ကြို့ထိုးခြင်းသက်သာအောင်ဘယ်လိုလုပ်မလဲ

ကြို့ထိုးတာကို လူတိုင်းကြုံဖူးကြပါတယ်။ ကျားမမရွေး၊ လူမျိုးမရွေး၊ အသက်အရွယ်မရွေးကြို့ထိုးဖူးကြမှာပါ။ အချို့ကတော့ ခဏပဲထိုးသလို အချို့ကတော့ အကြာကြီးထိုးပါတယ်။ ပုံမှန်ထိုးနေကြအချိန်ရှိတတ်တဲ့သူတွေတွေ့နိုင်သလို ထမင်းစားပြီးတိုင်းကြို့ထိုးတာ၊ အကျင့်ပါနေတာတွေလည်းရှိပါတယ်။ ကြို့ထိုးတာဟာပုံမှန်ဖြစ်နေကြဖြစ်သလို နေ့စဉ်ကြုံတွေ့နေကြဖြစ်တတ်တာကြောင့် အမှုမဲ့အမှတ်မဲ့နေတတ်ကြပါတယ်။

ကြို့ထိုးတယ်ဆိုတာ ရင်ဝမ်းခြားကြွက်သား(diaphragm)က ညှစ်လိုက်လျော့လိုက်ဖြစ်ရင် ကြို့ထိုးပါတယ်။ ရောဂါအခြေအနေအရကြို့ထိုးတာတွေရှိတတ်ပါတယ်။ diaphragmကို သွားပြီးဆွနေတဲ့အခြေအနေတွေမှာလည်းကြို့ထိုးနိုင်ပါတယ်။ ကြို့ထိုးစေတဲ့အကြောင်းအရာတွေကတော့အများကြီးပါပဲ။ အစာတွေကိုမြန်မြန်စားမိတာ၊ အများကြီးစားမိတာ၊ ရေတွေအများကြီးသောက်မိတာ၊ မကောင်းတဲ့အငွေ့အသက်တွေရှူမိတာ၊ gasပါတဲ့အဖျော်ယမကာတွေသောက်မိတာတွေကလည်း ကြို့ထိုးစေတဲ့အကြောင်းတွေဖြစ်ပါတယ်။

ကြို့ထိုးတာအများစုကတော့ ခဏနေရင်ပျောက်သွားကြပါတယ်။ ရုတ်တရက်ဖြစ်ပြီးရုတ်တရက်ပျောက်သွားတာပါ။ သို့သော် အန္တရာယ်ရှိတဲ့ကြို့ထိုးခြင်းတွေကိုလည်း သတိထားရပါမယ်။ ကြို့ထိုးတာ 3နာရီကျော်ကြာလာရင်၊ သူ့ဟာသူမသက်သာရင်၊ စားသောက်နေထိုင်တာတွေကိုနှောင့်ယှက်လာရင်၊ မအိပ်နိုင်အောင်၊ အလုပ်မလုပ်နိုင်အောင်နှောင့်ယှက်လာပြီဆိုရင် အန္တရာယ်ရှိပြီလို့ဆိုနိုင်ပါတယ်။ ဒါပေမယ်အများစုကတော့ သူ့ဟာသူပဲပျောက်သွားလေ့ရှိပါတယ်။

သူ့ဟာသူမပျောက်ရင်တော့ စမ်းသပ်နိုင်တဲ့နည်းတချို့ရှိပါတယ်။ အဆိုပါနည်းတွေက လူတိုင်းအတွက်အဆင်ပြေချင်မှပြေနိုင်ပါလိမ့်မယ်။ မိမိအဆင်ပြေတဲ့နည်းနဲ့ အခြားသူတွေရဲ့နည်းနဲ့တူချင်မှတူပါမယ်။ အဆိုပါနည်းတွေနဲ့မပျောက်လို့ ရောဂါရှိနေပြီဆိုပြီးလည်း မစိုးရိမ်သင့်ပါဘူး။

အသက်ရှူတာကိုထိန်းပြီးရှူရင်းနဲ့လည်း ကြို့ထိုး တာကိုသက်သာစေနိုင်ပါတယ်။ အသက်တစ်ခါရှုရင် 1,2,3 4,5 လို့ရေပြီး ရှူထုတ်ရင်လည်း 1,2,3,4,5 ဆို ပြီးဖြေးဖြေချင်းရှူထုတ်ရမှာပါ။ အကြိမ်ကန့်သတ်မှုမရှိပဲ လိုသလိုလုပ်နိုင်ပါတယ်။ နောက်နည်းတစ်ခုကတော့ လေကိုတစ်ဝကြီးရှူပြီး 20စက္ကန့်လောက်အောင့်ထားပြီး ဖြေးဖြေးချင်းထုတ်ခြင်းနဲ့လည်း သက်သာနိုင်ပါတယ်။ ကိုယ်ခန္ဓာကို အရှေ့ကိုကိုင်းလိုက်ခြင်းကလည်း diaphragmအပေါ် ဖိအားသက်ရောက်စေနိုင်ပြီး ကြို့ထိုးတာကိုသက်သာစေနိုင်ပါတယ်။

လျှာကိုအရှေ့ကိုတစ်ခါနှစ်ခါခန့်ဆွဲထုတ်ပေးခြင်းနဲ့လည်း သက်သာစေနိုင်ပါတယ်။ ရင်ညွန့်ရိုးအောက်ကိုလက်နဲ့အသာအယာဖိထားတာ၊ နှာခေါင်းကိုလက်နဲ့ပိတ်ပြီးရေတစ်ခွက်သောက်ချလိုက်တာတွေနဲ့လည်း ပျောက်ကင်းနိုင်ပါတယ်။ ရေခဲရေတစ်ခွက်သောက်လိုက်တာ၊ ရေအေးနဲ့ပလုတ်ကျင်းတာ၊ ပျားရည်တစ်ဇွန်းစားလိုက်တာ၊ သကြားအနည်းငယ်စားလိုက်တာတွေနဲ့လည်း ပျောက်နိုင်ပါတယ်။ တစ်ခါတစ်လေတော့ ခြောက်လှန့်လိုက်ရင်ပျောက်သွားတယ်လို့ဆိုပါတယ်။ ဒါပေမယ့် အန္တရာယ်များတဲ့နည်းလမ်းဖြစ်ပါတယ်။

အဆိုပါနည်းတွေနဲ့မပျောက်ပဲ မိမိဘာသာအဆင်ပြေတဲ့နည်းရှိရင်လည်း သုံးနိုင်ပါတယ်။ သို့သော်ကြို့ထိုးတိုင်းစိတ်ချလက်ချနဲ့ပေါ့ပေါ့ဆဆမနေသင့်ပါဘူး။ အစာအိမ်ရောဂါ၊ လေဖြတ်တာတွေနဲ့လည်းတွဲနေနိုင်ပါတယ်။ အပေါ်မှာပါတဲ့နည်းတွေနဲ့ မပျောက်ရင်ဆေးသောက်ပြီးလည်း ပျောက်ကင်းနိုင်ပါတယ်။ သိ့ုပေမယ့် ဆေးပမာဏ၊ သောက်ရမယ့်အချိန်၊ ဘေးထွက်ဆိုးကျိုးတွေကိုတော့ သေချာစွာသိအောင်ဆွေးနွေးပြီးမှသောက်သင့်ပါတယ်။

ကြို့ထိူတာကနေ့စဉ်ကြုံတွေ့နေကြ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ရုတ်တရက်ဖြစ်လာသလို သူ့ဟာသူလည်းပျောက်သွားတာများပါတယ်။ သူ့ဟာသူမပျောက်ရင်လည်း နည်းလမ်းအချို့ကိုစမ်းသပ်နိုင်ပြီး ဆေးနဲ့လည်းပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် အရမ်းကြာလာရင်တော့ စိုးရိမ်ရတာမို့ တတ်ကျွမ်းသူတွေနဲ့ပြသပြီးပျောက်ကင်းအောင် ကုသသင့်ပါတယ်။

Dr. ZZ

ႀကိဳ႕ထိုးျခင္းသက္သာေအာင္ဘယ္လိုလုပ္မလဲ

ႀကိဳ႕ထိုးတာကို လူတိုင္းႀကံဳဖူးၾကပါတယ္။ က်ားမမေရြး၊ လူမ်ဳိးမေရြး၊ အသက္အရြယ္မေရြးႀကိဳ႕ထိုးဖူးၾကမွာပါ။ အခ်ဳိ႕ကေတာ့ ခဏပဲထိုးသလို အခ်ဳိ႕ကေတာ့ အၾကာႀကီးထိုးပါတယ္။ ပုံမွန္ထိုးေနၾကအခိ်န္ရိွတတ္တဲ့သူေတြေတြ႕ႏိုင္သလို ထမင္းစားၿပီးတိုင္းႀကိဳ႕ထိုးတာ၊ အက်င့္ပါေနတာေတြလည္းရိွပါတယ္။ ႀကိဳ႕ထိုးတာဟာပံုမွန္ျဖစ္ေနၾကျဖစ္သလို ေန႔စဥ္ႀကံဳေတြ႕ေနၾကျဖစ္တတ္တာေၾကာင့္ အမႈမဲ့အမွတ္မဲ့ေနတတ္ၾကပါတယ္။

ႀကိဳ႕ထိုးတယ္ဆိုတာ ရင္ဝမ္းျခားႂကြက္သား(diaphragm)က ညႇစ္လိုက္ေလ်ာ့လိုက္ျဖစ္ရင္ ႀကိဳ႕ထိုးပါတယ္။ ေရာဂါအေျခအေနအရႀကိဳ႕ထိုးတာေတြရိွတတ္ပါတယ္။ diaphragmကို သြားၿပီးဆြေနတဲ့အေျခအေနေတြမွာလည္းႀကိဳ႕ထိုးႏိုင္ပါတယ္။ ႀကိဳ႕ထိုးေစတဲ့အေၾကာင္းအရာေတြကေတာ့အမ်ားႀကီးပါပဲ။ အစာေတြကိုျမန္ျမန္စားမိတာ၊ အမ်ားႀကီးစားမိတာ၊ ေရေတြအမ်ားႀကီးေသာက္မိတာ၊ မေကာင္းတဲ့အေငြ႕အသက္ေတြ႐ႉမိတာ၊ gasပါတဲ့အေဖ်ာ္ယမကာေတြေသာက္မိတာေတြကလည္း ႀကိဳ႕ထိုးေစတဲ့အေၾကာင္းေတြျဖစ္ပါတယ္။

ႀကိဳ႕ထိုးတာအမ်ားစုကေတာ့ ခဏေနရင္ေပ်ာက္သြားၾကပါတယ္။ ႐ုတ္တရက္ျဖစ္ၿပီး႐ုတ္တရက္ေပ်ာက္သြားတာပါ။ သို႔ေသာ္ အႏၲရာယ္ရိွတဲ့ႀကိဳ႕ထိုးျခင္းေတြကိုလည္း သတိထားရပါမယ္။ ႀကိဳ႕ထိုးတာ 3နာရီေက်ာ္ၾကာလာရင္၊ သူ႕ဟာသူမသက္သာရင္၊ စားေသာက္ေနထိုင္တာေတြကိုေႏွာင့္ယွက္လာရင္၊ မအိပ္ႏိုင္ေအာင္၊ အလုပ္မလုပ္ႏိုင္ေအာင္ေႏွာင့္ယွက္လာၿပီဆိုရင္ အႏၲရာယ္ရိွၿပီလို႔ဆိုႏိုင္ပါတယ္။ ဒါေပမယ္အမ်ားစုကေတာ့ သူ႕ဟာသူပဲေပ်ာက္သြားေလ့ရိွပါတယ္။

သူ႕ဟာသူမေပ်ာက္ရင္ေတာ့ စမ္းသပ္ႏိုင္တဲ့နည္းတခ်ဳိ႕ရိွပါတယ္။ အဆိုပါနည္းေတြက လူတိုင္းအတြက္အဆင္ေျပခ်င္မွေျပႏိုင္ပါလိမ့္မယ္။ မိမိအဆင္ေျပတဲ့နည္းနဲ႔ အျခားသူေတြရဲ႕နည္းနဲ႔တူခ်င္မွတူပါမယ္။ အဆိုပါနည္းေတြနဲ႔မေပ်ာက္လို႔ ေရာဂါရိွေနၿပီဆိုၿပီးလည္း မစိုးရိမ္သင့္ပါဘူး။

အသက္႐ႉတာကိုထိန္းၿပီး႐ႉရင္းနဲ႔လည္း ႀကိဳ႕ထိုး တာကိုသက္သာေစႏိုင္ပါတယ္။ အသက္တစ္ခါ႐ႈရင္ 1,2,3 4,5 လို႔ေရၿပီး ႐ႉထုတ္ရင္လည္း 1,2,3,4,5 ဆုိ ၿပီးေျဖးေျဖခ်င္း႐ႉထုတ္ရမွာပါ။ အႀကိမ္ကန္႔သတ္မႈမရိွပဲ လိုသလိုလုပ္ႏိုင္ပါတယ္။ ေနာက္နည္းတစ္ခုကေတာ့ ေလကိုတစ္ဝႀကီး႐ႉၿပီး 20စကၠန္႔ေလာက္ေအာင့္ထားၿပီး ေျဖးေျဖးခ်င္းထုတ္ျခင္းနဲ႔လည္း သက္သာႏိုင္ပါတယ္။ ကိုယ္ခႏၶာကို အေရွ႕ကိုကိုင္းလိုက္ျခင္းကလည္း diaphragmအေပၚ ဖိအားသက္ေရာက္ေစႏိုင္ၿပီး ႀကိဳ႕ထိုးတာကိုသက္သာေစႏိုင္ပါတယ္။

လွ်ာကိုအေရွ႕ကိုတစ္ခါႏွစ္ခါခန္႔ဆြဲထုတ္ေပးျခင္းနဲ႔လည္း သက္သာေစႏိုင္ပါတယ္။ ရင္ၫြန္႔႐ိုးေအာက္ကိုလက္နဲ႔အသာအယာဖိထားတာ၊ ႏွာေခါင္းကိုလက္နဲ႔ပိတ္ၿပီးေရတစ္ခြက္ေသာက္ခ်လိုက္တာေတြနဲ႔လည္း ေပ်ာက္ကင္းႏိုင္ပါတယ္။ ေရခဲေရတစ္ခြက္ေသာက္လိုက္တာ၊ ေရေအးနဲ့ပလုတ္က်င္းတာ၊ ပ်ားရည္တစ္ဇြန္းစားလိုက္တာ၊ သၾကားအနည္းငယ္စားလိုက္တာေတြနဲ႔လည္း ေပ်ာက္ႏိုင္ပါတယ္။ တစ္ခါတစ္ေလေတာ့ ေျခာက္လွန္႔လိုက္ရင္ေပ်ာက္သြားတယ္လို႔ဆိုပါတယ္။ ဒါေပမယ့္ အႏၲရာယ္မ်ားတဲ့နည္းလမ္းျဖစ္ပါတယ္။

အဆိုပါနည္းေတြနဲ႔မေပ်ာက္ပဲ မိမိဘာသာအဆင္ေျပတဲ့နည္းရိွရင္လည္း သံုးႏိုင္ပါတယ္။ သို႔ေသာ္ႀကိဳ႕ထိုးတိုင္းစိတ္ခ်လက္ခ်နဲ႔ေပါ့ေပါ့ဆဆမေနသင့္ပါဘူး။ အစာအိမ္ေရာဂါ၊ ေလျဖတ္တာေတြနဲ႔လည္းတြဲေနႏိုင္ပါတယ္။ အေပၚမွာပါတဲ့နည္းေတြနဲ႔ မေပ်ာက္ရင္ေဆးေသာက္ၿပီးလည္း ေပ်ာက္ကင္းႏိုင္ပါတယ္။ သိ့ုေပမယ့္ ေဆးပမာဏ၊ ေသာက္ရမယ့္အခ်ိန္၊ ေဘးထြက္ဆိုးက်ဳိးေတြကိုေတာ့ ေသခ်ာစြာသိေအာင္ေဆြးေႏြးၿပီးမွေသာက္သင့္ပါတယ္။

ႀကိဳ႕ထိူတာကေန႔စဥ္ႀကံဳေတြ႕ေနၾက ျဖစ္႐ိုးျဖစ္စဥ္တစ္ခုျဖစ္ပါတယ္။႐ုတ္တရက္ျဖစ္လာသလို သူ႕ဟာသူလည္းေပ်ာက္သြားတာမ်ားပါတယ္။ သူ႕ဟာသူမေပ်ာက္ရင္လည္း နည္းလမ္းအခ်ဳိ႕ကိုစမ္းသပ္ႏိုင္ၿပီး ေဆးနဲ႔လည္းေပ်ာက္ကင္းႏိုင္ပါတယ္။ ဒါေပမယ့္ အရမ္းၾကာလာရင္ေတာ့ စိုးရိမ္ရတာမို႔ တတ္ကြၽမ္းသူေတြနဲ႔ျပသၿပီးေပ်ာက္ကင္းေအာင္ ကုသသင့္ပါတယ္။

Dr. ZZ

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
အခြားရောဂါများအထွေထွေဆေးဝါးများ

နားကိုက်ခြင်း

1 Mins read
နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း…
အခြားရောဂါများအသည်းအားဆေးများ

မပေါ့ဆသင့်ပါ အသည်းရောင်အသားဝါ

1 Mins read
ဇူလိုင်လ ၂၈ ရက်နေ့ ကမ္ဘာ့အသည်းရောင်အသားဝါနေ့မှာ အသည်းရောင်အသားဝါ ရောဂါ ကာကွယ်ခြင်းနှင့် ရောဂါကို စီမံခန့်ခွဲမှုအတွက် ယေဘုယျအကြံပြုချက်အချို့ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း- အသည်းရောင်အသားဝါ A နှင့် B အတွက် ကာကွယ်ဆေးများရရှိနိုင်ပြီး ကာကွယ်ဆေး ထိုးသင့်ကြောင်းကို အကြံပြုထားကြပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဟာ…