မှိုရောဂါပိုးကိုဘယ်လိုကာကွယ်ကြမလဲ???
ဟုတ်ပါတယ် မှိုရောဂါပိုးဟာကုသဖို့ရာ အရမ်းမခက်ခဲပါဘူး။ ဒါပေသိ ပြန်ပြန်ဖြစ်တတ်တဲ့၎င်းရဲ့အကျင့်ကြောင့် မကြာခနဆိုသလို လူကြီးလူငယ်မရွေး ယားနာတွေဖြစ်ဖြစ်နေတာတွေ့ရမှာပါ။ ဒီလိုကူးစက်ပြန့်ပွားဖို့လွယ်တဲ့ မှိုရောဂါကို ခနတိုင်းပြန်မဖြစ်အောင်ကာကွယ်နိုင်ဖို့လိုပါတယ်။ ဒီနေ့အကြောင်းအရာလေးကတော့ ခနခနဖြစ်ပွားပြီး လူတွေကိုအနှောင့်အယှက်ပေးတဲ့မှိုရောဂါကို ဘယ်လိုတွေကာကွယ်ကြမလဲဆိုတဲ့ အချက်ကလေးတွေအကြောင်းပဲဖြစ်ပါတယ်။
အောက်မှာတော့ အရေပြားမှိုရောဂါမခံစားရအောင် ကာကွယ်ပေးမယ့်အချက်ကလေး(၁၀)ချက်အကြောင်းကိုပြောသွားပေးပါ့မယ်…
၁။မှိုရောဂါလိမ်းဆေး၊သောက်ဆေး၊ထည့်ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သုံးစွဲရမယ့်အချိန်အတိုင်းအတာ၊ဆေးပမာဏ ပြီးပြတ်အောင်သုံးစွဲပေးပါ။
၂။ခြေထောက်တွေကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။
ခြေအိတ်ပုံမှန်လဲပါ။ လေဝင်လေထွက်ကောင်းသောညှပ်ဖိနပ်၊ရှူးဖိနပ်တို့ကိုသာ စီးပါ။
၃။ဖိနပ်နဲ့ခြေထောက် ဆိုဒ်ကိုက်ညီပါစေ။ ကြပ်လွန်းသောဖိနပ်များ မစီးရပါ။
၄။ခြေပြောင်(ဖိနပ်မပါပဲ)ဖြင့် လမ်းလျှောက်ခြင်း(အထူးသဖြင့် ရေချိုးခန်း၊အိမ်သာ၊gym ထဲတွင်)ကိုရှောင်ပါ။ ရေချိုးစီးညှပ်ဖိနပ်လေး စီးထားပေးပါ(ရေချိုးခန်း၊အိမ်သာဝင်တဲ့အခါတိုင်း)။
၅။ခြေသည်းလက်သည်းတိုတိုနဲ့ ပုံမှန်ညှပ်ပေးပါ။ ခြေသည်းလက်သည်းထောင့်လေးများကို ချွန်ထက်ပြီးခြေသည်းအသားကိုထိုးမိခြင်းမဖြစ်အောင် လှီးဖြတ်ထားပါ။
မှိုရောဂါဖြစ်သောခြေသည်းလက်သည်းအားညှပ်ထားတဲ့လက်သည်းညှပ်ဖြင့် အခြားကောင်းသောနေရာများအား ရောမညှပ်မိပါစေနှင့်။ လက်သည်းညှပ် ခွဲပြီးသုံးပေးပါ။
၆။မိသားစုဝင်များနှင့် အတူတူနေထိုင်၊နီးစပ်သောသူများကိုလဲ မှိုရောဂါပိုးမကူးရအောင် စနစ်တကျကာကွယ်ထားပါ။ လက်မကြာခနဆေးခြင်း၊ရောဂါပိုးရှိသူနဲ့ထိတွေ့မှုမှရှောင်ကြဉ်ခြင်း၊အသုံးအဆောင်ပစ္စည်းများကိုဝေမျှသုံးစွဲခြင်းမှ ရှောင်ကြဉ်ချင်းတို့ဖြင့်လဲ ကူးစက်ခံရခြင်းမှကာကွယ်နိုင်ပါတယ်။
၇။ဟောင်းနွမ်းဆွေးမြေ့နေသော ရှူးဖိနပ်၊ခြေညှပ်ဖိနပ်၊လည်ရှည်ဖိနပ်နှင့် အားကစားဖိနပ်များကို စွန့်ပစ်ပါ။ ခြေအိတ်၊ဖိနပ်များအား တစ်ဦးတစ်ယောက်ချင်းသီးသန့်သုံးပါ၊ဝေမျှမသုံးပါနှင့်။
၈။အဝတ်အစား၊အသုံးအဆောင်၊ခေါင်းဘီး၊ဆံညှပ်၊စောင်၊ခေါင်းအုံးစသည့် တစ်ကိုယ်ရည်သုံးပစ္စည်းများအား ဝေမျှသုံးစွဲခြင်းမပြုပါနှင့်။
၉။ဖိနပ်များ(ရှူးဖိနပ်၊အားကစားဖိနပ်နှင့်လည်ရှည်ဖိနပ်စသည်)အတွင်းသို့ မှိုရောဂါပိုးသေစေသော ပေါင်ဒါအမှုန့်များနေ့စဉ်ဖြူးထားပေးပါက ရောဂါပိုးပေါက်ပွားကူးစက်မှုအား ဟန့်တားပေးနိုင်ပါတယ်။
၁၀။ခြေဖဝါး၊ခြေသည်းများမှ မှိုရောဂါများအားကုသပြီးပါက မှိုရောဂါကိုနိုင်သောလိမ်းဆေးများဖြင့် တစ်ပတ်နှစ်ကြိမ်ခန့် ၎င်းနေရာများသို့လိမ်ပေးခြင်းဖြင့် ရောဂါပြန်လည်ဖြစ်ပွားခြင်းမှကာကွယ်နိုင်ပါတယ်။
အထက်ပါအချက်ကလေးများကို လိုက်နာလုပ်ဆောင်ခြင်းဖြင့် မှိုရောဂါမဖြစ်ပွားအောင်(သို့)ထပ်မံမဖြစ်ပွားအောင် ကာကွယ်နိုင်ပါတယ်။
အားလုံးပဲ သန့်ရှင်းစင်ကြယ်ပြီး မှိုရောဂါကင်းရှင်းတဲ့အရေပြားလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။
dr.ye’lwin mm
မွဳိေရာဂါပိုးကိုဘယ္လိုကာကြယ္ၾကမလဲ???
ဟုတ္ပါတယ္ မွိဳေရာဂါပိုးဟာကုသဖို႕ရာ အရမ္းမခက္ခဲပါဘူး။ ဒါေပသိ ျပန္ျပန္ျဖစ္တတ္တဲ့၎ရဲ႕အက်င့္ေၾကာင့္ မၾကာခနဆိုသလို လူႀကီးလူငယ္မေရြး ယားနာေတြျဖစ္ျဖစ္ေနတာေတြ႕ရမွာပါ။ ဒီလိုကူးစက္ျပန္႕ပြားဖို႕လြယ္တဲ့ မွိဳေရာဂါကို ခနတိုင္းျပန္မျဖစ္ေအာင္ကာကြယ္ႏိုင္ဖို႕လိုပါတယ္။ ဒီေန႕အေၾကာင္းအရာေလးကေတာ့ ခနခနျဖစ္ပြားၿပီး လူေတြကိုအေႏွာင့္အယွက္ေပးတဲ့မွိဳေရာဂါကို ဘယ္လိုေတြကာကြယ္ၾကမလဲဆိုတဲ့ အခ်က္ကေလးေတြအေၾကာင္းပဲျဖစ္ပါတယ္။
ေအာက္မွာေတာ့ အေရျပားမွိဳေရာဂါမခံစားရေအာင္ ကာကြယ္ေပးမယ့္အခ်က္ကေလး(၁၀)ခ်က္အေၾကာင္းကိုေျပာသြားေပးပါ့မယ္…
၁။မွိဳေရာဂါလိမ္းေဆး၊ေသာက္ေဆး၊ထည့္ေဆးမ်ားကို ဆရာဝန္ၫႊန္ၾကားသည့္အတိုင္း သံုးစြဲရမယ့္အခ်ိန္အတိုင္းအတာ၊ေဆးပမာဏ ၿပီးျပတ္ေအာင္သံုးစြဲေပးပါ။
၂။ေျခေထာက္ေတြကို ေျခာက္ေသြ႕သန္႕ရွင္းေအာင္ထားပါ။
ေျခအိတ္ပံုမွန္လဲပါ။ ေလဝင္ေလထြက္ေကာင္းေသာညႇပ္ဖိနပ္၊ရွဴးဖိနပ္တို႕ကိုသာ စီးပါ။
