ကလေးတွေဆံပင်သန်အောင် ဘာတွေကျွေးကြမလဲ
ကလေးတွေကိုဆံပင်သန်စေခြင်တယ်ဆိုပြီး အချို့သောမိဘတွေတောင့်တတ်ကြပါတယ်။ ဆံပင်နက်နက်လေးနဲ့လှတယ်ဆိုပြီးဆံပင်သန်အောင်နည်းမျိုးစုံနဲ့ကြိုးစားကြပါတယ်။ ဆံပင်သန်အောင်ကြိုးစားကြတဲ့အခါ အကြောင်းအရာများစွာပါဝင်ပက်သက်နေပါတယ်။ အာဟာရပြည့်စုံမှု၊ မျိုးရိုးလိုက်မှုစတာတွေနဲ့လည်းပက်သက်နိုင်ပါတယ်။ ဆံပင်သန်စေဖို့အတွက် ကြိုးစားကြည့်လို့ရတဲ့နည်းလမ်းအချို့ရှိပါတယ်။
ဆံပင်သန်စေတဲ့အစားအစာတွေမျာစွားရှိပါတယ်။ အဆိုပါအစားအစာထဲကတစ်ခုကတော့ ဥအမျိုးမျိုးဖြစ်ပါတယ်။ ဥတွေမှာ biotinလို့ခေါ်တဲ့ vitamin တစ်မျိုးနဲ့ proteinတွေများစွာပါဝင်ပါတယ်။ proteinကောbiotin ကော။ ဆံပင်သန်အောင်ပြုလုပ်ပေူနိုင်တဲ့အတွက် ဥအိမျုးမျိုးကိုမဖြစ်မနေစားဖို့လိုပါတယ်။ နောက်ပိုင်းဆံပင်သန်ဆေးတွေဆိုရင် biotinကို ဖြည့်စွက်ပြီးသုံးစွဲနေကြပါတယ်။
Berryသီးတွေကလည်း ဆံပင်သန်အောင်ပြုလုပ်ပေးပါတယ်။ berryတွေမှာ vitamin c ကြွယ်ဝစွာပါဝင်ပါတယ်။ vitamin c ကဆံပင်အမြစ်တွေကို free radicalလို့ခေါ်တဲ့ မကောင်းတဲ့ဓာတ်တွေကနေကာကွယ်ပေးပါတယ်။ အဆိုပါဓာတ်တွေက ဆံပင်အမြစ်တွေကိုပျက်စီးစေတဲ့အတွက် berryသီးတွေများများစားခြင်းက ဆံပင်သန်အောင်ပြုလုပ်ပေးပါတယ်။ ဒါ့အပြင် vitamin c က collagen တွေဖွဲ့စည်းရာမှာလည်းအထောက်အကူပေးနိုင်တာကြောင့် ဆံငပ်တွေသန်မာပြီး အလွယ်တကူကျွတ်ခြင်း၊ ကျိုးခြင်းတို့ကိုကာကွယ်ပေးနိုင်ပါတယ်။
ဟင်းနုနွယ်ရွက်ဟာလည်း ဆံပင်သန်စေတဲ့ အစညးအစာတစ်မျိုးဖြစ်ပါတယ်။ ဟင်းနုနွယ်ရွက်မှာ vitamin A, C၊folic acid တို့များစွာပါဝင်ပြီးဆံပင်သန်စေပါတယ်။ vitamin Aက ဦးရေပြားမှာရှိတဲ့ glandsတွေကနေ အဆီထွက်တာကိုလှုံ့ဆော်ပေးပြီး ဦးရေပြားခြောက်ခြင်းကိုကာကွယ်ပေးပါတယ်။ ဒါ့အပြင် သံဓာတ်လည်းကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင်ကောင်းကောင်းပေါက်စေနိုင်ပါတယ်။
Vitamin Eကြွယ်ဝစွာပါဝင်တဲ့ ထောပတ်သီးဟာလည်း ဆံပင်သန်စွမ်းစေပါတယ်။ vitamin E ဟာလည်း vitamin C လိုပဲ antioxidant action ရှိပြီး ဆံပင်အမြစ်၊ ဦးရေပြားတို့ကိုပျက်စီးခြင်းမှကာကွယ်ပါတယ်။ essential fatty acidလို့ခေါ်တဲ့ ခန္ဓာကိုယ်ကနေမထုတ်နိုင်တဲ့ အဆီတွေလည်း
ထောပတ်သီးမှာများစွာပါဝင်ပြီး အဆိုပါအဆီတွေကလည်း ဆံပင်သန်အောင် ကူညီပေးပါတယ်။
အဆိုပါအစားအစာတွေအပြင် သားငါးမျိုးစုံ၊ ပဲမျိုးစုံတို့မှာလည်း proteinတွေကြွယ်ဝစွာပါဝင်ပြီး ဆံပင်သန်ရေးသာမက ခန္ဓာကိုယ်ဖွဲ့စည်းပုံအတွက်လည်းအရေးကြီးပါတယ်။ ဒါကြောင့် အစားအသောက်ကို လုံလောက်ပြည့်စုံအောင်စားပေးပြီး ဆံပင်သန်အောင်ပြုလုပ်နိုင်ပါတယ်။
Dr. ZZ