သင်္ကြန်နှင့်ကလေးတို့၏ အရေပြားပြဿနာ
သင်္ကြန်ရေကစားသူတွေအနေနဲ့ ပူပြင်းတဲ့နေရောင်ကြောင့် အသားအရည်ပျက်စီးတာ၊မသန့်ရှင်းတဲ့ရေတွေကြောင့် အရေပြားယားယံတာ၊ပိုးဝင်တာမျိုးတွေဖြစ်တတ်ပါတယ်။
သားသားမီးမီးတွေရဲ့အရေပြားလေးတွေဟာ နုနုနယ်နယ်လေးတွေမို့ ပိုမိုထိခိုက်ပျက်စီးလွယ်ပါတယ်။ မေမေတို့အနေနဲ့ သင်္ကြန်မှာဆော့ကစားမယ့် သားသားမီးမီးလေးတွေမှာ အရေပြားပြသနာလေးတွေမဖြစ်ရလေအောင် ဒီလိုမျိုးလေး တွေ ကာကွယ်ပေးနိုင်ပါတယ်:
ရေကစားဖို့သတ်မှတ်ထားတဲ့အချိန်တွေမှာပဲ ပေးကစားပါ။
(အပူချိန်အရမ်းမြင့်ချိန်တွေမှာ ရေကစားနားဖို့ သတင်းစာတွေ တီဗီအစီအစဉ်တွေမှာ အချိန်နာရီတွေ ကြေငြာချက်ထုတ်ပြန်လေ့ ရှိပါတယ်။)
နေပူထဲမထွက်မီ နေရောင်ကာခရင်မ် လိမ်းပေးပါ။
(နေရောင်ကာခရင်မ်ဟာ တစ်ခါလိမ်းရုံနဲ့တစ်နေ့လုံး မခံတာကြောင့် မကြာမကြာပြန်လိမ်းပေးပါ။) ဖြစ်နိုင်လျှင် နေရောင်ဒဏ်ခံနိုင်အောင် အကျီၤလက်ရှည် ဘောင်းဘီရှည်ဝတ်ဆင်ပေးပါ။
မသန့်ရှင်းတဲ့ရေတွေနဲ့ ပေးမဆော့ပါနဲ့။
မသန့်ရှင်းတဲ့ရေတွေကြောင့် အရေပြားထိခိုက်နိုင်ကြောင်း ကလေးနားလည်တဲ့ စကားလုံး ၊ဥပမာတွေနဲ့ရှင်းပြပါ။
ရေကစားပြီးပြန်လာလျှင် ရေသေချာချိုးပေးပါ။
ကလေးအသက်အရွယ်နဲ့သင့်လျော်မယ့် လိုးရှင်းတစ်မျိုးမျိုး လိမ်းပေးပါ။
ဒါတွေဖြစ်ရင် ဆေးခန်းပြပါ ???
- အရေပြားယားယံခြင်း
- အရေပြားနီရဲယောင်ယမ်းလာခြင်း
- ဖုအပိန့်များ၊ အနာများဖြစ်ပေါ်လာခြင်း
ကျန်းမာပျော်ရွှင်တဲ့ အတာသင်္ကြန်နှစ်ကူးဖြစ်ပါစေ…
မေ (ဆေး ၂)
သၾကၤန္ႏွင့္ကေလးတို႔၏ အေရျပားျပႆနာ
သၾကၤန္ေရကစားသူေတြအေနနဲ႔ ပူျပင္းတဲ့ေနေရာင္ေၾကာင့္ အသားအရည္ပ်က္စီးတာ၊မသန္႔႐ွင္းတဲ့ေရေတြေၾကာင့္ အေရျပားယားယံတာ၊ပိုးဝင္တာမ်ိဳးေတြျဖစ္တတ္ပါတယ္။
သားသားမီးမီးေတြရဲ႕အေရျပားေလးေတြဟာ ႏုႏုနယ္နယ္ေလးေတြမို႔ ပိုမိုထိခိုက္ပ်က္စီးလြယ္ပါတယ္။ ေမေမတို႔အေနနဲ႔ သၾကၤန္မွာေဆာ့ကစားမယ့္ သားသားမီးမီးေလးေတြမွာ အေရျပားျပသနာေလးေတြမျဖစ္ရေလေအာင္ ဒီလိုမ်ိဳးေလး ေတြ ကာကြယ္ေပးႏိုင္ပါတယ္:
ေရကစားဖို႔သတ္မွတ္ထားတဲ့အခ်ိန္ေတြမွာပဲ ေပးကစားပါ။
(အပူခ်ိန္အရမ္းျမင့္ခ်ိန္ေတြမွာ ေရကစားနားဖို႔ သတင္းစာေတြ တီဗီအစီအစဥ္ေတြမွာ အခ်ိန္နာရီေတြ ေၾကျငာခ်က္ထုတ္ျပန္ေလ့ ႐ွိပါတယ္။)
ေနပူထဲမထြက္မီ ေနေရာင္ကာခရင္မ္ လိမ္းေပးပါ။
(ေနေရာင္ကာခရင္မ္ဟာ တစ္ခါလိမ္းရံုနဲ႔တစ္ေန႔လံုး မခံတာေၾကာင့္ မၾကာမၾကာျပန္လိမ္းေပးပါ။) ျဖစ္ႏိုင္လ်ွင္ ေနေရာင္ဒဏ္ခံႏိုင္ေအာင္ အက်ီၤလက္႐ွည္ ေဘာင္းဘီ႐ွည္ဝတ္ဆင္ေပးပါ။
မသန္႔႐ွင္းတဲ့ေရေတြနဲ႔ ေပးမေဆာ့ပါနဲ႔။
မသန္႔႐ွင္းတဲ့ေရေတြေၾကာင့္ အေရျပားထိခိုက္ႏိုင္ေၾကာင္း ကေလးနားလည္တဲ့ စကားလံုး ၊ဥပမာေတြနဲ႔႐ွင္းျပပါ။
ေရကစားၿပီးျပန္လာလ်ွင္ ေရေသခ်ာခ်ိဳးေပးပါ။
ကေလးအသက္အရြယ္နဲ႔သင့္ေလ်ာ္မယ့္ လိုး႐ွင္းတစ္မ်ိဳးမ်ိဳး လိမ္းေပးပါ။
ဒါေတြျဖစ္ရင္ ေဆးခန္းျပပါ ???
- အေရျပားယားယံျခင္း
- အေရျပားနီရဲေယာင္ယမ္းလာျခင္း
- ဖုအပိန္႔မ်ား၊ အနာမ်ားျဖစ္ေပၚလာျခင္း
က်န္းမာေပ်ာ္ရႊင္တဲ့ အတာသၾကၤန္ႏွစ္ကူးျဖစ္ပါေစ…
ေမ (ေဆး ၂)