ဘောင်းဘီဇစ်ညပ်လျှင်

“အားလားလား”လို့တောင် မအော်နိုင်လောက်အောင် နာတဲ့ ဘောင်းဘီဇစ်ညပ်ခြင်းအရေးကိစ္စဟာ အသက် ၁၂အောက် ကလေးများမှာ တွေ့ရအများဆုံးဆိုပေမယ့်….လူကြီးတွေမှာလည်း ကြုံတွေ့ရတတ်ပါတယ်။

ဒါမျိုး ကြုံတွေ့ရပြီဆိုပါလျှင် ဒါလေးတွေ လုပ်လို့ရပါတယ်……

(1)အရမ်းမကြောက်ဘဲ စိတ်ကိုငြိမ်ငြိမ်ထားပါ။ လူဆိုတာ အရမ်းနာတဲ့အခါ ကြောက်စိတ်၊စိုးရိမ်စိတ်ဝင်လာတတ်တာ သဘာဝပေမယ့်….တတ်နိုင်သမျှ ကြောက်စိတ်ကိုထိန်းချုပ်ပါ။(ကလေးဆိုလျှင် ကလေးကိုအာရုံပြောင်းစေမယ့် အရာ…အရုပ် စသည်တို့ပြထား ပေးထားပြီး ခဏအာရုံပြောင်းထားပါ။)

(2)ရေနံဆီကဲ့သို့သော ချောဆီတစ်မျိုးမျိုးကို ညပ်နေတဲ့အမျိုးသားအင်္ဂါနဲ့ ဇစ်အပေါ် လောင်းချပြီး ၁၀-၁၅မိနစ်လောက်ထားပါ။

(3)လက်တစ်ဖက်က ဇစ်နဲ့ညပ်နေတဲ့အရေပြားကိုကိုင်ပါ။ ကျန်လက်တစ်ဖက်က ဇစ်ကိုကိုင်ပါ။ ထို့နောက် ညပ်နေတဲ့အရေပြားနဲ့ ဇစ်နဲ့ကို ဆန့်ကျင်ဘက်ဦးတည်ချက်နဲ့ ဆွဲပါ။ဖြည်းဖြည်းချင်း ဂရုတစိုက်ပြုလုပ်ပါ။ (အရေပြားပြဲခြင်း၊သွေးထွက်ခြင်းများရှိပါက ဆက်မဆွဲဘဲရပ်လိုက်ပြီး နီးစပ်ရာဆေးရုံ ဆေးခန်းသို့ ချက်ချင်းသွားရောက်ပြသပါ။)

(4)ဇစ်လမ်းကြောင်းကို ကန့်လန့်ဖြတ်ပြီး ကတ်ကြေးဖြင့်ညှပ်ပါ။ (ဘောင်းဘီနှင့်ဇစ်တော့ ပျက်ဆီးပါမယ်။) သို့မဟုတ် ပလာယာဖြင့် ဇစ်ခေါင်းအပိတ်ဖက်ကိုဖျက်ပြီး ဇစ်နှစ်ခုကိုဆွဲဟပါ။

(5)ဇစ်မှလွတ်သွားလျှင် အမျိုးသားအင်္ဂါကို ရေနှင့်ဆပ်ပြာအပျော့နှင့် ဆေးကြောသန့်စင်ပါ။ နာကျင်ခြင်း၊ယောင်ယမ်းခြင်းများရှိတတ်ပါတယ်။ Petroleum jelly တစ်မျိုးမျိုးလိမ်းထားပြီး ပတ်တီးအုပ်ထားပါ။ သွေးထွက်နေလျှင် အဝတ်သန့်သန့်ဖြင့် အသာအယာခဏဖိထားပါ။ သွေးထွက်များနေလျှင် နီးစပ်ရာဆေးရုံဆေးခန်းတွင် သွားရောက်ပြသကုသမှုခံယူပါ။

(6) ဒဏ်ရာပိုးဝင်ခြင်းလက္ခဏာများဖြစ်သော

  • ပိုယောင်လာခြင်း
  • ပိုရဲလာခြင်း
  • ပိုနာလာခြင်း
  • ပြည်တည်ခြင်း
  • ဖျားခြင်း

စသော လက္ခဏာများထဲက တစ်ခုခုဖြစ်ပေါ်လာပါက ဆရာဝန်နှင့်အမြန်ဆုံးသွားရောက်ပြသပါ။

ဒေါက်တာဝင်း (UM 2)

ေဘာင္းဘီဇစ္ညပ္လ်ွင္

“အားလားလား”လို႔ေတာင္ မေအာ္ႏိုင္ေလာက္ေအာင္ နာတဲ့ ေဘာင္းဘီဇစ္ညပ္ျခင္းအေရးကိစၥဟာ အသက္ ၁၂ေအာက္ ကေလးမ်ားမွာ ေတြ႔ရအမ်ားဆံုးဆိုေပမယ့္….လူႀကီးေတြမွာလည္း ၾကံဳေတြ႔ရတတ္ပါတယ္။

ဒါမ်ိဳး ျကံဳေတြ႔ရၿပီဆိုပါလ်ွင္ ဒါေလးေတြ လုပ္လို႔ရပါတယ္……

(1)အရမ္းမေျကာက္ဘဲ စိတ္ကိုၿငိမ္ၿငိမ္ထားပါ။ လူဆိုတာ အရမ္းနာတဲ့အခါ ေၾကာက္စိတ္၊စိုးရိမ္စိတ္ဝင္လာတတ္တာ သဘာဝေပမယ့္….တတ္ႏိုင္သမ်ွ ေၾကာက္စိတ္ကိုထိန္းခ်ဳပ္ပါ။(ကေလးဆိုလ်ွင္ ကေလးကိုအာရံုေျပာင္းေစမယ့္ အရာ…အ႐ုပ္ စသည္တို႔ျပထား ေပးထားၿပီး ခဏအာရံုေျပာင္းထားပါ။)

(2)ေရနံဆီကဲ့သို႔ေသာ ေခ်ာဆီတစ္မ်ိဳးမ်ိဳးကို ညပ္ေနတဲ့အမ်ိဳးသားအဂၤါနဲ႔ ဇစ္အေပၚ ေလာင္းခ်ၿပီး ၁၀-၁၅မိနစ္ေလာက္ထားပါ။

(3)လက္တစ္ဖက္က ဇစ္နဲ့ညပ္ေနတဲ့အေရျပားကိုကိုင္ပါ။ က်န္လက္တစ္ဖက္က ဇစ္ကိုကိုင္ပါ။ ထို႔ေနာက္ ညပ္ေနတဲ့အေရျပားနဲ႔ ဇစ္နဲ႔ကို ဆန္႔က်င္ဘက္ဦးတည္ခ်က္နဲ႔ ဆြဲပါ။ျဖည္းျဖည္းခ်င္း ဂ႐ုတစိုက္ျပဳလုပ္ပါ။ (အေရျပားျပဲျခင္း၊ေသြးထြက္ျခင္းမ်ား႐ွိပါက ဆက္မဆြဲဘဲရပ္လိုက္ၿပီး နီးစပ္ရာေဆးရံု ေဆးခန္းသို႔ ခ်က္ခ်င္းသြားေရာက္ျပသပါ။)

(4)ဇစ္လမ္းေၾကာင္းကို ကန္႔လန့္ျဖတ္ၿပီး ကတ္ေၾကးျဖင့္ညႇပ္ပါ။ (ေဘာင္းဘီႏွင့္ဇစ္ေတာ့ ပ်က္ဆီးပါမယ္။) သို႔မဟုတ္ ပလာယာျဖင့္ ဇစ္ေခါင္းအပိတ္ဖက္ကိုဖ်က္ၿပီး ဇစ္ႏွစ္ခုကိုဆြဲဟပါ။

(5)ဇစ္မွလြတ္သြားလ်ွင္ အမ်ိဳးသားအဂၤါကို ေရႏွင့္ဆပ္ျပာအေပ်ာ့ႏွင့္ ေဆးေၾကာသန္႔စင္ပါ။ နာက်င္ျခင္း၊ေယာင္ယမ္းျခင္းမ်ား႐ွိတတ္ပါတယ္။ Petroleum jelly တစ္မ်ိဳးမ်ိဳးလိမ္းထားၿပီး ပတ္တီးအုပ္ထားပါ။ ေသြးထြက္ေနလ်ွင္ အဝတ္သန္႔သန္႔ျဖင့္ အသာအယာခဏဖိထားပါ။ ေသြးထြက္မ်ားေနလ်ွင္ နီးစပ္ရာေဆးရံုေဆးခန္းတြင္ သြားေရာက္ျပသကုသမႈခံယူပါ။

(6) ဒဏ္ရာပိုးဝင္ျခင္းလကၡဏာမ်ားျဖစ္ေသာ

  • ပိုေယာင္လာျခင္း
  • ပိုရဲလာျခင္း
  • ပိုနာလာျခင္း
  • ျပည္တည္ျခင္း
  • ဖ်ားျခင္း

စေသာ လကၡဏာမ်ားထဲက တစ္ခုခုျဖစ္ေပၚလာပါက ဆရာဝန္ႏွင့္အျမန္ဆံုးသြားေရာက္ျပသပါ။

ေဒါက္တာဝင္း (UM 2)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *