မျက်တောင်လေးများ လှပစေလို့ငှာ

ကော့ညွှတ်ရှည်လျားတဲ့ မျက်တောင်ပိုင်ရှင်ကို မြင်ရရင် အမျိုးသမီးတော်တော်များများ အားကျစိတ်ဖြစ်သည်မှာ အမှန်ပင်။ မျက်တောင်လေးတွေရဲ့ မဲမှောင်သွယ်လျကော့ပျံ့နေခြင်းက အလှတရားတစ်ခု မဟုတ်ပါပဲလား။ သို့ကြောင့်ပင် တန်ဆာဆင် မျက်တောင်တုလေးများသည် ဈေးကွက်ထဲမှာ အရောင်းသွက်နေသော ရောင်းကုန်တစ်ခုဖြစ်လို့နေပေတော့သည်။

သို့သော် ထိုမျက်တောင်လေးများသည် အလှတရားအတွက် ပြယုဒ်သက်သက်တစ်ခုမဟုတ်ပါ။ အမှုန်အမွှားလေးများကို မျက်လုံးထဲသို့ မဝင်အောင်လည်း ကူညီပေးပေသည်။ ပြင်ပမှ အန္တရာယ်ရှိသော အရာတစ်ခုခု မျက်လုံးနား နီးကပ်လာပါကလည်း အလွယ်တကူသတိပြုမိစေသည်။

ဆံပင်များ ကျွတ်သကဲ့သို့ပင် မျက်တောင်မွှေးများကျွတ်ခြင်း၊ ပါးခြင်း ဖြစ်နိုင်ပါသည်။ ထိုသို့မဖြစ်အောင်သာမက ထူထဲလှပအောင် နည်းလမ်းများစွာ အသုံးပြုနေကြပေသည်။ ထိုအထဲတွင် ထင်ရှားသည်များမှာ

  • လက်ဖက်စိမ်းကပ်ခြင်း
  • သံလွင်ဆီလိမ်းခြင်း (သံပယိုရည် ထည့်လိမ်းခြင်း)
  • ကြက်ဆူဆီလိမ်းခြင်း
  • ရှားစောင်းလက်ပတ်လိမ်းခြင်း
  • မျက်တောင်ပေါက်ရာတစ်လျောက် နှိပ်နယ်ပေးခြင်း စသည်တို့ဖြစ်ပါသည်။


သို့သော် ထိုနည်းလမ်းများမှာ အိမ်သုံးနည်းလမ်းများဖြစ်၍ သိပ္ပံနည်းကျသက်သေပြထားသော နည်းလမ်းများ မဟုတ်ပေ။

မျက်တောင်လေးများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် အကောင်းဆုံးနည်းလမ်းပင် ဖြစ်ပါသည်။

  • မျက်တောင်ကို အလွဲသုံးစား မပြုပါနှင့် (မိတ်ကပ်လိမ်းရာတွင် မျက်စိတစ်ဝိုက် ကြမ်းတမ်းစွာ ပွတ်ခြင်း ရှောင်ကြဉ်ပါ။ မျက်တောင်များသည် အလွယ်တကူ ကျိုးကြေလွယ်သောကြောင့် မိတ်ကပ်မလိမ်းသောနေ့များ ထားရှိပေးပါက ပိုကောင်းပါသည်။ မျက်တောင်တုများ တပ်ထားပါကလည်း အလွယ်တကူ အမြန်ဆွဲမခွာပါနှင့်။)
  • မျက်တောင်ဘီးသေးဖြင့် မျက်တောင်များကို နေ့စဉ်ဖီးသင်ပေးခြင်း
  • မျက်တောင်ကော့ပေးခြင်းလည်း ပြုလုပ်ပေးသင့်ပါသည်။
  • မက်ကာရာ အသုံးပြုပါက တစ်မျိုးတည်းလိမ်းခြင်းထက် ပုံမှန်တစ်လွှာ၊ ရေစိုခံတစ်လွှာ ထပ်လိမ်းပေးပါက ပိုကောင်းပါသည်။ မလိမ်းခင် နှင့် လိမ်းပြီး မျက်တောင် ဖီးပေးပါ။
  • မျက်နှာကို မျက်နှာသစ်ဆပ်ပြာ အပျော့သုံးခြင်း


မိတ်ကပ်လိမ်းပြီးတိုင်း ညတွင် မိတ်ကပ်ဖျက်ဆေးများဖြင့် သေချာစွာ ဖျက်ပေးခြင်း တို့ပြုလုပ်ပေးသင့်ပါသည်။

ထို့ပြင် ဆံသားများ၊ အသားအရေများ ကောင်းမွန်စေသော အစားအစာများ (ဗီတာမင် အီးပါသော အစားအစာ) အပါအဝင် အာဟာရပြည့်ဝစွာ စားသုံးပေးရန်လည်း လိုအပ်ပါသည်။ ကျန်းမာရေးနှင့် မညီသော အချိုများသော အစားအစာများ (ကိတ်မုန့်၊ ရေခဲမုန့်၊ ချောကလက်နှင့် အသင့်စားအစားအစာစသည်) တို့ထက် ကျန်းမာရေးနှင့် ညီသော အိမ်လုပ် အချိုတည်းစရာမုန့်များသာ( ချောကလက်အမဲ၊ ဒိန်ချဉ်၊ ဘယ်ရီသီးများ) စားပေးသင့်ပါသည်။ အချို့နိုင်ငံများတွင် မျက်တောင်ထူစေရန် ဆေးများသုံးလာကြသော်လည်း ဆေးများတွင် ဘေးထွက်ဆိုးကျိုးများ ရှိနေတတ်သည်။

မျက်တောင်လေးများသည် ကျိုးလွယ်ပြီး ပြန်ပေါက်ရန်လည်း အချိန်ကြာမြင့်သဖြင့် အာဟာရပြည့်ဝစွာစားသုံးနေထိုင်ခြင်းနှင့် ရှိပြီးသားမျက်တောင်များကို ဂရုစိုက်ခြင်းက ပိုကောင်းသော နည်းလမ်းဖြစ်ပါပေတော့သည်။

ရီချို(ဆေး ၁)

မ်က္ေတာင္ေလးမ်ား လွပေစလို႔ငွာ

ေကာ့ညႊတ္ရွည္လ်ားတဲ့ မ်က္ေတာင္ပိုင္ရွင္ကို ျမင္ရရင္ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ား အားက်စိတ္ျဖစ္သည္မွာ အမွန္ပင္။ မ်က္ေတာင္ေလးေတြရဲ့ မဲေမွာင္သြယ္လ်ေကာ့ပ်ံ႕ေနျခင္းက အလွတရားတစ္ခု မဟုတ္ပါပဲလား။ သို႔ေၾကာင့္ပင္ တန္ဆာဆင္ မ်က္ေတာင္တုေလးမ်ားသည္ ေစ်းကြက္ထဲမွာ အေရာင္းသြက္ေနေသာ ေရာင္းကုန္တစ္ခုျဖစ္လို႔ေနေပေတာ့သည္။

သို႔ေသာ္ ထိုမ်က္ေတာင္ေလးမ်ားသည္ အလွတရားအတြက္ ျပယုဒ္သက္သက္တစ္ခုမဟုတ္ပါ။ အမႈန္အမႊားေလးမ်ားကို မ်က္္လံုးထဲသို႔ မဝင္ေအာင္လည္း ကူညီေပးေပသည္။ ျပင္ပမွ အႏၱရာယ္ရွိေသာ အရာတစ္ခုခု မ်က္လံုးနား နီးကပ္လာပါကလည္း အလြယ္တကူသတိျပဳမိေစသည္။

ဆံပင္မ်ား ကၽြတ္သကဲ့သို႔ပင္ မ်က္ေတာင္ေမႊးမ်ားကၽြတ္ျခင္း၊ ပါးျခင္း ျဖစ္နိုင္ပါသည္။ ထိုသို႔မျဖစ္ေအာင္သာမက ထူထဲလွပေအာင္ နည္းလမ္းမ်ားစြာ အသံုးျပဳေနၾကေပသည္။ ထိုအထဲတြင္ ထင္ရွားသည္မ်ားမွာ

  • လက္ဖက္စိမ္းကပ္ျခင္း
  • သံလြင္ဆီလိမ္းျခင္း (သံပယိုရည္ ထည့္လိမ္းျခင္း)
  • ၾကက္ဆူဆီလိမ္းျခင္း
  • ရွားေစာင္းလက္ပတ္လိမ္းျခင္း
  • မ်က္ေတာင္ေပါက္ရာတစ္ေလ်ာက္ နွိပ္နယ္ေပးျခင္း စသည္တို႔ျဖစ္ပါသည္။


