အလှအပပေါ်ကျန်းမာရေးက ဘယ်လိုသက်ရောက်မှုရှိလဲ
အလှအပလို့ပြောလိုက်တာနဲ့ ကျန်းမာရေးနဲ့ ဆိုင်နေမယ်လို့ သိတဲ့သူက နည်းပါသေးတယ်။ တစ်ကယ်တော့ ကျန်းမာရေးနဲ့ အလှအပဆိုတာ ခွဲလို့မရတာ အတွဲ တစ်တွဲလိုပါပဲ။ ကျန်းမာရေးလိုက်စားရင်း လှနေပနေသူတွေကို တွေ့ဇူးကြမှာပါ။ ဒါကြောင့်မိုလို့ ဒီနေ့ ဒီစာလေးမှာ အလှအပနဲ့ ကျန်းမာရေးဘယ်လို သက်ဆိုင်နေလဲဆိုတာကို ရှင်းပြပေးပါရစေနော် …
အလှအပနဲ့ ကျန်းမာရေး ဘယ်လိုဆက်နွယ်နေလဲဆိုတာကို GYM ဆော့တဲ့ သူတွေကို ကြည့်ခြင်းအားဖြင့်လည်း သိနိုင်ပါတယ်။ GYM ဆိုတာက လေ့ကျင့်ခန်းတစ်ခုဖြစ်လို့ ခန္ဓာကိုယ်အတွက် အရမ်းကိုကောင်းတဲ့ အလေ့အကျင့် တစ်ခုပါ။ GYM ဆော့တဲ့သူ တော်တေ်ာများများကိုကြည့်ခြင်းအားဖြင့် သက်လုံကောင်းတာတွေ့ရပါတယ်။ အဆီနည်းပြီးရောဂါကင်းတာကိုလည်း လူတိုင်းသတိထားမိကြမှာပါ။ ထို့အတူပဲ အလှအမ ရှူထောင့်ကနေကြည့်မယ်ဆိုရင်လည်း အသားအရည်စိုပြေခြင်း၊ အသားချောမွေ့ခြင်း၊ အသားညီညာခြင်း စတဲ့ ကောင်းကျိုးတွေ ရှိနေမှာပါ။
လူတစ်ယောက်ဟာ ပုံမှန်လေ့ကျင့်ခန်းလေးတစ်ခုကို စွဲစွဲမြဲမြဲ လုပ်မယ်ဆိုရင် ကျန်းမာရေးကောင်းသလို လှလှပပ ဖြစ်နေမှာ အသေချာပါပဲ။ လေ့ကျန်းခန်းလို့ပြောတဲ့နေရာမှာ လူအများစုပြေးမြင်တာက GYM ကစားတာကိုပါ။ တစ်ကယ့်တော့ GYM ကစားမှ မဟုတ်ပါဘူး တစ်ခြား မိမိ ဝါသနာပါရာ အားကစား တစ်ခုခုကို စွဲစွဲမြဲမြဲလုပ်ခြင်းဟာလည်း ကျန်းမာရေး နဲ့ အလှအပအတွက်ပါ ကောင်းမွန်တဲ့အရာတစ်ခုပါ။ ဥပမာ – ရေကူးခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ Tennis ရိုက်ခြင်း စတဲ့အရာတွေ ကစားပေးနိုင်ပါတယ်။
အလှအပအတွက် ကုစားရင်း တစ်ဖက်က ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့အရာတွေကတော့ ဗီတာမင် အားဆေးတွေ သောက်သုံးခြင်းပါပဲ။ ဒီနေရာမှာ အထူးပြောချင်တာက အသားအရည်အတွက်ပဲ ဖြစ်ဖြစ်၊ ဆံသားအတွက်ပဲ ဖြစ်ဖြစ် ဗီတာမင်တွေ သောက်သုံးတော့မယ်ဆိုရင် နီးစပ်ရာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ သောက်သုံးဖို့ကိုတော့ သတိပေးလိုက်ပါရစေနော်။
ကဲ အခုဆိုရင် အလှအပနဲ့ ကျန်းမာရေးက တစ်ကယ်ကို ဆက်နွယ်နေတာဆိုတာ အားလုံးသိသွားကြပြီလို့ ယုံကြည်ပါတယ်။
ဒါကြောင့်လူသားတိုင်း ကျန်းမလှပတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ တောင်းဆုပြုရင်း