၃။ဖိနပ္နဲ႕ေျခေထာက္ ဆိုဒ္ကိုက္ညီပါေစ။ ၾကပ္လြန္းေသာဖိနပ္မ်ား မစီးရပါ။
၄။ေျခေျပာင္(ဖိနပ္မပါပဲ)ျဖင့္ လမ္းေလွ်ာက္ျခင္း(အထူးသျဖင့္ ေရခ်ဳိးခန္း၊အိမ္သာ၊gym ထဲတြင္)ကိုေရွာင္ပါ။ ေရခ်ဳိးစီးညႇပ္ဖိနပ္ေလး စီးထားေပးပါ(ေရခ်ဳိးခန္း၊အိမ္သာဝင္တဲ့အခါတိုင္း)။
၅။ေျခသည္းလက္သည္းတိုတိုနဲ႕ ပံုမွန္ညႇပ္ေပးပါ။ ေျခသည္းလက္သည္းေထာင့္ေလးမ်ားကို ခၽြန္ထက္ၿပီးေျခသည္းအသားကိုထိုးမိျခင္းမျဖစ္ေအာင္ လွီးျဖတ္ထားပါ။
မွိဳေရာဂါျဖစ္ေသာေျခသည္းလက္သည္းအားညႇပ္ထားတဲ့လက္သည္းညႇပ္ျဖင့္ အျခားေကာင္းေသာေနရာမ်ားအား ေရာမညႇပ္မိပါေစႏွင့္။ လက္သည္းညႇပ္ ခြဲၿပီးသံုးေပးပါ။
၆။မိသားစုဝင္မ်ားႏွင့္ အတူတူေနထိုင္၊နီးစပ္ေသာသူမ်ားကိုလဲ မွိဳေရာဂါပိုးမကူးရေအာင္ စနစ္တက်ကာကြယ္ထားပါ။ လက္မၾကာခနေဆးျခင္း၊ေရာဂါပိုးရွိသူနဲ႕ထိေတြ႕မွဳမွေရွာင္ၾကဥ္ျခင္း၊အသံုးအေဆာင္ပစၥည္းမ်ားကိုေဝမွ်သံုးစြဲျခင္းမွ ေရွာင္ၾကဥ္ခ်င္းတို႔ျဖင့္လဲ ကူးစက္ခံရျခင္းမွကာကြယ္ႏိုင္ပါတယ္။
၇။ေဟာင္းႏြမ္းေဆြးေျမ႕ေနေသာ ရွဴးဖိနပ္၊ေျခညႇပ္ဖိနပ္၊လည္ရွည္ဖိနပ္ႏွင့္ အားကစားဖိနပ္မ်ားကို စြန္႕ပစ္ပါ။ ေျခအိတ္၊ဖိနပ္မ်ားအား တစ္ဦးတစ္ေယာက္ခ်င္းသီးသန္႕သံုးပါ၊ေဝမွ်မသံုးပါႏွင့္။
၈။အဝတ္အစား၊အသံုးအေဆာင္၊ေခါင္းဘီး၊ဆံညႇပ္၊ေစာင္၊ေခါင္းအံုးစသည့္ တစ္ကိုယ္ရည္သံုးပစၥည္းမ်ားအား ေဝမွ်သံုးစြဲျခင္းမျပဳပါႏွင့္။
၉။ဖိနပ္မ်ား(ရွဴးဖိနပ္၊အားကစားဖိနပ္ႏွင့္လည္ရွည္ဖိနပ္စသည္)အတြင္းသို႕ မွိဳေရာဂါပိုးေသေစေသာ ေပါင္ဒါအမွဳန္႕မ်ားေန႕စဥ္ျဖဴးထားေပးပါက ေရာဂါပိုးေပါက္ပြားကူးစက္မွဳအား ဟန္႕တားေပးႏိုင္ပါတယ္။
၁၀။ေျခဖဝါး၊ေျခသည္းမ်ားမွ မွိဳေရာဂါမ်ားအားကုသၿပီးပါက မွိဳေရာဂါကိုႏိုင္ေသာလိမ္းေဆးမ်ားျဖင့္ တစ္ပတ္ႏွစ္ႀကိမ္ခန္႕ ၎ေနရာမ်ားသို႕လိမ္ေပးျခင္းျဖင့္ ေရာဂါျပန္လည္ျဖစ္ပြားျခင္းမွကာကြယ္ႏိုင္ပါတယ္။
အထက္ပါအခ်က္ကေလးမ်ားကို လိုက္နာလုပ္ေဆာင္ျခင္းျဖင့္ မွိဳေရာဂါမျဖစ္ပြားေအာင္(သို႕)ထပ္မံမျဖစ္ပြားေအာင္ ကာကြယ္ႏိုင္ပါတယ္။
အားလံုးပဲ သန္႕ရွင္းစင္ၾကယ္ၿပီး မွဳိေရာဂါကင္းရွင္းတဲ့အေရျပားေလးေတြ ပိုင္ဆိုင္ႏိုင္ၾကပါေစ။
dr.ye’lwin mm