စိတ်ဖိစီးမှုကို ဘယ်လိုလျှော့ချကြမလဲ
ကြုံလေဘုံဘဝေဆိုတဲ့ ရှုပ်ထွေးတဲ့လောကကြီးမှာ လူဖြစ်လာပြီဆိုရင် စိတ်ဖိစီးမှုကို အားလုံးကြုံရသူတွေချည်းပါပဲ။ ဒီလိုစိတ်ဖိစီးမှုတွေကို ဘယ်လိုပုံစံနဲ့အကောင်းဆုံးပြန်လည်တုန့်ပြန်ကြမလဲဆိုတာကို အနည်းငယ်တင်ပြလိုပါတယ်။
၁. အကောင်းမြင်စိတ်မွေးပါ။ မိမိရဲ့ပတ်ဝန်းကျင်က ညစ်ညမ်းငြူစုချင်စရာများကို တတ်နိုင်သမျှ လစ်လျူရှုပါ။
၂. ကိုယ့်တစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်သမျှကို အသိအမှတ်ပြုပါ၊ ဂုဏ်ယူပါ။ ကိုယ်လက်လှမ်းဖို့ ဝေးလွန်းတဲ့အရာများကို ချက်ချင်းမရနိုင်တာကို လက်ခံပါ။ ခွန်အားအဖြစ်ပြောင်းလဲပြီး မိမိကိုယ်ကိုအကောင်းဆုံးဖြစ်အောင် ဆက်လက်ကြိုးစားပါ။
၃. စိတ်ဖိစီးမှုလျှော့ချမှုဆိုင်ရာ ကုထုံးများကို လေ့လာပါ၊ လေ့ကျင့်ပါ။ (ဥပမာ ယောဂကျင့်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချမှုဆိုင်ရာ ကိုယ်လက်လှုပ်ရှားမှုသင်္ခန်းစာများကိုလေ့လာခြင်း)
၄. သန့်ရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်ကာ အာဟာရမျှတသော အစားအစာများကိုစားပေးပါ။
၅. ကိုယ်လက်လေ့ကျက့်ခန်းကို နေ့စဉ်ပုံမှန်လုပ်ပေးပါ။
၆. ကိုယ့်အတွက်အပန်းဖြေချိန်ကို ဝါသနာပါရာအလုပ်တစ်ခုခုလုပ်ခြင်း၊ ခရီးသွားခြင်းတို့ဖြင့် အကောင်းဆုံးအသုံးချပါ။
၇. အိပ်ရေးဝဝအိပ်ပြီး အိပ်ချိန်မှန်ပါစေ။ အိပ်ရေးဝမောင်အိပ်ခြင်းဟာ သဘာဝကျကျ စိတ်ဖိစီးမှုလျှော့ချခြင်းတစ်မျိုးပါပဲ။
၈. အရက်၊ဆေးလိပ်နှင့် မူးယစ်ဆေးဝါးများသုံးစွဲခြင်းကိုရှောင်ကျဉ်ပါ။ ဒါတွေဟာသင့်ကို စိတ်ဖိစီးမှုကနေ တစ်ခဏတာသာမေ့လျော့ လွတ်မြောက်စေမှာပါ။
၉. နေထိုင်စားသောက်ပုံမှန်ကန်တာတောင် စိတ်ဖိစီးကနေ ဘယ်လိုမှရုန်းမထွက်နိုင်ဘူးဆိုရင်တော့ စိတ်ကျန်းမာရေးဆိုင်ရာဆရာဝန်များနှင့် တိုင်ပင်ပြီးကုသပါလို့ အကြံပြုလိုက်ရပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
စိတ္ဖိစီးမႈကို ဘယ္လိုေလ်ွာ့ခ်ၾကမလဲ
ၾကံဳေလဘံုဘေဝဆိုတဲ့ ႐ႈပ္ေထြးတဲ့ေလာကႀကီးမွာ လူျဖစ္လာၿပီဆိုရင္ စိတ္ဖိစီးမႈကို အားလံုးၾကံဳရသူေတြခ်ည္းပါပဲ။ ဒီလိုစိတ္ဖိစီးမႈေတြကို ဘယ္လိုပံုစံနဲ႔အေကာင္းဆံုးျပန္လည္တုန္႔ျပန္ၾကမလဲဆိုတာကို အနည္းငယ္တင္ျပလိုပါတယ္။
၁. အေကာင္းျမင္စိတ္ေမြးပါ။ မိမိရဲ႕ပတ္ဝန္းက်င္က ညစ္ညမ္းျငဴစုခ်င္စရာမ်ားကို တတ္ႏိုင္သမ်ွ လစ္လ်ဴ႐ႈပါ။
၂. ကိုယ့္တစ္ႏိုင္တစ္ပိုင္ လုပ္ကိုင္ႏိုင္သမ်ွကို အသိအမွတ္ျပဳပါ၊ ဂုဏ္ယူပါ။ ကိုယ္လက္လွမ္းဖို႔ ေဝးလြန္းတဲ့အရာမ်ားကို ခ်က္ခ်င္းမရႏိုင္တာကို လက္ခံပါ။ ခြန္အားအျဖစ္ေျပာင္းလဲၿပီး မိမိကိုယ္ကိုအေကာင္းဆံုးျဖစ္ေအာင္ ဆက္လက္ႀကိဳးစားပါ။
၃. စိတ္ဖိစီးမႈေလ်ွာ့ခ်မႈဆိုင္ရာ ကုထံုးမ်ားကို ေလ့လာပါ၊ ေလ့က်င့္ပါ။ (ဥပမာ ေယာဂက်င့္ျခင္း၊ စိတ္ဖိစီးမႈေလ်ွာ့ခ်မႈဆိုင္ရာ ကိုယ္လက္လႈပ္႐ွားမႈသခၤန္းစာမ်ားကိုေလ့လာျခင္း)
၄. သန္႔႐ွင္းၿပီး က်န္းမာေရးႏွင့္ညီၫြတ္ကာ အာဟာရမ်ွတေသာ အစားအစာမ်ားကိုစားေပးပါ။
၅. ကိုယ္လက္ေလ့က်က့္ခန္းကို ေန႔စဥ္ပံုမွန္လုပ္ေပးပါ။
၆. ကိုယ့္အတြက္အပန္းေျဖခ်ိန္ကို ဝါသနာပါရာအလုပ္တစ္ခုခုလုပ္ျခင္း၊ ခရီးသြားျခင္းတို႔ျဖင့္ အေကာင္းဆံုးအသံုးခ်ပါ။
၇. အိပ္ေရးဝဝအိပ္ၿပီး အိပ္ခ်ိန္မွန္ပါေစ။ အိပ္ေရးဝေမာင္အိပ္ျခင္းဟာ သဘာဝက်က် စိတ္ဖိစီးမႈေလ်ွာ့ခ်ျခင္းတစ္မ်ိဳးပါပဲ။
၈. အရက္၊ေဆးလိပ္ႏွင့္ မူးယစ္ေဆးဝါးမ်ားသံုးစြဲျခင္းကိုေ႐ွာင္က်ဥ္ပါ။ ဒါေတြဟာသင့္ကို စိတ္ဖိစီးမႈကေန တစ္ခဏတာသာေမ့ေလ်ာ့ လြတ္ေျမာက္ေစမွာပါ။
၉. ေနထိုင္စားေသာက္ပံုမွန္ကန္တာေတာင္ စိတ္ဖိစီးကေန ဘယ္လိုမွ႐ုန္းမထြက္ႏိုင္ဘူးဆိုရင္ေတာ့ စိတ္က်န္းမာေရးဆိုင္ရာဆရာဝန္မ်ားႏွင့္ တိုင္ပင္ၿပီးကုသပါလို႔ အၾကံျပဳလိုက္ရပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