All Articlesသွားကျန်းမာရေး

How to give tooth brushing to kids when getting teeth?

1 Mins read

သားသားမီးမီးတို့ သွားစတင်ပေါက်လာတဲ့အချိန်မှာ ဘယ်လိုသွားတိုက်ပေးရမှာပါလဲ

ပုံမှန်အားဖြင့် အသက် ၆လဝန်းကျင်လောက်မှာ ကလေးသွားလေးတွေ စတင်ပေါက်လာတတ်ပါတယ်။ အဲ့ဒီအချိန်မှာစပြီး နူးညံ့တဲ့ အမျှင်လေးတွေပါတဲ့ ကလေးသွားတိုက်တံလေး (မိဘတွေရဲ့လက်မှာစွပ်လို့ရတဲ့ ကလေးသွားတိုက်တံအမျိုးအစားလေးလဲရှိ) မှာ ဖလူအိုရိုက်ဒ်ပါတဲ့ ကလေးသွားတိုက်ဆေးလေး (ဆန်စေ့အရွယ်လောက်ထည့်ပြီး) သွားတိုက်ပေးသင့်ပါပြီ။ သွားတိုက်တဲ့အခါ သွားကိုသာမက သွားဖုံးသားလေးတွေကိုပါ အသာအယာတိုက်ပေးသင့်ပါတယ်။ နှစ်ချောင်းယှဉ်ပေါက်လာတဲ့အခါကျရင်တော့ သွားကြားပွတ်ကြိုး (Dental Floss) လေးသုံးပြီး သန့်ရှင်းရေးပြုလုပ်ပေးသင့်ပါတယ်။

အထူးသတိထားရမှာတော့ ကလေးငယ်တွေကို ညဘက် နို့ဘူးတိုက်ပြီး မအိပ်စေခြင်းပါပဲ။ ကလေးတွေကို ညဘက်နို့ဘူးတပ်လျက်သား အိပ်ပျော်စေခြင်းက နို့်ပိုးစားတယ်ဆိုတဲ့ ကလေးသွားလေးတွေ ပိုးစားပျက်စီးခြင်းကိုဖြစ်စေတဲ့ အဓိက တရားခံပါ။ နို့ထဲမှာပါတဲ့သကြားဓာတ်က ကလေးသွားတွေကို ပိုးစားပျက်စီးစေနိုင်ပါတယ်။

အသက်သုံးနှစ်ဝန်းကျင်နဲ့အထက် ကလေးငယ်တွေကို ဖလူအိုရိုက်ဒ်သွားတိုက်ဆေး (ပဲစေ့ခန့်ပမာဏ)နဲ့ သွားတိုက်ပေးသင့်ပါပြီ။ သားသားမီးမီးတို့ရဲ့အသက်ခြောက်နှစ်ထိကို သွားတိုက်နေချိန်မှာ သေချာစောင့်ကြည့်ပြီး စနစ်မှန်သွားတိုက်နည်းကို သေချာသင်ကြားပြသပေးသင့်ပါတယ်။ အဲ့အရွယ်ကလေးငယ်တွေဟာ သွားတိုက်ဆေးကို ကောင်းကောင်းမထွေးတတ်သေးတာတို့ မျိုချတတ်တာတို့လဲ လုပ်တတ်တာမို့ သေချာလေးဂရုတစိုက်နဲ့ သွားတိုက်တာကို စောင့်ကြည့်ပေးသင့်ပါတယ်။ မနက်စာစားပြီးချိန်နဲ့ ညအိပ်ရာမဝင်ခင် သွားတိုက်ဖြစ်တာ သေချာရဲ့လားဆိုတာရော တစ်ခါတည်း စစ်ဆေးရင်းနဲ့ပေါ့။

ကလေးငယ်အများစုဟာ ညဘက်အိပ်ချင်ဇောရယ် ပျင်းတာရယ် ပေါင်းပြီး ညဘက်သွားတိုက်တာကို ပျက်ကွက်တတ်ကြပါတယ်။ ကြာလာတော့ အကျင့်ပါပြီး ညဘက်ကို သွားမတိုက်ဖြစ်တော့ပါဘူး။ ညဘက်သွားမတိုက်ဘဲ အိပ်ရာဝင်တာဟာ ဒီနိုင်ငံမှာ သွားပိုးစားရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ညဘက်သွားတိုက်တာဟာ မနက်ဘက်သွားတိုက်တာထက် ပိုအရေးကြီးတာကြောင့် ဖေဖေမေမေတို့အနေနဲ့ မိမိတို့သားသားမီးမီးတို့ကို ညဘက်သွားတိုက်တတ်တဲ့အကျင့်ရအောင် သေချာလေးဂရုတစိုက် သင်ကြားပေးဖို့ လိုပါလိမ့်မယ်။

