသမလဲ?

ကုသဖို့ဆိုတဲ့အခါမှာ သူ့ရဲ့အစောပိုင်းအဆင့်ဖြစ်တဲ့ အစင်းကြောင်းအနီရောင်အဆင့်(striae rubra)မှာကပိုပြီး ထိရောက်ပါတယ်။နောက်ပိုင်းအဆင့်ဖြစ်တဲ့ အဖြူရောင်အဆင့်(striae alba)မှာကျတော့ ထိရောက်မှုနည်းသွားပြီး ကုသဖို့လဲခက်ပါတယ်။

ကုသနိုင်တဲ့နည်းလမ်းလေးတွေကတော့-

၁)ခန္ဓာကိုယ်အလေးချိန်အတက်အကျ ဂရုစိုက်ပါ။အလေးချိန် အတက်အကျမြန်တဲ့အခါမှာ အကြောပြတ်တာတွေ ပိုဖြစ်တတ်တာကြောင့် ကိုယ်အလေးချိန်ကိုစနစ်တကျ ထိန်းသိမ်းဖို့လိုပါတယ်။

၂)Moisturize လုပ်ပါ။ Moisturizerလိမ်းခြင်းဟာ အသားအရေစိုပြေစေပြီး ယားယံခြင်းကိုသက်သာစေသလို အကြောပြတ်ခြင်းကိုလဲ သက်သာစေပါတယ်။မနက်တစ်ကြိမ် ညတစ်ကြိမ်လိမ်းပေးနိုင်ပါတယ်။

၃)Vitamin C ၊ ဇင့်ဓါတ် ပေါကြွယ်ဝသော အစာများကိုစားပါ။ဗီတာမင် စီ ဟာအရေပြားအတွက်ကောင်းမွန်စေရုံမက အကြောပြတ်တာလေးတွေကိုလည်း သက်သာစေနိုင်သလို ဇင့်ဓါတ်ဟာလဲ အရေပြားကျန်းမာရေးကိုအထူးကောင်းမွန်စေပါတယ်။

၄)ရေများများသောက်ပေးပါ။ ရေဟာအရေပြားရဲ့အစိုဓါတ်ကိုထိန်းသိမ်းပေးပြီး အရေပြားနူးညံ့စေတာကြောင့် အကြောပြတ်ခြင်းကို အထိုက်အလျောက်သက်သာစေပါတယ်၊၊

၅)အရေပြားဆရာဝန်နှင့်ပြသခြင်း။အထက်ဖော်ပြပါ ကုသနည်းများနဲ့မသက်သာပါက အရေပြားအထူးကုနဲ့တိုင်ပင်ပြသပြီး လေဆာပစ်တာတို့ Tretinoinတို့လိုဆေးတွေနဲ့ ကုသတာတို့ လုပ်နိုင်ပေမယ့် ကိုယ်ဝန်ဆောင်စဉ်တွင်အခါမှာတော့ ဤနည်းများဖြင့်ကုသ၍မရနိုင်ပါ။

အားလုံးပဲ အကြောပြတ်ခြင်းကင်းရှင်းပြီး ချောမွေ့စိုပြေတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

drye’lwin

Related posts
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံအသည်းအားဆေးများ

အရက် ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေမှာ ဝှက်ဖဲရှိနေလား ?

1 Mins read
လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

သရက်သီးဆားရေစိမ် ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

1 Mins read
သရက်သီးဆားရေစိမ် ဟာ ထမင်းမြိန်စေတဲ့ မြန်မာ့ရိုးရာ တို့စရာတစ်မျိုးပါ။ ဒါပေမယ့် သရက်သီးစဆားရေစိမ်စားခြင်းဟာတကယ်ပဲကျန်မာရေးနဲ့ညီညွတ်သလား ? အကျိုးကျေးဇူးတွေရောရှိနေမလားဆိုတာလေ့လာကြည့်လိုက်ရအောင် သရက်သီးဆားရေစိမ်ဟာ Probiotics ကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ ဒါကြောင့်သရက်သီးဆားရေစိမ်ကိုစားချင်းအားဖြင့် ဝမ်းချုပ်ခြင်းကင်းကာ ဝမ်းမှန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်များစွာအကျိုးကျေးဇူးရှိပါတယ်။ သရက်သီးဆားရေစိမ် ဟာ ဗီတာမင် C နှင့် Antioxidant…
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…