သို႔ေသာ္ ထိုနည္းလမ္းမ်ားမွာ အိမ္သံုးနည္းလမ္းမ်ားျဖစ္၍ သိပၸံနည္းက်သက္ေသျပထားေသာ နည္းလမ္းမ်ား မဟုတ္ေပ။

မ်က္ေတာင္ေလးမ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ျခင္းသည္ အေကာင္းဆံုးနည္းလမ္းပင္ ျဖစ္ပါသည္။

  • မ်က္ေတာင္ကို အလြဲသံုးစား မျပဳပါႏွင့္ (မိတ္ကပ္လိမ္းရာတြင္ မ်က္စိတစ္ဝိုက္ ၾကမ္းတမ္းစြာ ပြတ္ျခင္း ေရွာင္ၾကဥ္ပါ။ မ်က္ေတာင္မ်ားသည္ အလြယ္တကူ က်ိဳးေၾကလြယ္ေသာေၾကာင့္ မိတ္ကပ္မလိမ္းေသာေန႔မ်ား ထားရွိေပးပါက ပိုေကာင္းပါသည္။ မ်က္ေတာင္တုမ်ား တပ္ထားပါကလည္း အလြယ္တကူ အျမန္ဆြဲမခြာပါႏွင့္။)
  • မ်က္ေတာင္ဘီးေသးျဖင့္ မ်က္ေတာင္မ်ားကို ေန႔စဥ္ဖီးသင္ေပးျခင္း
  • မ်က္ေတာင္ေကာ့ေပးျခင္းလည္း ျပဳလုပ္ေပးသင့္ပါသည္။
  • မက္ကာရာ အသံုးျပဳပါက တစ္မ်ိဳးတည္းလိမ္းျခင္းထက္ ပံုမွန္တစ္လႊာ၊ ေရစိုခံတစ္လႊာ ထပ္လိမ္းေပးပါက ပိုေကာင္းပါသည္။ မလိမ္းခင္ ႏွင့္ လိမ္းျပီး မ်က္ေတာင္ ဖီးေပးပါ။
  • မ်က္ႏွာကို မ်က္ႏွာသစ္ဆပ္ျပာ အေပ်ာ့သံုးျခင္း


မိတ္ကပ္လိမ္းျပီးတိုင္း ညတြင္ မိတ္ကပ္ဖ်က္ေဆးမ်ားျဖင့္ ေသခ်ာစြာ ဖ်က္ေပးျခင္း တို႔ျပဳလုပ္ေပးသင့္ပါသည္။

ထို႔ျပင္ ဆံသားမ်ား၊ အသားအေရမ်ား ေကာင္းမြန္ေစေသာ အစားအစာမ်ား (ဗီတာမင္ အီးပါေသာ အစားအစာ) အပါအဝင္ အာဟာရျပည့္ဝစြာ စားသံုးေပးရန္လည္း လိုအပ္ပါသည္။ က်န္းမာေရးႏွင့္ မညီေသာ အခ်ိဳမ်ားေသာ အစားအစာမ်ား (ကိတ္မုန္႔၊ ေရခဲမုန္႔၊ ေခ်ာကလက္ႏွင့္ အသင့္စားအစားအစာစသည္) တို႔ထက္ က်န္းမာေရးႏွင့္ ညီေသာ အိမ္လုပ္ အခ်ိဳတည္းစရာမုန္႔မ်ားသာ( ေခ်ာကလက္အမဲ၊ ဒိန္ခ်ဥ္၊ ဘယ္ရီသီးမ်ား) စားေပးသင့္ပါသည္။ အခ်ိဳ႔နုိင္ငံမ်ားတြင္ မ်က္ေတာင္ထူေစရန္ ေဆးမ်ားသံုးလာၾကေသာ္လည္း ေဆးမ်ားတြင္ ေဘးထြက္ဆိုးက်ိဳးမ်ား ရွိေနတတ္သည္။

မ်က္ေတာင္ေလးမ်ားသည္ က်ိဳးလြယ္ျပီး ျပန္ေပါက္ရန္လည္း အခ်ိန္ၾကာျမင့္သျဖင့္ အာဟာရျပည့္ဝစြာစားသံုးေနထိုင္ျခင္းႏွင့္ ရွိျပီးသားမ်က္ေတာင္မ်ားကို ဂရုစိုက္ျခင္းက ပိုေကာင္းေသာ နည္းလမ္းျဖစ္ပါေပေတာ့သည္။

ရီခ်ိဳ(ေဆး ၁)

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *