အကြောပြတ်ခြင်းတွေ ဘယ်လိုကာကွယ်မလဲ

အလှအပမြတ်နိုးသူတွေအတွက် အကြောပြတ်ဒဏ်ရာတွေဟာ အိမ်မက်ဆိုးတစ်ခုပါပဲ။အကြောပြတ်ဒဏ်ရာတွေဟာ အနီရောင်၊ခရမ်းရောင်၊အဖြူရောင် စတဲ့အရောင်တွေနဲ့ ခန္ဓာကိုယ်မှာ ဖြစ်တတ်ပြီးတော့ ခန္ဓာကိုယ်အလှကို ပျက်စီးစေတာပါ။

အကြောပြတ်ခြင်း ဘာကြောင့်ဖြစ်လဲ

– ရှိရင်းစွဲ ခန္ဓာကိုယ်ထက် အမြန်ပြောင်းလဲလာတဲ့အခါ အရေပြားရဲ့ ကျုံ့နိုင်စွမ်းအားကို ကျော်လွန်လာလို့ အကြောပြတ်ခြင်းတွေ ဖြစ်ရတာပါ။

ဘယ်လိုအချိန်တွေမှာ အကြောပြတ်ခြင်းတွေဖြစ်တတ်လဲ။

– ကိုယ်ဝန်ဆောင်ချိန်၊ ရှိရင်းစွဲခန္ဓာကိုယ်ထက် အရမ်းဝလာတာ၊ ပျိုဖော်ဝင်စ အရမ်းထွားလာတဲ့အချိန်တွေမှာ ဖြစ်တတ်ပါတယ်။

– ကိုယ့်ရဲ့ မိဘဆွေမျိုးတွေမှာ အကြောပြတ်ခြင်းတွေ ဖြစ်တတ်ရင် မိမိမှာလည်း အကြောပြတ်ဒဏ်ရာတွေ ခံစားနိုင်ခြေ ပိုများတတ်ပါတယ်။

ဘယ်လိုနေရာတွေမှာ အကြောပြတ်ဒဏ်ရာတွေ ဖြစ်တတ်သလဲ။

– ဗိုက်၊ပေါင်၊တင်ပါး၊ရင်ဘတ်၊နောက်ကျောနဲ့ ခြေသလုံးတွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။

အကြောပြတ်ခြင်းတွေ ဘယ်လိုကာကွယ်ကြမလဲ

– ကိုယ်ခန္ဓာအလေးချိန် ထိန်းပါ။ အလွန်ဝလာခြင်းဟာ အရေပြားရဲ့ ဆွဲအားကိုကျော်လွန်ပြီး အကြောပြတ်ဒဏ်ရာတွေ ဖြစ်စေတတ်လို့ ကိုယ်ခန္ဓာအလေးချိန် ထိန်းသင့်ပါတယ်။

– ရေများများသောက်ပါ။ ကျန်းမာပြီး ရေဓာတ်ပြည့်ဝတဲ့ အသားအရေဟာ အကြောပြတ်ခြင်းကို ကာကွယ်နိုင်ပါတယ်။တစ်နေ့ ရေ၂လီတာ အနည်းဆုံးသောက်ပါ။

– တစ်နေ့တာ အစားအသောက်မှာ သင့်တင့်မျှတတဲ့ အာဟာရဓာတ် ပါပါစေ။
အသားအရေ ကျန်းမာပြီး အကြောပြတ်ခြင်းတွေမဖြစ်စေဖို့ လိုအပ်တဲ့ အာဟာရဓာတ် ရှိသင့်ပါတယ်။ဗိုက်တာမင် C,D,E၊ ဇင့်၊ ပရိုတင်း စတဲ့အာဟာရဓာတ်တွေ တစ်နေ့တာ အစားအသောက်မှာ ပါဝင်သင့်ပါတယ်။

– အသားအရေ အစိုဓာတ်ထိန်းပါ။ ခြောက်သွေ့တဲ့ အသားအရေဟာ အကြောပြတ်ဒဏ်ရာတွေ ပိုဖြစ်စေတတ်လို့ အသားအရေ စိုပြည်အောင် ထားသင့်ပါတယ်။Lotion,Coconut oil,Olive oil စတဲ့ အစိုဓာတ်ထိန်းတဲ့ ခရင်မ်တွေ လိမ်းနိုင်ပါတယ်။

ကျန်းမာလှပသော ဘဝတစ်ခုပိုင်ဆိုင်စေရန် ရည်ရွယ်လျက်

ပွင့်ရည်(ဆေး ၂)

အေၾကာျပတ္ျခင္းေတြ ဘယ္လိုကာကြယ္မလဲ

အလွအပျမတ္ႏိုးသူေတြအတြက္ အေၾကာျပတ္ဒဏ္ရာေတြဟာ အိမ္မက္ဆိုးတစ္ခုပါပဲ။အေၾကာျပတ္ဒဏ္ရာေတြဟာ အနီေရာင္၊ခရမ္းေရာင္၊အျဖဴေရာင္ စတဲ့အေရာင္ေတြနဲ႔ ခႏၶာကိုယ္မွာ ျဖစ္တတ္ၿပီးေတာ့ ခႏၶာကို္ယ္အလွကို ပ်က္စီးေစတာပါ။

အေၾကာျပတ္ျခင္း ဘာေၾကာင့္ျဖစ္လဲ

– ႐ွိရင္းစြဲ ခႏၶာကိုယ္ထက္ အျမန္ေျပာင္းလဲလာတဲ့အခါ အေရျပားရဲ႕ က်ံဳ႕ႏိုင္စြမ္းအားကို ေက်ာ္လြန္လာလို႔ အေၾကာျပတ္ျခင္းေတြ ျဖစ္ရတာပါ။

ဘယ္လိုအခ်ိန္ေတြမွာ အေၾကာျပတ္ျခင္းေတြျဖစ္တတ္လဲ။

– ကိုယ္ဝန္ေဆာင္ခ်ိန္၊ ႐ွိရင္းစြဲခႏၶာကိုယ္ထက္ အရမ္းဝလာတာ၊ ပ်ိဳေဖာ္ဝင္စ အရမ္းထြားလာတဲ့အခ်ိန္ေတြမွာ ျဖစ္တတ္ပါတယ္။

– ကိုယ့္ရဲ႕ မိဘေဆြမ်ိဳးေတြမွာ အေၾကာျပတ္ျခင္းေတြ ျဖစ္တတ္ရင္ မိမိမွာလည္း အေၾကာျပတ္ဒဏ္ရာေတြ ခံစားႏိုင္ေျခ ပိုမ်ားတတ္ပါတယ္။

ဘယ္လိုေနရာေတြမွာ အေၾကာျပတ္ဒဏ္ရာေတြ ျဖစ္တတ္သလဲ။

– ဗိုက္၊ေပါင္၊တင္ပါး၊ရင္ဘတ္၊ေနာက္ေက်ာနဲ႔ ေျခသလံုးေတြမွာ အမ်ားဆံုး ျဖစ္တတ္ပါတယ္။

အေၾကာျပတ္ျခင္းေတြ ဘယ္လိုကာကြယ္ၾကမလဲ

– ကိုယ္ခႏၶာအေလးခ်ိန္ ထိန္းပါ။ အလြန္ဝလာျခင္းဟာ အေရျပားရဲ႕ ဆြဲအားကိုေက်ာ္လြန္ၿပီး အေၾကာျပတ္ဒဏ္ရာေတြ ျဖစ္ေစတတ္လို႔ ကိုယ္ခႏၶာအေလးခ်ိန္ ထိန္းသင့္ပါတယ္။

– ေရမ်ားမ်ားေသာက္ပါ။ က်န္းမာၿပီး ေရဓာတ္ျပည့္ဝတဲ့ အသားအေရဟာ အေၾကာျပတ္ျခင္းကို ကာကြယ္ႏိုင္ပါတယ္။တစ္ေန႔ ေရ၂လီတာ အနည္းဆံုးေသာက္ပါ။

– တစ္ေန႔တာ အစားအေသာက္မွာ သင့္တင့္မွ်တတဲ့ အာဟာရဓာတ္ ပါပါေစ။
အသားအေရ က်န္းမာၿပီး အေၾကာျပတ္ျခင္းေတြမျဖစ္ေစဖို႔ လိုအပ္တဲ့ အာဟာရဓာတ္ ႐ွိသင့္ပါတယ္။ဗိုက္တာမင္ C,D,E၊ ဇင့္၊ ပ႐ိုတင္း စတဲ့အာဟာရဓာတ္ေတြ တစ္ေန႔တာ အစားအေသာက္မွာ ပါဝင္သင့္ပါတယ္။

– အသားအေရ အစိုဓာတ္ထိန္းပါ။ ေျခာက္ေသြ႕တဲ့ အသားအေရဟာ အေၾကာျပတ္ဒဏ္ရာေတြ ပိုျဖစ္ေစတတ္လို႔ အသားအေရ စိုျပည္ေအာင္ ထားသင့္ပါတယ္။Lotion,Coconut oil,Olive oil စတဲ့ အစိုဓာတ္ထိန္းတဲ့ ခရင္မ္ေတြ လိမ္းႏိုင္ပါတယ္။

က်န္းမာလွပေသာ ဘဝတစ္ခုပိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္

ပြင့္ရည္(ေဆး ၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…

Leave a Reply

Your email address will not be published. Required fields are marked *