All Articlesအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

နေရောင်အောက်ထွက်တဲ့အခါ အသားရည်မပျက်စီးအောင်ဘယ်လိုထိန်းသိမ်းကြမလဲ။?

1 Mins read

နေရောင်အောက်ထွက်တဲ့အခါ အသားရည်မပျက်စီးအောင်ဘယ်လိုထိန်းသိမ်းကြမလဲ။?

အခုခေတ်မှာဆိုရင်တော့ လူတိုင်းက အသားအရည်ထိန်းသိမ်းမူကိုပိုပြီးဂရုတစိုက်နဲ့လုပ်ဆောင်လာကြပါတယ်။ထိုကဲ့သို့
အသားအရည်ထိန်းသိမ်းစောင့်ရှောက်ရာတွင် အရေးကြီးသော အချက်တစ်ချက်ဖြစ်တဲ့နေရောင်ခြည်ဒဏ်(UV)မှာကာကွယ်
ခြင်းဖြစ်ပါသည်။ သိပ်မကြာခင်မှာဆိုရင် ဆောင်းရာသီကုန်ဆုံးပြီးပူပြင်းလှတဲ့နွေရာသီရောက်လာတော့မှာ ဖြစ်တဲ့အတွက်
ကိုယ်အသားအရည်အတွက်မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းသင့်လဲဆိုရင်တော့————-
(၁)လုံခြုံစွာဝတ်စားသွားပါ။ နေရောင်ခြည်ထဲသွားတော့မယ်ဆိုရင်ဘောင်းဘီရှည်နှင့် ချည်သားအင်္ကျီလက်ရှည်ကိုဝတ်ဆင်
သွားသင့်ပါတယ်။
(၂) နေကာမျက်မှန်ကိုတပ်ဆင်ပါ။ကိုယ့်အတွက် ဖက်ရှင်ကျစေနိုင်သလို မျက်စိကိုလည်း(UV rays) တိုက်ရိုက်ထိတွေ့မူမှ
ကာကွယ်ပေးနိုင်ပါသည်။
(၃) အတတ်နိုင်ဆုံး မနက်(၁၀)နာရီမှ ညနေ(၄)နာရီအတွင်းနေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့နိုင်ပြီးပူပြင်းလှသော နေရာ
များသို့ သွားခြင်းကိုရှောင်ကြဉ်ပါ။
(၄) နေရောင်ကာကရမ်ခ်ကိုလိမ်းပါ။နေရောင်ကာကရမ်ခ်ကိုအပြင်သို့မထွက်ခင် (15) minsကြို၍လိမ်းထားပါသည်။နေရောင်
ကာကရမ်ခ်ကိုရွေးချယ်ဝယ်ယူရာတွင်လည်း SPF 15ပါတဲ့ဟာမျိုးကိုရွေးချယ်သင့်ပါတယ်။
(၅)နေပူဆာလုံခြင်းမှာရှောင်ကြဉ်ပါ။ထိုကဲ့သို့ နေပူဆာလုံရာတွင်နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့ရတာကြောင့်အသားရည်
ကိုပျက်စီးစေရုံသမျှမကဘဲ အရေပြားကင်ဆာကိုပါဖြစ်စေနိုင်ပါတယ်။
(၆)Vitamin D ရရှိဖို့ အတွက်နဲ့နေပူဆာလုံခြင်းကိုမပြုလုပ်သင့်ပါ။တကယ်လို့ Vitamin D ခန္ဓာကိုယ်အတွက် လိုအပ်တယ်
ဆိုရင်ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပြီးအကောင်းဆုံးလုံခြုံသော ကုသမူကိုရွေးချယ်သင့်ပါတယ်။

အခုဆိုရင်တော့ နေရောင်ခြည်ထဲထွက်တဲ့ အခါမှာ အသားရည်မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ နည်း
လမ်းလေးတွေကို ဖော်ပြပြီးသွာပြီးဖြစ်လို့ လူတိုင်းလည်းဗဟုသုတ များစွာရရှိသွားမယ်လို့မျှော်လင့်ပါတယ်။
အားလုံးပဲအနာရောဂါကင်းဝေးပြီးကျန်းမာပျော်ရွှင်ကြပါစေ။

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…