နွေရာသီ Beach မသွားရဲဘူးဆိုတဲ့ မိန်းကလေးများအတွက်
Beach သွားတယ်ဆိုတာ ပျော်စရာကြီးပါ။ ဒါပေမယ့်အဲ့ဒါရဲ့နောက်ကွယ်မှာ နေပူတယ်၊ အသားမဲမှာကြောက်တယ်။ အသားရေပျက်စီးမှာကြောက်တယ်ဆိုပြီးမိန်းက လေးတော်တော်များများကြောက်တတ်ကြပါတယ်။
အဲ့အတွက် Beach သွားပြီးကောင်းကောင်းပျော်ပါ။
ပြန်လာရင်အသားအရေပြန်ထိန်းသိမ်းနိုင်မယ့် အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။
၁) မဖြစ်ခင်ကြိုတင်ကာကွယ်ဆိုသလို ကမ်းခြေရောက်နေစဉ်အပြင်ထွက်မယ့်အချိန် တိုင်း SPF ပါတဲ့ Sun block လိမ်းသင့်ပါတယ်။
၂) ပြန်လာရင်တော့ အရင်ဆုံး ပျက်စီးသွားတဲ့အရေပြားအပေါ်လွှာဆဲလ်သေဖယ်ရှားဖို့Exfoliate ( ဆဲလ်သေဖယ်ရှား) ပေးပါ။ ဒီလိုလုပ်ခြင်းဟာ အရေပြားကို အသက်ရှုဝစေပါတယ်။
၃)ရေပုံမှန်ထက်ပိုသောက်ပေးပါ။
ရေများများသောက်ခြင်းဟာ နေလောင်လို့ဖြစ်တဲ့ ရေဓာတ်ဆုံရံှုးခြင်းကိုပြန်ဖြည့်ပေးသလိုကိုယ်တွင်းအဆိပ်အတောက်သန့်စင်ပေးလို့ အသားအရေဝင်းပစေလို့ဖြစ်ပါတယ်။
၄) Face mask( မျက်နှာပေါင်းတင် ကပ်ခွာ) သုံးပေးပါ။
တစ်ခါတစ်ခါ Exfoliate လုပ်ရုံနဲ့မလုံလောက်ဘဲ ပိတ်နေတဲ့ချွေးပေါက်တွေ နှာခေါင်း၊ မေးစေ့တစ်ဝှိက် ရှိနေတတ်ပါတယ်။ ဒီချွေးပေါက်ထဲထိ သန့်စင် ဖို့ရန်အတွက် Face Mask သုံးစွဲပေးသင့်ပါတယ်။ ဒီလိုသုံးစွဲခြင်းဟာ သင့်ကို ခရီးကပြန်လာလို့ အရေပြားပျက်စီးပြီး Acne breakout( ဝက်ခြံအများအပြားထွက် ခြင်း) မှကာကွယ်ပေးနိုင်ပါတယ်။
၅) Anti Oxidant ကြွယ်ဝတဲ့အသီးအနှံများစားပေးပါ။
သိကြတဲ့အတိုင်းပါဘဲ အရည်ရွှမ်းတဲ့အသီးအနှံတွေဟာ အသားအရည်ကိုရေဓာတ်ဖြည့်ပေးတဲ့အပြင် ဓာတ်တိုးဆန့်ကျင် ( Anti oxidant ) ကြွယ်ဝတာကြောင့် အသားအရေ ပျက်စီးခြင်းထိန်းသိမ်းရာမှာ အင်မတန်အရေးကြီးပါတယ်။
၆) အစိုထိန်း Cream ( Moisturizing Cream) ပုံမှန်သုံးစွဲပေးပါ။
ကမ်းခြေကပြန်လာရင် နေလောင်ပြီး အရေပြားဟာ ရေဓာတ်ခမ်းခြောက်နေမှာ သေချာပါတယ်။ ဒါကို ပြန်လည်အားဖြည့်ဖို့ဆိုရင် Moisturizing Cream က သင့ိကိုကူညီပါလိမ့်မယ်။ ပိုအကျိုးရှိစေဖို့ဆိုရင် Vitamin C ပါဝင်တဲ့ အမျိုးအစားကိုရွေးချယ်သုံးသင့်ပါတယ်။ Vitamin C ဟာ အရေပြားကို ကြည်လင်စေတယ်၊ အနာကျက်စေတဲ့ အာနိသင်ရှိလို့ဒီလိုအချိန် အတွက်အသင့်တော်ဆုံးပါ။
၇) လုံလောက်စွာ အိပ်စက်အနားယူပေးပါ။
တစ်နေ့ ၈နာရီလုံလောက်စွာအိပ်စက်ပေးခြင်းဟာလည်း သဘာဝအရ အသားအရေ ထိန်းသိမ်း ခြင်းပါပဲ။ ဒီလိုအချိန်မျိုးမှာ အိပ်စက်ခြင်းကို ပိုဂရုစိုက်သင့်ပါတယ်။
၈) အရက်သောက်သုံးခြင်းကိုရှောင်ကြည်ပါ။
အရက်သောက်သုံးခြင်းဟာကိုယ်တွင်းမှာမလိုအပ်တဲ့ ရေဓာတ်တွေစုပုံစေလို့ မျက်နှာ အသားအရေများကို ဖောင်းတင်းနေစေပါတယ်။ အသားအရေပြန်ကောင်းစေဖို့ဆိုရင်တော့ အရက်သေစာ သောက်သုံးခြင်းကို ခဏတာရှောင်သင့်ပါတယ်လို့ အကြုံပြုပါရစေ။
ကဲ ယောင်းယောင်းတ်ု့ရေ ကမ်းခြေမှလည်းကဲ ပြန်ရောက်တော့လည်း အသားအရေလေးထိန်းသိမ်း
နှစ်ခုလုံး အဆင်ပြေပြီလေ။
မယ်တင်( ဆေး ၁)
ေႏြရာသီ Beach မသြားရဲဘူးဆိုတဲ့ မိန္းကေလးမ်ားအတြက္
Beach သြားတယ္ဆိုတာ ေပ်ာ္စရာႀကီးပါ။ ဒါေပမယ့္အဲ့ဒါရဲ႕ေနာက္ကြယ္မွာ ေနပူတယ္၊ အသားမဲမွာေၾကာက္တယ္။ အသားေရပ်က္စီးမွာေၾကာက္တယ္ဆိုၿပီးမိန္းက ေလးေတာ္ေတာ္မ်ားမ်ားေၾကာက္တတ္ၾကပါတယ္။
အဲ့အတြက္ Beach သြားၿပီးေကာင္းေကာင္းေပ်ာ္ပါ။
ျပန္လာရင္အသားအေရျပန္ထိန္းသိမ္းႏိုင္မယ့္ အခ်က္ေလးေတြေဖာ္ျပေပးလိုက္ပါတယ္။
၁) မျဖစ္ခင္ႀကိဳတင္ကာကြယ္ဆိုသလို ကမ္းေျခေရာက္ေနစဥ္အျပင္ထြက္မယ့္အခ်ိန္ တိုင္း SPF ပါတဲ့ Sun block လိမ္းသင့္ပါတယ္။
၂) ျပန္လာရင္ေတာ့ အရင္ဆံုး ပ်က္စီးသြားတဲ့အေရျပားအေပၚလႊာဆဲလ္ေသဖယ္ရွားဖို႔Exfoliate ( ဆဲလ္ေသဖယ္ရွား) ေပးပါ။ ဒီလိုလုပ္ျခင္းဟာ အေရျပားကို အသက္ရႈဝေစပါတယ္။
၃)ေရပံုမွန္ထက္ပိုေသာက္ေပးပါ။
ေရမ်ားမ်ားေသာက္ျခင္းဟာ ေနေလာင္လို႔ျဖစ္တဲ့ ေရဓာတ္ဆံုရံွုးျခင္းကိုျပန္ျဖည့္ေပးသလိုကိုယ္တြင္းအဆိပ္အေတာက္သန္႔စင္ေပးလို႔ အသားအေရဝင္းပေစလို႔ျဖစ္ပါတယ္။
