နားထဲ ရေဝင်လျှင်
သင်္ကြန်လည်း နီးလာပြီမို့ နားထဲရေဝင်လျှင် ရေထွက်အောင် ပြုလုပ်နိုင်မည့် နည်းလမ်းလေး ပြောပြချင်ပါတယ်
နားထဲရေဝင်ခြင်းခံစားရလျှင် ခံစားရသူလည်း အနေရခက်လှသည်၊ နားတွင်း နာခြင်း၊ နားအူခြင်းများ ရေဝင်ခြင်း ခံစားရတတ်သည်၊
ရေမထုတ်ဘဲထားလျှင် နားစည်ယောင်ခြင်း၊ နားလေးခြင်း ၊ အခြားသော နောက်ဆက်တွဲများ ခံစားရတတ်သည်
နားတွင်းမှ ရေထုတ်လိုလျှင်
(၁) ကမ္ဘာ့ ဆွဲငင်အားကို အသုံးပြုပါ။
ရေဝင်သော နားကို မြေပြင်ရှိရာဘက်သို့ စောင်းချပါ၊ လက်ဖဝါးတစ်ဖက်နှင့် စောင်းထားသော နားအား ပိတ်ပြီး ခဏထားပါ၊ ခဏတာ လေစုတ်သော အာနိသင်က နားထဲဝင်နေသော ရေကိုထွက်စေပါသည်
(၂) နားတွင်းလေဖိအားကို အသုံးပြုပါ
ပါးစပ်ကို ပိတ်၍ နှားခေါင်း နှစ်ဖက်လုံးကို လက်နှင့်ပိတ်ပါ။ နှာခေါင်းပိတ်လျှက် အားနှင့် မှုတ်ထုတ်လိုက်ပါ၊ လေဖိအားက နားတွင်းရေများကို အပြင်သို့ထွက်စေသည်
(၃) အပူသုံး၍ ရေထုတ်ပါ
အဝတ်သန့်တစ်ခုကို ရေနွေးထဲတွင်စိမ်ပါ၊ ပြီးလျှင် ရေညှစ်ချပါ၊ ထို့နောက် ရေဝင်နေသော နားအပေါ်သို့ ထိုအဝတ်စကို စက္ကန့် ၃၀ ထားပါ၊ ဤနည်းအတိုင်း ၄ကြော့ခန့်လုပ်ပါ၊ ရေနွေး၏ အပူက နားအတွင်းပြွန်ကို ပွင့်စေပြီး ရေထွက်လာစေပါသည်
(၄)ရေနွေးငွေ့ ရူပါ
ရေဇလုံထဲသို့ ရေနွေးငွေ့ထည့်ပါ၊ ထို့နောက် ရေနွေးငွေ့ရူပါ၊ ရေနွေးငွေ့ရူခြင်းကလည်း နားအတွင်းရှိ ရေများထွက်ကျလာစေပါသည်။
မယ်တင် (ဆေး ၁)
နားထဲ ေရဝင္လၽွင္
သႀကၤန္လည္း နီးလာၿပီမို႔ နားထဲေရဝင္လၽွင္ ေရထြက္ေအာင္ ျပဳလုပ္ႏိုင္မည့္ နည္းလမ္းေလး ေျပာျပခ်င္ပါတယ္
နားထဲေရဝင္ျခင္းခံစားရလၽွင္ ခံစားရသူလည္း အေနရခက္လွသည္၊ နားတြင္း နာျခင္း၊ နားအူျခင္းမ်ား ေရဝင္ျခင္း ခံစားရတတ္သည္၊
ေရမထုတ္ဘဲထားလၽွင္ နားစည္ေယာင္ျခင္း၊ နားေလးျခင္း ၊ အျခားေသာ ေနာက္ဆက္တြဲမ်ား ခံစားရတတ္သည္
နားတြင္းမွ ေရထုတ္လိုလၽွင္
(၁) ကမာၻ့ ဆြဲငင္အားကို အသံုးျပဳပါ။
ေရဝင္ေသာ နားကို ေျမျပင္ရွိရာဘက္သို႔ ေစာင္းခ်ပါ၊ လက္ဖဝါးတစ္ဖက္ႏွင့္ ေစာင္းထားေသာ နားအား ပိတ္ၿပီး ခဏထားပါ၊ ခဏတာ ေလစုတ္ေသာ အာနိသင္က နားထဲဝင္ေနေသာ ေရကိုထြက္ေစပါသည္
(၂) နားတြင္းေလဖိအားကို အသံုးျပဳပါ
ပါးစပ္ကို ပိတ္၍ ႏွားေခါင္း ႏွစ္ဖက္လံုးကို လက္ႏွင့္ပိတ္ပါ။ ႏွာေခါင္းပိတ္လၽွက္ အားႏွင့္ မႈတ္ထုတ္လိုက္ပါ၊ ေလဖိအားက နားတြင္းေရမ်ားကို အျပင္သို႔ထြက္ေစသည္
(၃) အပူသံုး၍ ေရထုတ္ပါ
အဝတ္သန္႔တစ္ခုကို ေရေႏြးထဲတြင္စိမ္ပါ၊ ၿပီးလၽွင္ ေရညႇစ္ခ်ပါ၊ ထို႔ေနာက္ ေရဝင္ေနေသာ နားအေပၚသို႔ ထိုအဝတ္စကို စကၠန္႔ ၃၀ ထားပါ၊ ဤနည္းအတိုင္း ၄ေၾကာ့ခန္႔လုပ္ပါ၊ ေရေႏြး၏ အပူက နားအတြင္းႁပြန္ကို ပြင့္ေစၿပီး ေရထြက္လာေစပါသည္
(၄)ေရေႏြးေငြ႕ ရူပါ
ေရဇလံုထဲသို႔ ေရေႏြးေငြ႕ထည့္ပါ၊ ထို႔ေနာက္ ေရေႏြးေငြ႕ရူပါ၊ ေရေႏြးေငြ႕ရူျခင္းကလည္း နားအတြင္းရွိ ေရမ်ားထြက္က်လာေစပါသည္။
မယ္တင္ (ေဆး ၁)