⛈ မိုးရာသီမှာ အသားအရေ ကို ဘယ်လိုထိန်းသိမ်းမလဲ ⛈
အားလုံးသိတဲ့ အတိုင်းပဲ..လူမုန်းများနေခဲ့တဲ့ ‘နွေ’က ပြက္ခဒိန်ထဲမှာတော့ ထွက်ပြေးလွတ်မြောက်သွားပြီပေါ့။ သူမရှိတော့ပေမဲ့ သူ့အပူတွေကိုတော့ အားလုံးယူမသွားဘဲ နဲနဲတော့ ချန်ထားခဲ့ပုံပဲ။ မိုးမရွာချိန်တွေဆို ပူလိုက်တာ။
တိမ်ထူနေလို့ နေရောင်မမြင်ရပေမဲ့ UV Index လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းတွေကတော့ မြင့်တုန်း။
မိုးရေစက်တွေဆိုတာကလည်း အိမ်ထဲကနေ ကော်ဖီတစ်ခွက်နဲ့ ထိုင်ငေးနေရရင်သာ ‘မိုးလေးဖွဲတုန်းသတိရတယ်..မြင်နေတဲ့ပြတင်းတံခါးဆီပဲ’ဘာညာ ကဗျာဆန်ပေမဲ့ လမ်းပေါ်ကလူတွေအတွက်ကတော့ စိတ်ညစ်စရာ။ စိုစိုစွတ်စွတ်အဝတ်အစားတွေ… စိုထိုင်းဆမြင့်လာလို့ ပူစပ်စပ်နဲ့ တရိပ်ရိပ်ထွက်နေတဲ့ချွေးတွေ..။
အပူရှိန်..ခရမ်းလွန်ရောင်ခြည်..စိုထိုင်းဆမြင့်မားမှု.. ရေစိုချွေးစို အဝတ်အစားတွေ.. ဒါတွေအားလုံးက အသားအရည်ကျန်းမာလှပရေးအတွက်တော့ မဟာရန်သူတွေပဲပေါ့။
✔ မိုးရာသီမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲ ??
ပွေး၊ ညှင်း၊ နှင်းခူ စတဲ့ ယားနာမျိုးစုံ ဖြစ်နိုင်ပါတယ်။ အဝတ်ရေစိုတွေကြောင့် အသားယားယံတာမျိုးတွေဖြစ်တတ်ပါတယ်။
✔ ဒီတော့ မိုးရာသီမှာ အသားအရည်မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းကြမလဲ ?
▪ တစ်ကိုယ်ရည် သန့်ရှင်းရေးကို အထူးဂရုပြုပါ။
လူသန့်သလို အဝတ်အစား အိပ်ရာခင်းနဲ့ အသုံးအဆောင်တွေလည်း သန့်ရှင်းပါစေ။ အထူးသဖြင့် အတွင်းခံအဝတ်အစားတွေပေါ့။
▪ ခြောက်ခြောက်သွေ့သွေ့နေပါ။
အဝတ်ရေစိုတွေနဲ့ အကြာကြီးမနေပါနဲ့။ ထီး မိုးကာ အမြဲဆောင်ပါ။
▪ ယားနာဆိုတာ များသောအားဖြင့်ကူးတတ်ပါတယ်။
အဝတ်အစားနဲ့ တချို့ အသုံးအဆောင်တွေ တူတူဝေမျှသုံးစွဲတာမျိုးရှောင်ပါ။
▪ မကုတ်မိအောင်ကြိုးစားပါ။
သတိထားပြီး လက်ကိုမကြာခဏ ဆပ်ပြာနှင့်ဆေးပါ။
▪ အစားအသောက် မမှားပါစေနဲ့။
အပူအစပ်တွေရှောင်ပါ။ အသီးအနှံပိုစားပါ။ အသီးအရွက်များများစားပါ။ ရေများများသောက်ပါ။
▪ အရေပြားပြဿနာတွေပေါ်လာရင် ဆရာဝန်နဲ့တိုင်ပင်ပါ။
မှိုရောဂါတွေအတွက် မှိုသတ်ဆေး လိမ်းဆေးခရင်မ်တွေ၊ ခေါင်းလျှော်ရည်တွေ ဆပ်ပြာတွေသုံးလို့ရပါတယ်။ တခြား ယားနာတွေအတွက်လည်း ရောဂါပိုးအမျိုးအစားပေါ်မူတည်ပြီး သောက်ဆေး၊ လိမ်းဆေးတွေ ဆရာဝန်ညွှန်ကြားချက်နဲ့ အသုံးပြုလို့ ရပါတယ်။
မိုးရေစက်တွေနဲ့အမျှ အားလုံးပျော်ရွှင်အေးချမ်းကြပါစေ..