၄) Face mask( မ်က္ႏွာေပါင္းတင္ ကပ္ခြာ) သံုးေပးပါ။
တစ္ခါတစ္ခါ Exfoliate လုပ္ရံုနဲ႔မလံုေလာက္ဘဲ ပိတ္ေနတဲ့ေခၽြးေပါက္ေတြ ႏွာေခါင္း၊ ေမးေစ့တစ္ဝွိက္ ရွိေနတတ္ပါတယ္။ ဒီေခၽြးေပါက္ထဲထိ သန္႔စင္ ဖို႔ရန္အတြက္ Face Mask သံုးစြဲေပးသင့္ပါတယ္။ ဒီလိုသံုးစြဲျခင္းဟာ သင့္ကို ခရီးကျပန္လာလို႔ အေရျပားပ်က္စီးၿပီး Acne breakout( ဝက္ျခံအမ်ားအျပားထြက္ ျခင္း) မွကာကြယ္ေပးႏိုင္ပါတယ္။
၅) Anti Oxidant ႂကြယ္ဝတဲ့အသီးအႏွံမ်ားစားေပးပါ။
သိၾကတဲ့အတိုင္းပါဘဲ အရည္ရႊမ္းတဲ့အသီးအႏွံေတြဟာ အသားအရည္ကိုေရဓာတ္ျဖည့္ေပးတဲ့အျပင္ ဓာတ္တိုးဆန္႔က်င္ ( Anti oxidant ) ႂကြယ္ဝတာေၾကာင့္ အသားအေရ ပ်က္စီးျခင္းထိန္းသိမ္းရာမွာ အင္မတန္အေရးႀကီးပါတယ္။
၆) အစိုထိန္း Cream ( Moisturizing Cream) ပံုမွန္သံုးစြဲေပးပါ။
ကမ္းေျခကျပန္လာရင္ ေနေလာင္ၿပီး အေရျပားဟာ ေရဓာတ္ခမ္းေျခာက္ေနမွာ ေသခ်ာပါတယ္။ ဒါကို ျပန္လည္အားျဖည့္ဖို႔ဆိုရင္ Moisturizing Cream က သင့္ိကုိကူညီပါလိမ့္မယ္။ ပိုအက်ိဳးရွိေစဖို႔ဆိုရင္ Vitamin C ပါဝင္တဲ့ အမ်ိဳးအစားကိုေရြးခ်ယ္သံုးသင့္ပါတယ္။ Vitamin C ဟာ အေရျပားကို ၾကည္လင္ေစတယ္၊ အနာက်က္ေစတဲ့ အာနိသင္ရွိလို႔ဒီလိုအခ်ိန္ အတြက္အသင့္ေတာ္ဆံုးပါ။
၇) လံုေလာက္စြာ အိပ္စက္အနားယူေပးပါ။
တစ္ေန႔ ၈နာရီလံုေလာက္စြာအိပ္စက္ေပးျခင္းဟာလည္း သဘာဝအရ အသားအေရ ထိန္းသိမ္း ျခင္းပါပဲ။ ဒီလိုအခ်ိန္မ်ိဳးမွာ အိပ္စက္ျခင္းကို ပိုဂရုစိုက္သင့္ပါတယ္။
၈) အရက္ေသာက္သံုးျခင္းကိုေရွာင္ၾကည္ပါ။
အရက္ေသာက္သံုးျခင္းဟာကိုယ္တြင္းမွာမလိုအပ္တဲ့ ေရဓာတ္ေတြစုပံုေစလို႔ မ်က္ႏွာ အသားအေရမ်ားကို ေဖာင္းတင္းေနေစပါတယ္။ အသားအေရျပန္ေကာင္းေစဖို႔ဆိုရင္ေတာ့ အရက္ေသစာ ေသာက္သုံးျခင္းကို ခဏတာေရွာင္သင့္ပါတယ္လို႔ အၾကံဳျပဳပါရေစ။
ကဲ ေယာင္းေယာင္းတ္ု႔ေရ ကမ္းေျခမွလည္းကဲ ျပန္ေရာက္ေတာ့လည္း အသားအေရေလးထိန္းသိမ္း
ႏွစ္ခုလံုး အဆင္ေျပၿပီေလ။
မယ္တင္( ေဆး ၁)