All Articlesမျိုးဆက်ပွားကျန်းမာရေး

How to Handle Unwanted Pregnancy

1 Mins read

ကိုယ်မလိုချင်တဲ့ ကိုယ်ဝန်နဲ့ပတ်သတ်ပြီး ဘယ်လိုလုပ်သင့်သလဲ

တကယ်လို့ သင်ဟာ မလိုချင်တဲ့ ကိုယ်ဝန်ကို လွယ်ထားရတယ်ဆိုတာ သိလိုက်ပြီ ဆိုပါစို့…. ပထမဆုံး ပြောချင်တာက ဒါဟာ သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာပါပဲ….

ကြောက်ရွံ့တာ… စိုးရိမ်တာ…. ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ ခံစားရတာ… ရှက်တာ… ယူကြုံးမရဖြစ်တာ…. ကိုယ် စီမံထားတဲ့ ဘဝ ရည်မှန်းချက်တွေအားလုံး သဲထဲရေသွန်ဖြစ်သလို ခံစားမှူတွေ သင့်အနေနဲ့ ဖြစ်နေနိုင်ပါတယ်…

အောက်မှာ ဖော်ပြမယ့် နည်းလမ်းတွေ ကတော့… သင်မလိုချင်တဲ့ကိုယ်ဝန်ရခဲ့ရင်… သင့်ရဲ့ စိတ်နဲ့ခန္ဓာကိုယ်ကို ဘယ်လို ပြင်ဆင်သင့်လဲ…. သင်ဘာတွေ လုပ်သင့်သလဲဆိုတာပါပဲ….

(1) သင့်ကိုယ်သင် အချိန်တစ်ခုပေးပါ
သင့်ဗိုက်ထဲမှာ လွယ်ထားရတဲ့ ကိုယ်ဝန်ကို သင်ခုချက်ချင်း မချစ်နိုင်သေးဘူးဆိုတာ သင့်အမှားလုံးလုံးကြီးမဟုတ်ပါဘူး…. ပထဆုံးသင်လျှောက်လှမ်းဖို့ တွေးထားတဲ့ ဘဝနဲ့လွဲချော်နေတဲ့အတွက်ရယ်… ဘဝသစ်ကို ချိန်ညှိဖို့အတွက်ရယ်…. သင့်ကိုယ်သင် လုံလုံလောက်လောက် နားဖို့ အချိန်တစ်ခုပေးလိုက်ပါ…

(2) ကိုယ်ဝန်ဆောင်ရခြင်းနဲ့ပတ်သက်ရင် ကောင်းတဲ့အချက်တွေကိုပဲ အာရုံစိုက်ပါ

မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားခဲ့ရင်… ကြောက်ရွံ့မှူနဲ့ သင့်ကိုယ်သင် ခွင့်မလွှတ်နိုင်မှူတွေက… သင့်စိတ်ကို တချိန်လုံး စိုးမိုးနေနိုင်ပါတယ်… နောက်ပြီး ဆိုးတဲ့အချက်တွေကိုပဲ ထပ်တလဲလဲ တွေးမိနေနိုင်ပါတယ်….

ဒါပေမယ့် အဲဒီလို ဆိုးတဲ့အချက်တွေအစား…. ကောင်းတဲ့အချက်တွေကိုပဲ အာရုံစိုက်ကြည့်လိုက်ပါ…. ဥပမာ…. ကလေးလေး သင့်ဗိုက်ထဲမှာ ကြီးထွားလာတာကှုစ သင်မကြာခင် တွေ့ရတော့မယ်… ကိုယ်နဲ့ကိုယ်ချစ်တဲ့သူရဲ့ သွေးသားတွေပေါင်းစပ်ပြီး မိသားစု ဆိုတဲ့ ဝေါဟာရလေးတစ်ခု.. ဘဝသစ်တစ်ခု ပိုဆိုင်ရတော့မယ်… စသဖြင့်ပေါ့…အစပိုင်းမှာ ခက်ပေမယ့် နောက်ပိုင်းမှာ သင်ဒီလိုတဖြည်းဖြည်းပြောင်းတွေးလာနိုင်တာ တွေ့ရပါလိမ့်မယ်…

(3) သင့်ကို ကူညီဖေးမမယ့် စောင့်ရှောက်တဲ့ ပတ်ဝန်းကျင် မှာနေပါ

မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတာဟာ… သင်တစ်ယောက်တည်း တကယ်ကို မဟုတ်တာပါ… သုတေသနတွေအရ အမေရိကန်နိုင်ငံမှာ… ကိုယ်ဝန်ဆောင်တွေ အားလုံးရဲ့ တစ်ဝက်ဟာ မမျှော်လင့်ဘဲ ရသွားတဲ့ ကိုယ်ဝန်တွေ ဖြစ်ကြပါသတဲ့…

သို့ပေမယ့် သူတို့တော်တော်များများ အဆင်ပြေတဲ့ဘဝတစ်ခုကို တက်လှမ်းသွားနိုင်ကြတာ…. မိသားစုနဲ့ ချစ်ခင်ရသူတွေရဲ့ ကူညီဖေးမမှူကြောင့်လို့ ဆိုပါတယ်…

(4) သင့်ကိုယ်ပိုင် အိပ်မက်တွေကို လက်မလျှော့လိုက်ပါနဲ့

သင့်မှာ ကလေးတစ်ယောက်ရှိသွားရုံနဲ့…. သင်ဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေအားလုံးကို ပစ်လိုက်ရတော့မယ်ဆိုတာ မဟုတ်ပါဘူး… အရင်တစ်ယောက်တည်းဘဝနဲ့စာရင် သင့်အိပ်မက်တွေဆီ အရောက်လှမ်းဖို့ ကြာရင် ကြာလိမ့်မယ်…. ဒါပေမယ့် သင့်ရဲ့ပြင်းပြတဲ့စိတ်ဇွဲနဲ့ ကလေးတစ်ယောက်ရှိလာခြင်းကပေးတဲ့ တွန်းအား တွေက သင့်စိတ်ကူးတွေတကယ်ဖြစ်လာဖို့ ကူညီပေးမှာပါ….. မိခင်တွေဟာ တကယ်တော့ စွမ်းဆောင်ရှင် တွေပါပဲ…

မေတ္တာဖြင့်
Dr. စိမ်းမိုးစက်

ကိုယ္မလိုခ်င္တဲ့ ကိုယ္ဝန္နဲ႔ပတ္သတ္ၿပီး ဘယ္လိုလုပ္သင့္သလဲ

တကယ္လို႔ သင္ဟာ မလိုခ်င္တဲ့ ကိုယ္ဝန္ကို လြယ္ထားရတယ္ဆိုတာ သိလိုက္ၿပီ ဆိုပါစို႔.... ပထမဆံုး ေျပာခ်င္တာက ဒါဟာ သင္တစ္ေယာက္တည္းမဟုတ္ဘူးဆိုတာပါပဲ....

ေၾကာက္ရြံ႔တာ... စိုးရိမ္တာ.... ကိုယ့္ကိုယ္ကို အျပစ္႐ွိတယ္လို႔ ခံစားရတာ... ႐ွက္တာ... ယူၾကံဳးမရျဖစ္တာ.... ကိုယ္ စီမံထားတဲ့ ဘဝ ရည္မွန္းခ်က္ေတြအားလံုး သဲထဲေရသြန္ျဖစ္သလို ခံစားမႉေတြ သင့္အေနနဲ႔ ျဖစ္ေနႏိုင္ပါတယ္...

ေအာက္မွာ ေဖာ္ျပမယ့္ နည္းလမ္းေတြ ကေတာ့... သင္မလိုခ်င္တဲ့ကိုယ္ဝန္ရခဲ့ရင္... သင့္ရဲ႕ စိတ္နဲ႔ခႏၶာကိုယ္ကို ဘယ္လို ျပင္ဆင္သင့္လဲ.... သင္ဘာေတြ လုပ္သင့္သလဲဆိုတာပါပဲ....

(1) သင့္ကိုယ္သင္ အခ်ိန္တစ္ခုေပးပါ
သင့္ဗိုက္ထဲမွာ လြယ္ထားရတဲ့ ကိုယ္ဝန္ကို သင္ခုခ်က္ခ်င္း မခ်စ္ႏိုင္ေသးဘူးဆိုတာ သင့္အမွားလံုးလံုးႀကီးမဟုတ္ပါဘူး.... ပထဆံုးသင္ေလ်ွာက္လွမ္းဖို႔ ေတြးထားတဲ့ ဘဝနဲ႔လြဲေခ်ာ္ေနတဲ့အတြက္ရယ္... ဘဝသစ္ကို ခ်ိန္ညႇိဖို႔အတြက္ရယ္.... သင့္ကိုယ္သင္ လံုလံုေလာက္ေလာက္ နားဖို႔ အခ်ိန္တစ္ခုေပးလိုက္ပါ...

(2) ကိုယ္ဝန္ေဆာင္ရျခင္းနဲ႔ပတ္သက္ရင္ ေကာင္းတဲ့အခ်က္ေတြကိုပဲ အာရံုစိုက္ပါ

မေမ်ွာ္လင့္ဘဲ ကိုယ္ဝန္ရသြားခဲ့ရင္... ေၾကာက္ရြံ႔မႉနဲ႔ သင့္ကိုယ္သင္ ခြင့္မလႊတ္ႏိုင္မႉေတြက... သင့္စိတ္ကို တခ်ိန္လံုး စိုးမိုးေနႏိုင္ပါတယ္... ေနာက္ၿပီး ဆိုးတဲ့အခ်က္ေတြကိုပဲ ထပ္တလဲလဲ ေတြးမိေနႏိုင္ပါတယ္....

ဒါေပမယ့္ အဲဒီလို ဆိုးတဲ့အခ်က္ေတြအစား.... ေကာင္းတဲ့အခ်က္ေတြကိုပဲ အာရံုစိုက္ၾကည့္လိုက္ပါ.... ဥပမာ.... ကေလးေလး သင့္ဗိုက္ထဲမွာ ႀကီးထြားလာတာကႈစ သင္မျကာခင္ ေတြ႕ရေတာ့မယ္... ကိုယ္နဲ႔ကိုယ္ခ်စ္တဲ့သူရဲ႕ ေသြးသားေတြေပါင္းစပ္ျပီး မိသားစု ဆိုတဲ့ ေဝါဟာရေလးတစ္ခု.. ဘဝသစ္တစ္ခု ပိုဆိုင္ရေတာ့မယ္... စသျဖင့္ေပါ့...အစပိုင္းမွာ ခက္ေပမယ့္ ေနာက္ပိုင္းမွာ သင္ဒီလိုတျဖည္းျဖည္းေျပာင္းေတြးလာႏိုင္တာ ေတြ႔ရပါလိမ့္မယ္...

(3) သင့္ကို ကူညီေဖးမမယ့္ ေစာင့္ေ႐ွာက္တဲ့ ပတ္ဝန္းက်င္ မွာေနပါ

မေမ်ွာ္လင့္ဘဲ ကိုယ္ဝန္ရသြားတာဟာ... သင္တစ္ေယာက္တည္း တကယ္ကို မဟုတ္တာပါ... သုေတသနေတြအရ အေမရိကန္ႏိုင္ငံမွာ... ကိုယ္ဝန္ေဆာင္ေတြ အားလံုးရဲ႕ တစ္ဝက္ဟာ မေမ်ွာ္လင့္ဘဲ ရသြားတဲ့ ကိုယ္ဝန္ေတြ ျဖစ္ၾကပါသတဲ့...

သို႔ေပမယ့္ သူတို႔ေတာ္ေတာ္မ်ားမ်ား အဆင္ေျပတဲ့ဘဝတစ္ခုကို တက္လွမ္းသြားႏိုင္ၾကတာ.... မိသားစုနဲ႔ ခ်စ္ခင္ရသူေတြရဲ႕ ကူညီေဖးမမႉေၾကာင့္လို႔ ဆိုပါတယ္...

(4) သင့္ကိုယ္ပိုင္ အိပ္မက္ေတြကို လက္မေလ်ွာ့လိုက္ပါနဲ႔

သင့္မွာ ကေလးတစ္ေယာက္႐ွိသြားရံုနဲ႔.... သင္ျဖစ္ခ်င္ခဲ့တဲ့ အိပ္မက္ေတြအားလံုးကို ပစ္လိုက္ရေတာ့မယ္ဆိုတာ မဟုတ္ပါဘူး... အရင္တစ္ေယာက္တည္းဘဝနဲ႔စာရင္ သင့္အိပ္မက္ေတြဆီ အေရာက္လွမ္းဖို႔ ၾကာရင္ ၾကာလိမ့္မယ္.... ဒါေပမယ့္ သင့္ရဲ႕ျပင္းျပတဲ့စိတ္ဇြဲနဲ႔ ကေလးတစ္ေယာက္႐ွိလာျခင္းကေပးတဲ့ တြန္းအား ေတြက သင့္စိတ္ကူးေတြတကယ္ျဖစ္လာဖို႔ ကူညီေပးမွာပါ..... မိခင္ေတြဟာ တကယ္ေတာ့ စြမ္းေဆာင္႐ွင္ ေတြပါပဲ...

ေမတၱာျဖင့္
Dr. စိမ္းမိုးစက္

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *