သင့်ကလေး အာရုံကြောအားနည်းနေမှန်း ဘယ်လိုသိနိုင်မလဲ
အမြဲလက်လက်ထအောင်ဆော့နေတဲ့..ဆော့ဖို့လည်း လိုအပ်တဲ့ ကလေးတွေအတွက် အာရုံကြောတွေ အမြဲအားကောင်းနေဖို့လိုပါတယ်။
အာရုံကြော အားနည်း၊ထိခိုက်၊ ပျက်စီးစေနိုင်တဲ့ အကြောင်းရင်းတွေလည်း အများကြီးရှိပါတယ်။မွေးရာပါ ခန္ဓာကိုယ်ပြဿနာတစ်ခုခုကြောင့်ဖြစ်နိုင်သလို အာဟာရချို့တဲ့လို့၊ ဒါမှမဟုတ် မတော်တဆမှုတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။အဆက်မပြတ်ထပ်ခါထပ်ခါလုပ်ဆောင်နေရတဲ့ လှုပ်ရှားမှုတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
ဒီလက္ခဏာမျိုးတွေ ပေါ်လာရင်တော့ ကလေးမှာ အာရုံကြောပြဿနာတစ်ခုခုရှိနေပြီလို့ ယူဆရနိုင်ပါတယ်။
?ထုံခြင်း
ခြေတွေ လက်တွေပဲ ထုံနိုင်သလို တချို့နေရာတစ်ခုတည်းမှာပဲ ကွက်ပြီးထုံနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ခြေအိတ်လက်အိတ်စွတ်ထားသလိုမျိုး ခြေထိပ် လက်ထိပ်တွေ ထုံတယ် ထိလို့ထိမှန်းမသိဖြစ်ဖြစ်နေပြီ ဆိုရင်တော့ အာရုံကြောပြဿနာ သိသိသာသာ ဖြစ်နေပြီလို့ ပြောလို့ရပါတယ်။
?ကျဉ်ခြင်း
အချိန်ကြာကြာ ဖိမိထားလို့ ကျဉ်တာမျိုးမဟုတ်ဘဲ မကြာခဏ ကျဉ် နေတတ်တာမျိုးဖြစ်တတ်ပါတယ်။များသောအားဖြင့် လက်ကျဉ်တာ အဖြစ်များပါတယ်။
?နာခြင်း
နာစရာ အကြောင်းမရှိဘဲ အလွယ်တကူ ပိုနာကျင်နေတတ်ပါတယ်။တခါတလေမှာ အပ်နဲ့ ထိုးလိုက်သလို စူးခနဲ နာကျင်သွား တတ်သလို ပူနေတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။နည်းနည်းထိပေမဲ့ များများသိနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။
?ကြွက်သားအားနည်းလာခြင်း
ပုံမှန် ဆော့ကစားနေကျ လှုပ်ရှားမှုတွေမှာ ကောင်းကောင်းမလုပ်နိုင်တော့တာ ဖြစ်တတ်ပါတယ်။ကြွက်သားတွေ အားပျော့လာတာ တဖြည်းဖြည်း ကျုံလှီလာတာလည်း ဖြစ်နိုင်ပါတယ်။
ဒါတွေအပြင် မျက်လုံးပြဿနာ၊ မကြာခဏ ဇက်ကြောတက်ခေါင်းမူးနေတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။
ဒီလိုစဖြစ်လာပြီဆိုရင်တော့ အာရုံကြောအားကောင်းစေမဲ့ အစားအသောက်တွေပိုစားဖို့၊ အားဆေးတွေ သောက်ဖို့လိုပါပြီ။ပိုဆိုးလာရင်တော့ ဆရာဝန်ပြဖို့လိုပါလိမ့်မယ်။
Dr ဖြိုးဝေလင်း
(3.9.19)