(စိတ်သွားတိုင်း ကိုယ်ပါနိုင်ဖို့ရာ….)
အိမ်ထောင်မှု တစ်ခုရယ် ဖြစ်လာတဲ့ အချိန်မှာ ပျော်ရွှင်စရာ ကြည်နူးစရာတွေရှာဖွေဖို့ရာ …နေ့စဉ် သွားလာလည်ပတ်မယ်၊ ဝါသနာ တူတာလေးတွေ လုပ်ကြမယ်၊ ဒါတွေအပြင် အိပ်ရာ ပေါ်က ကိစ္စလေးတွေပါ ဖန်တီးကြတာပေါ့… ဒီလို ချစ်ရည်လူးပြီးကြတဲ့အခါမှာ အားအင် ကုန်ခမ်းတာမျိုးတွေ ရှိတတ်တာမို့ ပြန်လည်ဖြည့်တင်းဖို့ရာ နည်းလမ်းလေးတွေ ပြောပြချင်ပါတယ်…
သာမန် လိင်မှုကိစ္စပြုလုပ်ကြခြင်းဟာ အားအင်အများကြီး မကုန်ခမ်းနိုင်သလို စိတ်ကျေနပ်မှုကိုလဲ ဖြစ်စေပါတယ် …အကယ်၍ အားအင် ကုန်ခမ်းသွားပါကလည်း ပုံမှန်စားသောက်ခြင်းဖြင့် အားအင် ပြန်ပြည့်စေနိုင်ပါတယ် …
သို့သော် မိမိကို ပိုမိုအားကောင်းစေတဲ့ အစားအသောက်လေးတွေလည်း ရှိပါတယ်..
- ကော်ဖီ၊ green tea ၊ ဝိုင်နီ စတာတွေဟာ စိတ်ကို ပိုမို အားသန်စေပါတယ်…
- ဟင်းနုနွယ်ရွက်၊ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ငရုပ်ကောင်း၊ငရုပ်ပွ ၊ အာလူးစတဲ့ နေ့စဉ်ဟင်းလျာထဲတွင် အသုံးပြုနေကျ အသီးအရွက်တွေမှာ အားကောင်းစေသော အာနိသင်တွေ ပါပါသတဲ့..
- ငှက်ပျောသီး ၊ ဖရဲသီး ၊ထောပတ်သီး၊ ၊သလဲသီး၊ ဘယ်ရီသီးတွေနဲ့ ဗိုက်တာမင် စီ ကြွယ်ဝတဲ့ အသီးအနှံတွေဟာဆိုရင်လဲ အကျိုးထူးစေပါတယ်..
- ချောကလက်နက်(dark chocalate) ဟာဆိုရင်လည်း စိတ်ပင်ပန်းမှုကို လျော့ကျစေပြီး သွေးလည်ပတ်မှုအား ကောင်းစေတဲ့အပြင် ဆန္ဒ ပိုမိုပြီးမြောက်ရန် အသုံးဝင်ပါတယ်…
- ကြက်ဥ ဟာဆိုရင်လည်း အားကောင်းစေတယ်.. စိတ်ပင်ပန်းမှုကို လျော့ကြစေသလို တခြားသောကျန်းမာရေးအတွက်လဲ ကောင်းမွန်စေတာမို့ စားသုံးသင့်တာပေါ့…
- ပုဇွန်၊ ဂဏန်း၊ ကမာကောင် အစရှိတဲ့ ပင်လယ်စာတွေမှာလဲ ဆီရိုတိုနင်ဆိုတဲ့ ဓာတ်ကို ပိုအားကောင်းစေပြီး စိတ်ကို ပိုမိုလှုံ့ဆော်ပေးနိုင်ပါတယ်…
ထို့ပြင် ခံတွင်းကျန်းမာရေးအတွက်ကောင်းစေသလို အနံ့အသက်လဲ ပျောက်လွယ်စေတဲ့ ” ပန်းသီး” ကို စားလိုက်ရင် ပိုသင့်တော်ပါတယ်…
ဒီလို အစားအသောက်တွေ အပြင် မိမိရဲ့ စိတ်ကို ပိုမိုကောင်းမွန်စေဖို့ရန် …
sport drinks သောက်လို့ရပါတယ်
- sport drink ဟာဆိုရင် ဆုံးရှုံးသွားတဲ့ ရေဓာတ်၊ electrolyte ဓာတ်နဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ် …
အနားပေးပါ..
ကုန်ဆုံးသွားခဲ့တဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းဖို့ လုံလောက်တဲ့ အနားယူမှုရှိပါစေ…
တီးတိုးစကားပြောပါ..
မိမိစိတ်ခံစားမှုတွေကို မိမိချစ်သူအား ရင်ဖွင့်မယ်၊ တီးတိုးပြောမယ် …. ဒီလိုအားဖြင့် စိတ်ပင်ပန်းမှုလဲ ပြေပျောက်စေသလို နှစ်ကိုယ်ကြား ရင်းနှီးမှုလဲ ပိုရစေပါတယ်…
လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
သက်လုံကောင်းစေတဲ့အပြင် မိမိကိုယ်ကို ပိုမို ယုံကြည်မှုရှိစေပြီး စိတ်ကိုလဲ ပိုမိုလှုံ့ဆော်ပေးနိုင်ပါတယ်…
ဒီလိုအားဖြင့် ပျော်ရွှင်ဖွယ် အိမ်ထောင်ရေးသုခကို ခံစားနိုင်ပြီး အချစ်တွေ တိုးပွားနိုင်မယ်လို့ အကြံပြုလျက်….
#ပိုင်နီမောင်
(စိတ္သြားတိုင္း ကိုယ္ပါႏိုင္ဖို႔ရာ....)
အိမ္ေထာင္မႈ တစ္ခုရယ္ ျဖစ္လာတဲ့ အခ်ိန္မွာ ေပ်ာ္ရႊင္စရာ ၾကည္ႏူးစရာေတြ႐ွာေဖြဖို႔ရာ ...ေန႔စဥ္ သြားလာလည္ပတ္မယ္၊ ဝါသနာ တူတာေလးေတြ လုပ္ၾကမယ္၊ ဒါေတြအျပင္ အိပ္ရာ ေပၚက ကိစၥေလးေတြပါ ဖန္တီးၾကတာေပါ့... ဒီလို ခ်စ္ရည္လူးၿပီးၾကတဲ့အခါမွာ အားအင္ ကုန္ခမ္းတာမ်ိဳးေတြ ႐ွိတတ္တာမို႔ ျပန္လည္ျဖည့္တင္းဖို႔ရာ နည္းလမ္းေလးေတြ ေျပာျပခ်င္ပါတယ္...
သာမန္ လိင္မႈကိစၥျပဳလုပ္ၾကျခင္းဟာ အားအင္အမ်ားႀကီး မကုန္ခမ္းႏိုင္သလို စိတ္ေက်နပ္မႈကိုလဲ ျဖစ္ေစပါတယ္ ...အကယ္၍ အားအင္ ကုန္ခမ္းသြားပါကလည္း ပံုမွန္စားေသာက္ျခင္းျဖင့္ အားအင္ ျပန္ျပည့္ေစႏိုင္ပါတယ္ ...
သို႔ေသာ္ မိမိကို ပိုမိုအားေကာင္းေစတဲ့ အစားအေသာက္ေလးေတြလည္း ႐ွိပါတယ္..
- ေကာ္ဖီ၊ green tea ၊ ဝိုင္နီ စတာေတြဟာ စိတ္ကို ပိုမို အားသန္ေစပါတယ္...
- ဟင္းႏုုႏြယ္ရြက္၊ ဂ်င္း ၊ ၾကက္သြန္ျဖဴ ၊ င႐ုပ္ေကာင္း၊င႐ုပ္ပြ ၊ အာလူးစတဲ့ ေန႔စဥ္ဟင္းလ်ာထဲတြင္ အသံုးျပဳေနက် အသီးအရြက္ေတြမွာ အားေကာင္းေစေသာ အာနိသင္ေတြ ပါပါသတဲ့..
- ငွက္ေပ်ာသီး ၊ ဖရဲသီး ၊ေထာပတ္သီး၊ ၊သလဲသီး၊ ဘယ္ရီသီးေတြနဲ႔ ဗိုက္တာမင္ စီ ႂကြယ္ဝတဲ့ အသီးအႏွံေတြဟာဆိုရင္လဲ အက်ိဳးထူးေစပါတယ္..
- ေခ်ာကလက္နက္(dark chocalate) ဟာဆိုရင္လည္း စိတ္ပင္ပန္းမႈကို ေလ်ာ့က်ေစၿပီး ေသြးလည္ပတ္မႈအား ေကာင္းေစတဲ့အျပင္ ဆႏၵ ပုိမိုၿပီးေျမာက္ရန္ အသံုးဝင္ပါတယ္...
- ၾကက္ဥ ဟာဆိုရင္လည္း အားေကာင္းေစတယ္.. စိတ္ပင္ပန္းမႈကို ေလ်ာ့ၾကေစသလို တျခားေသာက်န္းမာေရးအတြက္လဲ ေကာင္းမြန္ေစတာမို႔ စားသံုးသင့္တာေပါ့...
- ပုဇြန္၊ ဂဏန္း၊ ကမာေကာင္ အစ႐ွိတဲ့ ပင္လယ္စာေတြမွာလဲ ဆီ႐ိုတိုနင္ဆိုတဲ့ ဓာတ္ကို ပိုအားေကာင္းေစၿပီး စိတ္ကို ပိုမိုလွံု႔ေဆာ္ေပးႏိုင္ပါတယ္...
ထို႔ျပင္ ခံတြင္းက်န္းမာေရးအတြက္ေကာင္းေစသလို အနံ႔အသက္လဲ ေပ်ာက္လြယ္ေစတဲ့ " ပန္းသီး" ကို စားလိုက္ရင္ ပိုသင့္ေတာ္ပါတယ္...
ဒီလို အစားအေသာက္ေတြ အျပင္ မိမိရဲ႕ စိတ္ကို ပိုမိုေကာင္းမြန္ေစဖို႔ရန္ ...
sport drinks ေသာက္လို႔ရပါတယ္
- sport drink ဟာဆိုရင္ ဆံုး႐ႈံးသြားတဲ့ ေရဓာတ္၊ electrolyte ဓာတ္နဲ႔ အားအင္ေတြကို ျပန္လည္ျဖည့္တင္းေပးႏိုင္ပါတယ္ ...
အနားေပးပါ..
ကုန္ဆံုးသြားခဲ့တဲ့ အားအင္ေတြကို ျပန္လည္ျဖည့္တင္းဖို႔ လံုေလာက္တဲ့ အနားယူမႈ႐ွိပါေစ...
တီးတို္းစကားေျပာပါ..
မိမိစိတ္ခံစားမႈေတြကို မိမိခ်စ္သူအား ရင္ဖြင့္မယ္၊ တီးတိုးေျပာမယ္ .... ဒီလိုအားျဖင့္ စိတ္ပင္ပန္းမႈလဲ ေျပေပ်ာက္ေစသလို ႏွစ္ကိုယ္ၾကား ရင္းႏွီးမႈလဲ ပိုရေစပါတယ္...
ေလ့က်င့္ခန္း ပံုမွန္လုပ္ပါ
သက္လံုေကာင္းေစတဲ့အျပင္ မိမိကုိယ္ကို ပုိမို ယံုၾကည္မႈ႐ွိေစျပီး စိတ္ကိုလဲ ပိုမိုလံႈ ့ေဆာ္ေပးႏိုင္ပါတယ္...
ဒီလိုအားျဖင့္ ေပ်ာ္ရႊင္ဖြယ္ အိမ္ေထာင္ေရးသုခကို ခံစားႏိုင္ၿပီး အခ်စ္ေတြ တိုးပြားႏိုင္မယ္လို႔ အၾကံျပဳလ်က္....
#ပိုင္နီေမာင္