Dr.သုဈာန်

သားသားမီးမီးတို႔ သြားစတင္ေပါက္လာတဲ့အခ်ိန္မွာ ဘယ္လိုသြားတိုက္ေပးရမွာပါလဲ

ပုံမွန္အားျဖင့္ အသက္ ၆လဝန္းက်င္ေလာက္မွာ ကေလးသြားေလးေတြ စတင္ေပါက္လာတတ္ပါတယ္။ အဲ့ဒီအခ်ိန္မွာစၿပီး ႏူးညံ့တဲ့ အမွ်င္ေလးေတြပါတဲ့ ကေလးသြားတိုက္တံေလး (မိဘေတြရဲ႕လက္မွာစြပ္လို႔ရတဲ့ ကေလးသြားတိုက္တံအမ်ိဳးအစားေလးလဲရွိ) မွာ ဖလူအို႐ိုက္ဒ္ပါတဲ့ ကေလးသြားတိုက္ေဆးေလး (ဆန္ေစ့အ႐ြယ္ေလာက္ထည့္ၿပီး) သြားတိုက္ေပးသင့္ပါၿပီ။ သြားတိုက္တဲ့အခါ သြားကိုသာမက သြားဖုံးသားေလးေတြကိုပါ အသာအယာတိုက္ေပးသင့္ပါတယ္။ ႏွစ္ေခ်ာင္းယွဥ္ေပါက္လာတဲ့အခါက်ရင္ေတာ့ သြားၾကားပြတ္ႀကိဳး (Dental Floss) ေလးသုံးၿပီး သန႔္ရွင္းေရးျပဳလုပ္ေပးသင့္ပါတယ္။

အထူးသတိထားရမွာေတာ့ ကေလးငယ္ေတြကို ညဘက္ ႏို႔ဘူးတိုက္ၿပီး မအိပ္ေစျခင္းပါပဲ။ ကေလးေတြကို ညဘက္ႏို႔ဘူးတပ္လ်က္သား အိပ္ေပ်ာ္ေစျခင္းက ႏို႔္ပိုးစားတယ္ဆိုတဲ့ ကေလးသြားေလးေတြ ပိုးစားပ်က္စီးျခင္းကိုျဖစ္ေစတဲ့ အဓိက တရားခံပါ။ ႏို႔ထဲမွာပါတဲ့သၾကားဓာတ္က ကေလးသြားေတြကို ပိုးစားပ်က္စီးေစႏိုင္ပါတယ္။

အသက္သုံးႏွစ္ဝန္းက်င္နဲ႔အထက္ ကေလးငယ္ေတြကို ဖလူအို႐ိုက္ဒ္သြားတိုက္ေဆး (ပဲေစ့ခန႔္ပမာဏ)နဲ႔ သြားတိုက္ေပးသင့္ပါၿပီ။ သားသားမီးမီးတို႔ရဲ႕အသက္ေျခာက္ႏွစ္ထိကို သြားတိုက္ေနခ်ိန္မွာ ေသခ်ာေစာင့္ၾကည့္ၿပီး စနစ္မွန္သြားတိုက္နည္းကို ေသခ်ာသင္ၾကားျပသေပးသင့္ပါတယ္။ အဲ့အ႐ြယ္ကေလးငယ္ေတြဟာ သြားတိုက္ေဆးကို ေကာင္းေကာင္းမေထြးတတ္ေသးတာတို႔ မ်ိဳခ်တတ္တာတို႔လဲ လုပ္တတ္တာမို႔ ေသခ်ာေလးဂ႐ုတစိုက္နဲ႔ သြားတိုက္တာကို ေစာင့္ၾကည့္ေပးသင့္ပါတယ္။ မနက္စာစားၿပီးခ်ိန္နဲ႔ ညအိပ္ရာမဝင္ခင္ သြားတိုက္ျဖစ္တာ ေသခ်ာရဲ႕လားဆိုတာေရာ တစ္ခါတည္း စစ္ေဆးရင္းနဲ႔ေပါ့။

ကေလးငယ္အမ်ားစုဟာ ညဘက္အိပ္ခ်င္ေဇာရယ္ ပ်င္းတာရယ္ ေပါင္းၿပီး ညဘက္သြားတိုက္တာကို ပ်က္ကြက္တတ္ၾကပါတယ္။ ၾကာလာေတာ့ အက်င့္ပါၿပီး ညဘက္ကို သြားမတိုက္ျဖစ္ေတာ့ပါဘူး။ ညဘက္သြားမတိုက္ဘဲ အိပ္ရာဝင္တာဟာ ဒီႏိုင္ငံမွာ သြားပိုးစားရျခင္းရဲ႕ အဓိကအေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။ ညဘက္သြားတိုက္တာဟာ မနက္ဘက္သြားတိုက္တာထက္ ပိုအေရးႀကီးတာေၾကာင့္ ေဖေဖေမေမတို႔အေနနဲ႔ မိမိတို႔သားသားမီးမီးတို႔ကို ညဘက္သြားတိုက္တတ္တဲ့အက်င့္ရေအာင္ ေသခ်ာေလးဂ႐ုတစိုက္ သင္ၾကားေပးဖို႔ လိုပါလိမ့္မယ္။

Dr.သုဈာန္

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *