My Doctor ရဲ့ ဟော့ပေါ့စားနည်း လမ်းညွှန်

မင်္ဂလာပါရှင်။ မိုးကလည်း အေးတော့ ဟော့ပေါ့လေးက စားချင်။ မိုးနဲ့ ဟော့ပေါ့၊ ဟော့ပေါ့နဲ့ မိုး…..သိပ်ကို ပနံသင့်နေတဲ့ ဒီလိုအချိန်အခါလေးမှာ My Doctor က ဟော့ပေါ့ ဘယ်လိုစားရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

ဟော့ပေါ့စားတာများဟယ် အထူးတလည်လုပ်လို့လို့တော့ မပြောပါနဲ့။ My Doctor က ဟော့ပေါ့စားနည်း အသွယ်သွယ်ကို ကျန်းမာရေးရှုထောင့်ကနေ တခမ်းတနား ပြောပြပေးသွားမှာပါ။

နံပါတ် (၁) ဟင်းရည်က စလိုက်ရအောင်။ ဆိုင်အမျိုးမျိုးမှာ အရသာအမျိုးမျိုးနဲ့ ရွေးချယ်စရာ အမျိုးမျိုးတွေ ရှိပေမယ့် အားလုံးရဲ့ တူညီတဲ့အချက်ကတော့ Monosodium glutamate(MSG) လို့ ခေါ်တဲ့ အချိုမှုန့်နဲ့ ကြက်သားမှုန့်တွေ အသုံးပြုထားတယ်ဆိုတာပါပဲ။ အချိုမှုန့်မထည့်နဲ့လို့ ပြောရင် ဟင်းရည်က ချက်ပြီးသား အစ်မဆိုပြီး ပြန်ပြောလိမ့်မှာ ဖြစ်တဲ့အတွက် ကိုယ့်စိတ်ထဲမှာ အချိုမှုန့်အန္တရာယ်ကို သတိချပ်ရုံမှအပ အခြားမရှိပါ။
ဒါပေမယ့် တချို့ဆိုင်တွေမှာတော့ အရသာခပ်ပေါ့ပေါ့ပဲ လုပ်ပေးထားပြီး ကိုယ်တိုင် အရသာဖြည့်စွက်နိုင်ဖို့ ဆား၊ သကြား၊ အချိုမှုန့်၊ အသားမှုန့်၊ ဘာမှုန့် ညာမှုန့်အမျိုးမျိုး စီစဉ်ပေးထားပါတယ်။ ဒါမျိုးလေးက ကိုယ်တိုင်ပိုပြီးချင့်ချိန်နိုင်လို့ ပိုကောင်းတဲ့ option တစ်ခုလို့ ပြောလို့ရပါတယ်။
အဲ့လို ခပ်ပေါ့ပေါ့အရသာဟင်းရည်ပေးခဲ့ရင် ငါးရယ်၊ ဂဏန်းရယ်၊ ဘူးညွန့်၊ ဖရုံညွန့်နဲ့ ပိန်းဥနည်းနည်း အရင် ထည့်ပြုတ်ထားလိုက်ပါ။ ပြီးရင် ဆား၊ သကြား၊ အချိုမှုန့်၊ ကြက်သားမှုန့်တွေအစား မြေပဲထောင်း/အနှစ်၊ နှမ်းထောင်း/အနစ်လေးတွေ ထည့်ပြီး စားကြည့်ပါ။ ချဉ်စပ်ကြိုက်သူများက ready made ချဉ်စပ်ခဲတွေ အစား ရှာလကာရည်နဲ့ ငရုတ်သီးအစိမ်းတောင့်လေးတွေ ညှပ်ထည့်ပါ။ ဒါဆို ရှယ်ဟင်းရည် ဖြစ်ပါပြီ။

နံပါတ် (၂) အသားပါ။ အသားကို ကြက်/ဆိတ်/ဝက်/အမဲသားက တစ်အုပ်စု၊ ငါး/ပုစွန်/ပြည်ကြီးငါး/ခရု/ဂဏန်းက တစ်အုပ်စု၊ အသားလုံး/အသားတုတွေက တစ်အုပ်စုဆိုပြီး သုံးစု ခွဲလိုက်ပါမယ်။
ပထမအုပ်စုမှာ ကြက်သားလွှာက အိုခေတယ်….သို့သော် ကြက်ခြေထောက်နဲ့ ကြက်အရေခွံမှာတော့ နှလုံးကျန်းမာရေးကို ထိခိုက်စေတဲ့ ပြည့်ဝဆီတွေ ပါဝင်တယ်ဆိုတာ သတိချပ်ပါ။ အလားတူပဲ ဆိတ်အသားလွှာ၊ ဝက်အသားလွှာ၊ အမဲအသားလွှာ ဒါတွေ အားလုံး အိုခေတယ်၊ တစ်ခုပဲ အဆီနည်းတဲ့ ပွဲကို ရွေးပါ။ စားတဲ့အခါ အဆီတုံးလေးတွေ ဖယ်ပြီး စားပါ။ bacon ကြိုက်တဲ့သူများကတော့ ပွဲအများကြီးမစားပါနဲ့။ ဖြစ်နိုင်ရင် ဝက်ဦးနှောက်တော့ မစားပါနဲ့။
နောက်အုပ်စုဖြစ်တဲ့ ပင်လယ်စာအုပ်စုမှာ ငါးစားပါ၊ ဟော့ပေါ့စားရင် ငါးအသားလွှာတွေကို ထည့်မစားကြတာများတယ်၊ ငါးစားကြပါနော်။ ပြီးရင် ပင်လယ်စာတွေ ကြိုက်တတ်ရင် အမျိုးစုံအောင်သာ စားပစ်လိုက်ပါ။
နောက်ဆုံးအုပ်စု အသားလုံးနဲ့ အသားတုတွေ။ လျှော့စားပါ။ ဆိုင်က စားဖိုမှူးက လတ်လတ်ဆတ်ဆတ် လုံးတာမဟုတ်ဘဲ ready made တွေဆိုရင် ဆားနဲ့သကြားတွေ၊ အခြားတာရှည်ခံပစ္စည်းတွေ ပါပါတယ်။
ဒီတော့ အကျဉ်းချုပ်ပြောရရင် လတ်ဆတ်တဲ့ အသား၊ ငါး စစ်စစ်တွေကိုပဲ စားပါ။ တိရစ္ဆာန်အဆီတွေဟာ ပြည့်ဝဆီတွေ ဖြစ်တဲ့အတွက် နှလုံးကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် အဆီနည်းတဲ့ အသားပွဲကို ရွေးချယ်ပါ။

နံပါတ် (၃) ဟင်းသီးဟင်းရွက်….အကုန်စား၊ အမျိုးအစား စုံအောင်စား၊ အရောင်စုံအောင်စားပါ။ ဒါပေမယ့် ကစီဓါတ်များတဲ့ အာလူး၊ ပြောင်းဖူး၊ ကန်စွန်းဥ၊ ပိန်းဥ စတာတွေကိုတော့ နည်းနည်းလျှော့စားပါ။ ဆိုင်မှာ ဟော့ပေါ့လာစားပါတယ်ဆိုမှ အသားပဲ စားမှာပေါ့၊ အရွက်တွေ စားချင်မှတော့ အိမ်မှာပဲ ပြုတ်စားတော့မှာပေါ့လို့ မတွေးဘဲ အသားရော အရွက်ပါ မျှတအောင် စားပါ။

နံပါတ် (၄) ရေ သို့မဟုတ် အချိုရည်။ The best fluid is water ပါ။ ဒါကြောင့် သကြားတွေသာ အများကြီးပါပြီး အာဟာရတန်ဖိုး ဘာမှမရှိတဲ့ soft drink အချိုရည်တွေအစား ရေပဲသောက်ပါ။ ဒါမှမဟုတ် တကယ့်အသီးနဲ့ဖျော်ထားတဲ့ အသီးဖျော်ရည်တစ်ခွက် မှာသောက်ပါ။

နံပါတ် (၅) Appetizer တွေ။ နှလုံးကျန်းမာရေးအတွက် မကောင်းတဲ့ အသွင်ပြောင်းဆီတွေ ပါဝင်နိုင်တဲ့ ကျွတ်ကျွတ်ရွရွ အကြော်တွေအစား အသုပ်တို့၊ ဆူရှီတို့ စားပါ။ ထမင်းကြော်၊ ခေါက်ဆွဲကြော် သိပ်မစားပါနဲ့၊ တော်ကြာ ဗိုက်ပြည့်ပြီး ဟော့ပေါ့မစားနိုင်ဘဲ နေမယ်။

နံပါတ် (၆) ကိုယ်စားနိုင်သလောက်ပဲ စားပါ။ အထူးသဖြင့် ဟော့ပေါ့ဘူဖေးတွေမှာ တန်အောင် စားရမယ်ဆိုတဲ့ အတွေးမျိုး မတွေးပါနဲ့။ အသားတစ်မျိုးကို တစ်ခွက်ပဲ ယူလာပြီး အရင် စားပါ။ ပြီးမှ ကိုယ်အရသာတွေ့တဲ့ အသားတွေကို ထပ်ယူပါ။ ဒီလောက် ခေတ်ထနေတဲ့ hot pot buffet culture ထဲမှာ တန်အောင် စားရမယ်ဆိုပြီး စွတ်ဆက်စားရင် ကိုယ့်ခန္ဓာကိုယ်ကို အမှိုက်ပုံးလို သဘောထားတာနဲ့ အတူတူပါပဲ။ တန်အောင် မစားပါနဲ့၊ အရသာကို ခံစားပါ၊ အာဟာရတန်ဖိုးကို နားလည်ပြီး ခန္ဓာကိုယ်ကျန်းမာအောင် စားပါ။ ကိုယ့်ကိုယ်ကို လေးစားပါ။ ကိုယ့်ခန္ဓာကိုယ်ကို လေးစားပါ။

အားလုံးပဲ မိုးအေးအေးမှာ ဟော့ပေါ့ပူပူနွေးနွေးလေးကို ချစ်တဲ့သူတွေနဲ့ အတူ အရသာရှိစွာ၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးနိုင်ကြပါစေ။

Dr ဟန်နီစုနိုင်

M.B.,B.S (MDY)

M.Sc Nutrition & Dietetic (UK)

My Doctor ရဲ႕ ေဟာ့ပါးစားနည္း လမ္းၫႊန္

မဂၤလာပါရွင္။ မိုးကလည္း ေအးေတာ့ ေဟာ့ေပါ့ေလးက စားခ်င္။ မိုးနဲ႔ ေဟာ့ေပါ့၊ ေဟာ့ေပါ့နဲ႔ မိုး…..သိပ္ကို ပနံသင့္ေနတဲ့ ဒီလိုအခ်ိန္အခါေလးမွာ My Doctor က ေဟာ့ေပါ့ ဘယ္လိုစားရမလဲဆိုတာ ေျပာျပေပးခ်င္ပါတယ္။

ေဟာ့ေပါ့စားတာမ်ားဟယ္ အထူးတလည္လုပ္လို႔လို႔ေတာ့ မေျပာပါနဲ႔။ My Doctor က ေဟာ့ေပါ့စားနည္း အသြယ္သြယ္ကို က်န္းမာေရးရႈေထာင့္ကေန တခမ္းတနား ေျပာျပေပးသြားမွာပါ။

နံပါတ္ (၁) ဟင္းရည္က စလိုက္ရေအာင္။ ဆိုင္အမ်ိဳးမ်ိဳးမွာ အရသာအမ်ိဳးမ်ိဳးနဲ႔ ေရြးခ်ယ္စရာ အမ်ိဳးမ်ိဳးေတြ ရွိေပမယ့္ အားလံုးရဲ႕ တူညီတဲ့အခ်က္ကေတာ့ Monosodium glutamate(MSG) လို႔ ေခၚတဲ့ အခ်ိဳမႈန္႔နဲ႔ ၾကက္သားမႈန္႔ေတြ အသံုးျပဳထားတယ္ဆိုတာပါပဲ။ အခ်ိဳမႈန္႔မထည့္နဲ႔လို႔ ေျပာရင္ ဟင္းရည္က ခ်က္ၿပီးသား အစ္မဆိုၿပီး ျပန္ေျပာလိမ့္မွာ ျဖစ္တဲ့အတြက္ ကိုယ့္စိတ္ထဲမွာ အခ်ိဳမႈန္႔အႏၲရာယ္ကို သတိခ်ပ္ရံုမွအပ အျခားမရွိပါ။
ဒါေပမယ့္ တခ်ိဳ႕ဆိုင္ေတြမွာေတာ့ အရသာခပ္ေပါ့ေပါ့ပဲ လုပ္ေပးထားၿပီး ကိုယ္တိုင္ အရသာျဖည့္စြက္ႏိုင္ဖို႔ ဆား၊ သၾကား၊ အခ်ိဳမႈန္႔၊ အသားမႈန္႔၊ ဘာမႈန္႔ ညာမႈန္႔အမ်ိဳးမ်ိဳး စီစဥ္ေပးထားပါတယ္။ ဒါမ်ိဳးေလးက ကိုယ္တိုင္ပိုၿပီးခ်င့္ခ်ိန္ႏိုင္လို႔ ပိုေကာင္းတဲ့ option တစ္ခုလို႔ ေျပာလို႔ရပါတယ္။
အဲ့လို ခပ္ေပါ့ေပါ့အရသာဟင္းရည္ေပးခဲ့ရင္ ငါးရယ္၊ ဂဏန္းရယ္၊ ဘူးၫြန္႔၊ ဖရံုၫြန္႔နဲ႔ ပိန္းဥနည္းနည္း အရင္ ထည့္ျပဳတ္ထားလိုက္ပါ။ ၿပီးရင္ ဆား၊ သၾကား၊ အခ်ိဳမႈန္႔၊ ၾကက္သားမႈန္႔ေတြအစား ေျမပဲေထာင္း/အႏွစ္၊ ႏွမ္းေထာင္း/အနစ္ေလးေတြ ထည့္ၿပီး စားၾကည့္ပါ။ ခ်ဥ္စပ္ႀကိဳက္သူမ်ားက ready made ခ်ဥ္စပ္ခဲေတြ အစား ရွာလကာရည္နဲ႔ င႐ုတ္သီးအစိမ္းေတာင့္ေလးေတြ ညႇပ္ထည့္ပါ။ ဒါဆို ရွယ္ဟင္းရည္ ျဖစ္ပါၿပီ။

နံပါတ္ (၂) အသားပါ။ အသားကို ၾကက္/ဆိတ္/ဝက္/အမဲသားက တစ္အုပ္စု၊ ငါး/ပုစြန္/ျပည္ႀကီးငါး/ခ႐ု/ဂဏန္းက တစ္အုပ္စု၊ အသားလံုး/အသားတုေတြက တစ္အုပ္စုဆိုၿပီး သံုးစု ခြဲလိုက္ပါမယ္။
ပထမအုပ္စုမွာ ၾကက္သားလႊာက အိုေခတယ္….သို႔ေသာ္ ၾကက္ေျခေထာက္နဲ႔ ၾကက္အေရခြံမွာေတာ့ ႏွလံုးက်န္းမာေရးကို ထိခိုက္ေစတဲ့ ျပည့္ဝဆီေတြ ပါဝင္တယ္ဆိုတာ သတိခ်ပ္ပါ။ အလားတူပဲ ဆိတ္အသားလႊာ၊ ဝက္အသားလႊာ၊ အမဲအသားလႊာ ဒါေတြ အားလံုး အိုေခတယ္၊ တစ္ခုပဲ အဆီနည္းတဲ့ ပြဲကို ေရြးပါ။ စားတဲ့အခါ အဆီတံုးေလးေတြ ဖယ္ၿပီး စားပါ။ bacon ႀကိဳက္တဲ့သူမ်ားကေတာ့ ပြဲအမ်ားႀကီးမစားပါနဲ႔။ ျဖစ္ႏိုင္ရင္ ဝက္ဦးေႏွာက္ေတာ့ မစားပါနဲ႔။
ေနာက္အုပ္စုျဖစ္တဲ့ ပင္လယ္စာအုပ္စုမွာ ငါးစားပါ၊ ေဟာ့ေပါ့စားရင္ ငါးအသားလႊာေတြကို ထည့္မစားၾကတာမ်ားတယ္၊ ငါးစားၾကပါေနာ္။ ၿပီးရင္ ပင္လယ္စာေတြ ႀကိဳက္တတ္ရင္ အမ်ိဳးစံုေအာင္သာ စားပစ္လိုက္ပါ။
ေနာက္ဆံုးအုပ္စု အသားလံုးနဲ႔ အသားတုေတြ။ ေလွ်ာ့စားပါ။ ဆိုင္က စားဖိုမွဴးက လတ္လတ္ဆတ္ဆတ္ လံုးတာမဟုတ္ဘဲ ready made ေတြဆိုရင္ ဆားနဲ႔သၾကားေတြ၊ အျခားတာရွည္ခံပစၥည္းေတြ ပါပါတယ္။
ဒီေတာ့ အက်ဥ္းခ်ဳပ္ေျပာရရင္ လတ္ဆတ္တဲ့ အသား၊ ငါး စစ္စစ္ေတြကိုပဲ စားပါ။ တိရစၧာန္အဆီေတြဟာ ျပည့္ဝဆီေတြ ျဖစ္တဲ့အတြက္ ႏွလံုးက်န္းမာေရးကို ထိခိုက္ေစပါတယ္။ ဒါေၾကာင့္ အဆီနည္းတဲ့ အသားပြဲကို ေရြးခ်ယ္ပါ။

နံပါတ္ (၃) ဟင္းသီးဟင္းရြက္….အကုန္စား၊ အမ်ိဳးအစား စံုေအာင္စား၊ အေရာင္စံုေအာင္စားပါ။ ဒါေပမယ့္ ကစီဓါတ္မ်ားတဲ့ အာလူး၊ ေျပာင္းဖူး၊ ကန္စြန္းဥ၊ ပိန္းဥ စတာေတြကိုေတာ့ နည္းနည္းေလွ်ာ့စားပါ။ ဆိုင္မွာ ေဟာ့ေပါ့လာစားပါတယ္ဆိုမွ အသားပဲ စားမွာေပါ့၊ အရြက္ေတြ စားခ်င္မွေတာ့ အိမ္မွာပဲ ျပဳတ္စားေတာ့မွာေပါ့လို႔ မေတြးဘဲ အသားေရာ အရြက္ပါ မွ်တေအာင္ စားပါ။

နံပါတ္ (၄) ေရ သို႔မဟုတ္ အခ်ဳိရည္။ The best fluid is water ပါ။ ဒါေၾကာင့္ သၾကားေတြသာ အမ်ားႀကီးပါၿပီး အာဟာရတန္ဖိုး ဘာမွမရွိတဲ့ soft drink အခ်ိဳရည္ေတြအစား ေရပဲေသာက္ပါ။ ဒါမွမဟုတ္ တကယ့္အသီးနဲ႔ေဖ်ာ္ထားတဲ့ အသီးေဖ်ာ္ရည္တစ္ခြက္ မွာေသာက္ပါ။

နံပါတ္ (၅) Appetizer ေတြ။ ႏွလံုးက်န္းမာေရးအတြက္ မေကာင္းတဲ့ အသြင္ေျပာင္းဆီေတြ ပါဝင္ႏိုင္တဲ့ ကြ်တ္ကြ်တ္ရြရြ အေၾကာ္ေတြအစား အသုပ္တို႔၊ ဆူရွီတို႔ စားပါ။ ထမင္းေၾကာ္၊ ေခါက္ဆြဲေၾကာ္ သိပ္မစားပါနဲ႔၊ ေတာ္ၾကာ ဗိုက္ျပည့္ၿပီး ေဟာ့ေပါ့မစားႏိုင္ဘဲ ေနမယ္။

နံပါတ္ (၆) ကိုယ္စားႏိုင္သေလာက္ပဲ စားပါ။ အထူးသျဖင့္ ေဟာ့ေပါ့ဘူေဖးေတြမွာ တန္ေအာင္ စားရမယ္ဆိုတဲ့ အေတြးမ်ိဳး မေတြးပါနဲ႔။ အသားတစ္မ်ိဳးကို တစ္ခြက္ပဲ ယူလာၿပီး အရင္ စားပါ။ ၿပီးမွ ကိုယ္အရသာေတြ႕တဲ့ အသားေတြကို ထပ္ယူပါ။ ဒီေလာက္ ေခတ္ထေနတဲ့ hot pot buffet culture ထဲမွာ တန္ေအာင္ စားရမယ္ဆိုၿပီး စြတ္ဆက္စားရင္ ကိုယ့္ခႏၶာကိုယ္ကို အမိႈက္ပံုးလို သေဘာထားတာနဲ႔ အတူတူပါပဲ။ တန္ေအာင္ မစားပါနဲ႔၊ အရသာကို ခံစားပါ၊ အာဟာရတန္ဖိုးကို နားလည္ၿပီး ခႏၶာကိုယ္က်န္းမာေအာင္ စားပါ။ ကိုယ့္ကိုယ္ကို ေလးစားပါ။ ကိုယ့္ခႏၶာကိုယ္ကို ေလးစားပါ။

အားလံုးပဲ မိုးေအးေအးမွာ ေဟာ့ေပါ့ပူပူေႏြးေႏြးေလးကို ခ်စ္တဲ့သူေတြနဲ႔ အတူ အရသာရွိစြာ၊ က်န္းမာေရးနဲ႔ ညီၫြတ္စြာ စားသံုးႏိုင္ၾကပါေစ။

Dr ဟန္နီစုႏိုင္

M.B.,B.S (MDY)

M.Sc Nutrition & Dietetic (UK)

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ဒေါက်ဖိနပ် အမြဲစီးသူတို့ သိထားသင့်သောအရာများ

1 Mins read
သင်ဟာ ဒေါက်ဖိနပ် အမြဲစီးတတ်တဲ့သူတစ်ယောက်ဆိုရင် သက်တောင့်သက်သာဖြစ်ရေး၊ ဘေးကင်းမှုနဲ့ ကျန်းမာ ရေးအတွက် သင်သိထားသင့်တဲ့ အရေးကြီးအချက်တွေရှိပါတယ်။ ဒေါက်ဖိနပ်စီးခြင်းဟာ အရပ် ရှည်သွားစေ ခြင်း၊ စမတ်ကျခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေခြင်း၊ ဆွဲဆောင်မှုရှိစေခြင်း စတဲ့အချက်တွေကြောင့် စီးလေ့ ရှိကြပါတယ်။ သို့သော်လည်း တစ်ဖက်မှာတော့…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

လတ်ဆတ်တဲ့ အသား နဲ့အသားခြောက် တို့မှာကွာခြားချက်ရှိနေလား

1 Mins read
အသား လတ်လတ်ဆတ်ဆတ်နဲ့ အသားခြောက်တို့ကြား သိသာထင်ရှားတဲ့ ကွာခြားချက်ရှိပါတယ်။ အစိုဓာတ် ပါဝင်မှု၊ လျှာပေါ်မှာထိတွေ့ခံစားရတဲ့ အနေအထား၊ ထိန်းသိမ်းမှုနည်းလမ်းများနှင့် ချက်ပြုတ်တဲ့ နည်းလမ်းများမှာ ကွာခြားမှုတွေ ရှိပါတယ်။ အစိုဓာတ်ပါဝင်မှု- လက်ဆတ်တဲ့အသားနဲ့ အသားခြောက်တို့ကြား အဓိကကွာခြားချက်မှာ အစိုဓာတ် ပါဝင်မှုပဲ ဖြစ်ပါတယ်။ လတ်ဆတ်သောအသားတွေမှာ…

Leave a Reply

Your email address will not be published. Required fields are marked *