Dr ဖြိုးဝေလင်း
(10.6.19)
⛈ မိုးရာသီမွာ အသားအေရ ကို ဘယ္လိုထိန္းသိမ္းမလဲ ⛈
အားလံုးသိတဲ့ အတိုင္းပဲ..လူမုန္းမ်ားေနခဲ့တဲ့ ‘ေႏြ’က ျပကၡဒိန္ထဲမွာေတာ့ ထြက္ေျပးလြတ္ေျမာက္သြားၿပီေပါ့။ သူမ႐ွိေတာ့ေပမဲ့ သူ႔အပူေတြကိုေတာ့ အားလံုးယူမသြားဘဲ နဲနဲေတာ့ ခ်န္ထားခဲ့ပံုပဲ။ မိုးမရြာခ်ိန္ေတြဆို ပူလိုက္တာ။
တိမ္ထူေနလို႔ ေနေရာင္မျမင္ရေပမဲ့ UV Index လို႔ေခၚတဲ့ ခရမ္းလြန္ေရာင္ျခည္ၫႊန္းကိန္းေတြကေတာ့ ျမင့္တုန္း။
မိုးေရစက္ေတြဆိုတာကလည္း အိမ္ထဲကေန ေကာ္ဖီတစ္ခြက္နဲ႔ ထို္င္ေငးေနရရင္သာ ‘မိုးေလးဖြဲတုန္းသတိရတယ္..ျမင္ေနတဲ့ျပတင္းတံခါးဆီပဲ’ဘာညာ ကဗ်ာဆန္ေပမဲ့ လမ္းေပၚကလူေတြအတြက္ကေတာ့ စိတ္ညစ္စရာ။ စိုစိုစြတ္စြတ္အဝတ္အစားေတြ… စိုထိုင္းဆျမင့္လာလို႔ ပူစပ္စပ္နဲ႔ တရိပ္ရိပ္ထြက္ေနတဲ့ေခြၽးေတြ..။
အပူ႐ွိန္..ခရမ္းလြန္ေရာင္ျခည္..စိုထိုင္းဆျမင့္မားမႈ.. ေရစိုေခြၽးစို အဝတ္အစားေတြ.. ဒါေတြအားလံုးက အသားအရည္က်န္းမာလွပေရးအတြက္ေတာ့ မဟာရန္သူေတြပဲေပါ့။
✔ မိုးရာသီမွာ အျဖစ္မ်ားတဲ့ အေရျပားျပႆနာေတြက ဘာေတြလဲ ??
ေပြး၊ ညႇင္း၊ ႏွင္းခူ စတဲ့ ယားနာမ်ိဳးစံုု ျဖစ္ႏိုင္ပါတယ္။ အဝတ္ေရစိုေတြေၾကာင့္ အသားယားယံတာမ်ိဳးေတြျဖစ္တတ္ပါတယ္။
✔ ဒီေတာ့ မိုးရာသီမွာ အသားအရည္မပ်က္စီးေအာင္ ဘယ္လိုထိန္းသိမ္းၾကမလဲ ?
▪ တစ္ကိုယ္ရည္ သန္႔႐ွင္းေရးကို အထူးဂ႐ုျပဳပါ။
လူသန္႔သလို အဝတ္အစား အိပ္ရာခင္းနဲ႔ အသံုးအေဆာင္ေတြလည္း သန္႔႐ွင္းပါေစ။ အထူးသျဖင့္ အတြင္းခံအဝတ္အစားေတြေပါ့။
▪ ေျခာက္ေျခာက္ေသြ႕ေသြ႕ေနပါ။
အဝတ္ေရစိုေတြနဲ႔ အၾကာႀကီးမေနပါနဲ႔။ ထီး မိုးကာ အျမဲေဆာင္ပါ။
▪ ယားနာဆိုတာ မ်ားေသာအားျဖင့္ကူးတတ္ပါတယ္။
အဝတ္အစားနဲ႔ တခ်ိဳ႕ အသံုးအေဆာင္ေတြ တူတူေဝမွ်သံုးစြဲတာမ်ိဳးေ႐ွာင္ပါ။
▪ မကုတ္မိေအာင္ႀကိဳးစားပါ။
သတိထားၿပီး လက္ကိုမၾကာခဏ ဆပ္ျပာႏွင့္ေဆးပါ။
▪ အစားအေသာက္ မမွားပါေစနဲ႔။
အပူအစပ္ေတြေ႐ွာင္ပါ။ အသီးအႏွံပိုစားပါ။ အသီးအရြက္မ်ားမ်ားစားပါ။ ေရမ်ားမ်ားေသာက္ပါ။
▪ အေရျပားျပႆနာေတြေပၚလာရင္ ဆရာဝန္နဲ႔တိုင္ပင္ပါ။
မိႈေရာဂါေတြအတြက္ မိႈသတ္ေဆး လိမ္းေဆးခရင္မ္ေတြ၊ ေခါင္းေလွ်ာ္ရည္ေတြ ဆပ္ျပာေတြသံုးလို႔ရပါတယ္။ တျခား ယားနာေတြအတြက္လည္း ေရာဂါပိုးအမ်ိဳးအစားေပၚမူတည္ၿပီး ေသာက္ေဆး၊ လိမ္းေဆးေတြ ဆရာဝန္ၫႊန္ၾကားခ်က္နဲ႔ အသံုးျပဳလို႔ ရပါတယ္။
မိုးေရစက္ေတြနဲ႔အမွ် အားလံုးေပ်ာ္ရႊင္ေအးခ်မ္းၾကပါေစ..
Dr ၿဖိဳးေဝလင္း
(10.6.19)