All Articlesကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

ဆီးခံဝမ်းခံလောင်ကွက် မဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲ

1 Mins read

ဆီးခံဝမ်းခံလောင်ကွက် မဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲ

မေမေဖေဖေတို့ကြုံတွေ့နေကျဖြစ်တဲ့ သားသားမီးမီးလေးတွေမှာဖြစ်သော ဆီးဝမ်းခံ(Diaper)ကြောင့်ဖြစ်လေ့ရှိတဲ့ အရေပြားလောင်ခြင်းကို မည်သို့မည်ပုံကာကွယ်ကြမလဲဆိုတာလေးကိုပြောကြရအောင်။ ကာကွယ်နည်းမပြောခင်မှာ Diaper rash ဆိုတာဘာလဲဆိုတဲ့အကြောင်း အရင်ပြောပြချင်ပါတယ်။

Diaper rash ဆိုတာ ဘာလဲ???

Diaper rash ဆိုတာဟာ ဆီးဝမ်းခံ(Diaper)ကြောင့်ဖြစ်တဲ့ အရေပြားလောင်ခြင်း(ဝါ)အရေပြားရောင်ယမ်းခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ ၎င်းဟာ Diaper စိုစွတ်ခြင်း၊လဲမပေးပဲကြာရှည်စွာဝတ်ဆင်ထားခြင်း၊အရေပြားနှင့်ဓါတ်မတည့်ခြင်း၊ပွန်းပဲ့ခြင်းတို့ကြောင့်ဖြစ်တတ်ပါတယ်။ ကလေးတွင်သာမက လူကြီးတွေမှာလဲဖြစ်တတ်ပါတယ်။ Diaper rash ဟာကလေးကိုအလွန်နေရထိုင်ရခက်စေတာကြောင့် မဖြစ်အောင်ကြိုတင်ကာကွယ်ထားသင့်ပါတယ်။

Diaper rash မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ???

အောက်မှာဖော်ပြထားတဲ့အချက်လေး(၇)ချက်ကို လိုက်နာလုပ်ဆောင်ပြီးကာကွယ်နိုင်ပါတယ်-

၁။Diaper မကြာခနလဲပေးပါ။ ညစ်ပတ်ပေရေ(သို့)စိုစွတ်တာနဲ့ လဲပေးပါ။

၂။Diaper လဲပြီးတိုင်း ရေနွေးနွေးလေးဖြင့် ညင်သာစွာကလေးအောက်ပိုင်းကို သန့်ရှင်းရေးလုပ်ပေးပါ။ နူးညံ့စိုစွတ်သောအဝတ်၊ဂွမ်းလုံးသန့်လေးတွေနဲ့ ညင်ညင်သာသာလေးသန့်ရှင်းပေးပါ။ အရက်ပြန်ပါသောသန့်ရှင်းရေးပစ္စည်းများမသုံးသင့်ပါ။ ဆပ်ပြာသုံးမည်ဆိုပါက ကလေးသုံး၊အနံ့မပါသောဆပ်ပြာကိုသာသုံးပါ။

၃။သန့်ရှင်းရေးလုပ်ပြီးပါက ကလေးအောက်ပိုင်းအား ပဝါသန့်လေးဖြင့်ညင်သာစွာပုတ်၍သော်လည်းကောင်း၊သဘာဝအတိုင်းသာလည်းကောင်း အခြောက်ခံပါ။ ထူထဲကြမ်းတမ်း၍မသန့်ရှင်းသော အဝတ်များဖြင့်မသုတ်ရပါ။

၄။Diaper ကိုအရမ်းမကြပ်ပါစေနှင့်။ အရမ်းကြပ်လျှင်လေဝင်လေထွက်မကောင်းပဲ ပူနွေးစွတ်စိုပြီး Diaper rash ပိုဖြစ်စေပါတယ်။ ဒါ့အပြင် အရမ်းကြပ်တဲ့ Diaper ကြောင့် ပေါင်နှင့်ခါးနေရာမှာပွန်းပဲ့ရာတွေဖြစ်နိုင်ပါတယ်။

၅။ကလေးကို Diaper မဝတ်ပဲကြာကြာထားပေးပါ။ မလိုအပ်လျှင် Diaperကိုလုံးဝမဝတ်ပါနှင့်။ သဘာဝလေဖြင့်ထိတွေ့ခြောက်သွေ့ခြင်းဟာပိုမိုကောင်းမွန်ပါတယ်။ အောက်ပိုင်းကိုညစ်ပေမသွားစေရန် သန့်ရှင်းသောပဝါစကြီး၊အိပ်ရာခင်း ခင်းပေးထားနိုင်ပါတယ်။

၆။Diaper Rash အား ကာကွယ်ပေးနိုင်သော အရာများ အသုံးပြုခြင်း။ Diaper လဲတဲ့အခါတိုင်းမှာ zinc oxide (သို့) petroleum jelly သုံးစွဲပးပါက အရေပြားလောင်ခြင်းကိုသက်သာစေနိုင်ပါတယ်။

၇။Diaper လဲပြီးတိုင်း သင့်လက်ကိုစင်ကြယ်စွာဆေးကြောပါ။ လက်ဆေးခြင်းဟာ လက်နဲ့အတူကပ်ပါလာမယ့် ဘက်တီးရီးယား၊မှိုပိုးတွေကိုသင့်ထံ(သို့)သင့်ကလေးရဲ့တစ်နေရာမှတစ်နေရာ(သို့)အခြားကလေးထံသို့ မကူးစက်အောင်ကာကွယ်ပေးနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နှင့်ပြသမလဲ???

အိမ်တွင်းကုသမှုနဲ့ရက်အတော်ကြာမသက်သာလျှင်၊သွေးထွက်ပြည်ထွက်လျှင်၊ဖျားနာလျှင် နီးစပ်ရာဆရာဝန်နှင့်ပြသရန်လိုပါတယ်။

သားသားမီးမီးအရေပြားလေးတွေ Diaper rash ကင်းဝေးလို့ကျန်းမာလှပနိုင်ကြပါစေ။

dr.yelwin mm

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *