” ဖခင်ကောင်း၊ခင်ပွန်းကောင်း “
ဆေးခန်းထိုင်လာတဲ့ သက်တမ်းတစ်လျှောက် မီးဖွားပြီးခါစအမျိုးသမီးတွေနဲ့ ပတ်သက်ပြီး သတိထားမိလာတာတစ်ခုရှိပါတယ်။ဘာလဲဆိုတော့ ခင်ပွန်းသည်ရဲ့ အခန်းကဏ္ဍပဲ..။
ကိုယ်ဝန် ၉လလွယ်….၁၀လပြည့်တော့လည်း အသက်နဲ့ရင်းပြီး မီးဖွား….မီးဖွားပြီးလို့ နလန်ထစအချိန်မှာ ကလေးကိုလည်း ကိုယ်ထူကိုယ်ထပြုစုစောင့်ရှောက်ရတဲ့ အမျိုးသမီးတွေရဲ့ဘဝက မလွယ်လှဘူး။အပျိုဘဝနဲ့ ကလေးမွေးပြီးဘဝ….ရုပ်ကဆွဲချလိုက်သလိုကျသွားတယ်ဆိုတာလည်း မပြောနဲ့လေ…အတော်ပင်ပန်းတာကိုး။အချို့ မစားနိုင်မသောက်နိုင်ဆင်းရဲချို့တဲ့တဲ့ မီးနေသည်များမှာဆို ဘေးကမလိုလားအပ်တဲ့ရောဂါတွေပါ ဝင်လာရော….။
ဒါကြောင့် မီးတွင်းကာလမှာ ခင်ပွန်းသည်တွေရဲ့ အရေးပါပုံနဲ့ လုပ်ပေးသင့်တဲ့ တာဝန်ဝတ္တရားလေးတွေကို ချရေးဖို့အကြံရလာတာနဲ့
ဟိုဟိုဒီဒီရှာဖတ်ပြီး ကိုယ့်အတွေးလေးနဲ့ပေါင်းပြီး ဒီဆောင်းပါးလေးကိုရေးသားလိုက်ပါတယ် :
(1)မေမေဖြစ်သူက ညဘက်ကလေးနို့ထတိုက်ရလို့ အိပ်ရေးပျက်ရတာကြောင့် မနက်ကိုကောင်းကောင်းအိပ်ပါစေ။ဖေဖေက မနက်စောစောထပြီး လိုအပ်တဲ့ဝေယျာဝစ္စလေးတွေ ကူလုပ်ပေးပါ။
(2)အိမ်မှာဟင်းချက်ပေးဖို့ အိမ်အကူမထားနိုင်ခဲ့လျှင် ဖေဖေက အချက်အပြုတ်တာဝန်ယူပါ (သို့မဟုတ်) ဆိုင်ကဝယ်ကျွေးပါ။ကလေးတစ်ဖက်နဲ့ မီးဖိုချောင်ဝင်ဖို့ဆိုတာ သင့်ဇနးီအတွက် လွန်စွာပင်ပန်းစေပြီး ကသီစေတဲ့အနေအထားပါ။
(3)ကလေးနို့ဘူးဖျော်ခြင်း၊ချိုလိမ်ဆေးခြင်း၊အနှီးလေးတွေလျှော်ဖွပ်ပေးခြင်းဖြင့် ဇနီးကို တစ်ဖက်တစ်လမ်းမှကူညီပါ။
(4)ဇနီးဖြစ်သူကိုစိတ်ရှည်ကြင်နာပါ။ကလေးတစ်ယောက်ကို ပြုစုရတာ အလွန်ပင်ပန်းတဲ့အပြင် မီးဖွားပြီးချိန်ဟော်မုန်းအတက်အကျပြောင်းလဲမှုတွေကြောင့် သင့်ဇနီးအနေနဲ့ စိုးရိမ်စိတ်လွန်ကဲမှုတွေ၊ဝမ်းမည်းအားငယ်စိတ်တွေရှိနေနိုင်ပါတယ်။ဒါကြောင့် ခင်ပွန်းသည်အနေနဲ့ နားလည်ပေးရပါမယ်။
(5)သင့်ဇနီးအတွက် ရိုမန့်တစ်ဆန်တဲ့ surprise(ဥပမာ – ပန်းစည်း၊ချောကလက်၊လက်ဆောင်)လုပ်ပေးခြင်း၊ အပြင်စားသောက်ဆိုင်တစ်ဆိုင်ဆိုင်မှာ ထွက်စားခြင်းက သင့်ဇနီးကို နိစ္စဓူဝလုပ်ငန်းစဉ်များမှ ခေတ္တခဏလွတ်မြောက်စေပြီး စိတ်လက်ပေါ့ပါးလန်းဆန်းစေပါလိမ့်မယ်။
ဒေါက်တာမျိုး(UM 1)
” ဖခင္ေကာင္း၊ခင္ပြန္းေကာင္း “
ေဆးခန္းထိုင္လာတဲ့ သက္တမ္းတစ္ေလ်ွာက္ မီးဖြားၿပီးခါစအမ်ိုးသမီးေတြနဲ႔ ပတ္သက္ၿပီး သတိထားမိလာတာတစ္ခု႐ွိပါတယ္။ဘာလဲဆိုေတာ့ ခင္ပြန္းသည္ရဲ႕ အခန္းက႑ပဲ..။
ကိုယ္ဝန္ ၉လလြယ္….၁၀လျပည့္ေတာ့လည္း အသက္နဲ႔ရင္းၿပီး မီးဖြား….မီးဖြားၿပီးလို႔ နလန္ထစအခ်ိန္မွာ ကေလးကိုလည္း ကိုယ္ထူကိုယ္ထျပုစုေစာင့္ေရွာက္ရတဲ့ အမ်ိဳးသမီးေတြရဲ႕ဘဝက မလြယ္လွဘူး။အပ်ိဳဘဝနဲ့ ကေလးေမြးၿပီးဘဝ….႐ုပ္ကဆြဲခ်လိုက္သလိုက်သြားတယ္ဆိုတာလည္း မေျပာနဲ႔ေလ…အေတာ္ပင္ပန္းတာကိုး။အခ်ိဳ႕ မစားႏိုင္မေသာက္ႏိုင္ဆင္းရဲခ်ိဳ႕တဲ့တဲ့ မီးေနသည္မ်ားမွာဆို ေဘးကမလိုလားအပ္တဲ့ေရာဂါေတြပါ ဝင္လာေရာ….။
ဒါေၾကာင့္ မီးတြင္းကာလမွာ ခင္ပြန္းသည္ေတြရဲ႕ အေရးပါပံုနဲ႔ လုပ္ေပးသင့္တဲ့ တာဝန္ဝတၱရားေလးေတြကို ခ်ေရးဖို႔အၾကံရလာတာနဲ႔
ဟိုဟိုဒီဒီ႐ွာဖတ္ၿပီး ကိုယ့္အေတြးေလးနဲ႔ေပါင္းၿပီး ဒီေဆာင္းပါးေလးကိုေရးသားလိုက္ပါတယ္ :
(1)ေမေမျဖစ္သူက ညဘက္ကေလးႏို႔ထတိုက္ရလို႔ အိပ္ေရးပ်က္ရတာေၾကာင့္ မနက္ကိုေကာင္းေကာင္းအိပ္ပါေစ။ေဖေဖက မနက္ေစာေစာထၿပီး လိုအပ္တဲ့ေဝယ်ာဝစၥေလးေတြ ကူလုပ္ေပးပါ။
(2)အိမ္မွာဟင္းခ်က္ေပးဖို႔ အိမ္အကူမထားႏိုင္ခဲ့လ်ွင္ ေဖေဖက အခ်က္အျပဳတ္တာဝန္ယူပါ (သို႔မဟုတ္) ဆိုင္ကဝယ္ေကြၽးပါ။ကေလးတစ္ဖက္နဲ႔ မီးဖိုေခ်ာင္ဝင္ဖို႔ဆိုတာ သင့္ဇနးီအတြက္ လြန္စြာပင္ပန္းေစျပီး ကသီေစတဲ့အေနအထားပါ။
(3)ကေလးႏို႔ဘူးေဖ်ာ္ျခင္း၊ခ်ိဳလိမ္ေဆးျခင္း၊အႏွီးေလးေတြေလ်ွာ္ဖြပ္ေပးျခင္းျဖင့္ ဇနီးကို တစ္ဖက္တစ္လမ္းမွကူညီပါ။
(4)ဇနီးျဖစ္သူကိုစိတ္႐ွည္ၾကင္နာပါ။ကေလးတစ္ေယာက္ကို ျပဳစုရတာ အလြန္ပင္ပန္းတဲ့အျပင္ မီးဖြားၿပီးခ်ိန္ေဟာ္မုန္းအတက္အက်ေျပာင္းလဲမႈေတြေၾကာင့္ သင့္ဇနီးအေနနဲ႔ စိုးရိမ္စိတ္လြန္ကဲမႈေတြ၊ဝမ္းမည္းအားငယ္စိတ္ေတြ႐ွိေနႏိုင္ပါတယ္။ဒါေၾကာင့္ ခင္ပြန္းသည္အေနနဲ႔ နားလည္ေပးရပါမယ္။
(5)သင့္ဇနီးအတြက္ ႐ိုမန္႔တစ္ဆန္တဲ့ surprise(ဥပမာ – ပန္းစည္း၊ေခ်ာကလက္၊လက္ေဆာင္)လုပ္ေပးျခင္း၊ အျပင္စားေသာက္ဆိုင္တစ္ဆိုင္ဆိုင္မွာ ထြက္စားျခင္းက သင့္ဇနီးကို နိစၥဓူဝလုပ္ငန္းစဥ္မ်ားမွ ေခတၱခဏလြတ္ေျမာက္ေစၿပီး စိတ္လက္ေပါ့ပါးလန္းဆန္းေစပါလိမ့္မယ္။
ေဒါက္တာမ်ိဳး(UM 1)