“အရက် ဘယ်လို သောက်ကြမလဲ”

အခုခေတ်မှာက ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်မရွေး အရက်သောက်တတ်လာကြတော့ healthy living အကြောင်းပြောရင် အရက်သောက်နည်းကိုလည်း ပြောပြပေးမှ ဖြစ်မှာပေါ့။

အရက် ဘယ်လိုသောက်ရမလဲဆိုတော့……

?အရက်သောက်ခြင်းကြောင့် သွေးတိုး နှလုံး ဆီးချို စတဲ့ရောဂါတွေ မဖြစ်ချင်ရင်….. مجموعات يورو 2023

– အမျိုးသမီးတွေက တစ်နေ့ကို 2 standard drinks

– အမျိုးသားတွေက တစ်နေ့ကို 3 standard drinks ထပ် ပိုမသောက်ပါနဲ့။

– တစ်ပတ်မှာ အရက် လုံးဝမသောက်တဲ့နေ့ အနည်းဆုံး 2 ရက် ရှိပါစေ။

?အရက်သောက်ခြင်းကြောင့် မတော်တဆထိခိုက်မှုများကို ကာကွယ်ချင်ရင်…..

– အမျိုးသမီးတွေက တစ်ခါသောက်ရင် 4 standard drinks

– အမျိုးသားတွေက တစ်ခါသောက်ရင် 5 standard drinks ထပ် ပိုမသောက်ပါနဲ့။

?ကိုယ်ဝန်ရှိရင် (သို့) ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေရင် အရက် လုံးဝ မသောက်ပါနဲ့။

?မော်တော်ယာဉ် မောင်းနှင်တဲ့အချိန်၊ စက်ပစ္စည်းတွေ ကိုင်တွယ်တဲ့အချိန်တွေမှာ အရက် လုံးဝ မသောက်ပါနဲ့။

?အသက် (၁၈) နှစ်အောက် ကလေးငယ်တွေ အရက်မသောက်တာ အကောင်းဆုံးပါ။

Standard drink ဆိုတာ ဘာလဲ?

One standard drink မှာ pure alcohol 10 g ပါပါတယ်။ အရက်တစ်မျိုးနဲ့တစ်မျိုးမှာ ပါဝင်တဲ့ alcohol ပမဏပေါ် မူတည်ပြီး သူတို့ရဲ့ standard drink တွေက မတူကြပါဘူး။

ဥပမာ 4% alcohol ပါတဲ့ ဘီယာဗူးတစ်ဗူးမှာ one standard drink ပါပြီး 13% alcohol ပါတဲ့ ဝိုင်တစ်ပုလင်းမှာက 7.7 standard drink ပါပါတယ်။

Standard drink ကို တွက်တဲ့ formula ကိုလည်း ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။

“ပုလင်းရှိ အရည်ပမာဏ (in Liter) x alcohol % x 0.789” ပါ။ (0.789 ဆိုတာ ကိန်းသေပါ။ အခန်းအပူချိန်မှာရှိတဲ့ ethanol ရဲ့ density ဖြစ်ပါတယ်။)

ဥပမာ 4% alcohol ပါတဲ့ 330 ml ဘီယာသံဗူးတစ်ဗူးဆိုရင်….

0.33 x 4 x 0.789 = 1.04 (one standard drink) ဖြစ်ပါတယ်။

ကဲ….ဒီလောက်ဆို ကျန်းမာရေးကို မထိခိုက်အောင်၊ မတော်တဆ ထိခိုက်မှုတွေ မဖြစ်အောင် အရက်ကို ဘယ်လိုဆင်ခြင်ချိန်ဆပြီး သောက်ရမလဲဆိုတာ သိသွားကြပြီလို့ ထင်ပါတယ်။

?အားလုံး အသက်ကို ဉာဏ်စောင့်နိုင်ကြပါစေ။?

Dr Honey Su Naing

M.B.,B.S (Mandalay)

M.Sc Nutrition & Dietetics (UK)

“အရက္ ဘယ္လို ေသာက္ၾကမလဲ”

အခုေခတ္မွာက ေယာက္်ား၊ မိန္းမ၊ လူႀကီး၊ လူငယ္မေရြး အရက္ေသာက္တတ္လာၾကေတာ့ healthy living အေၾကာင္းေျပာရင္ အရက္ေသာက္နည္းကိုလည္း ေျပာျပေပးမွ ျဖစ္မွာေပါ့။

အရက္ ဘယ္လိုေသာက္ရမလဲဆိုေတာ့……

?အရက္ေသာက္ျခင္းေၾကာင့္ ေသြးတိုး ႏွလံုး ဆီးခ်ိဳ စတဲ့ေရာဂါေတြ မျဖစ္ခ်င္ရင္….. بطاقات كاش يو

– အမ်ိဳးသမီးေတြက တစ္ေန႔ကို 2 standard drinks

– အမ်ိဳးသားေတြက တစ္ေန႔ကို 3 standard drinks ထပ္ ပိုမေသာက္ပါနဲ႔။

– တစ္ပတ္မွာ အရက္ လံုးဝမေသာက္တဲ့ေန႔ အနည္းဆံုး 2 ရက္ ရွိပါေစ။

?အရက္ေသာက္ျခင္းေၾကာင့္ မေတာ္တဆထိခိုက္မႈမ်ားကို ကာကြယ္ခ်င္ရင္…..

– အမ်ိဳးသမီးေတြက တစ္ခါေသာက္ရင္ 4 standard drinks

– အမ်ိဳးသားေတြက တစ္ခါေသာက္ရင္ 5 standard drinks ထပ္ ပိုမေသာက္ပါနဲ႔။

?ကိုယ္ဝန္ရွိရင္ (သို႔) ကိုယ္ဝန္ေဆာင္ဖို႔ ႀကိဳးစားေနရင္ အရက္ လံုးဝ မေသာက္ပါနဲ႔။

?ေမာ္ေတာ္ယာဥ္ ေမာင္းႏွင္တဲ့အခ်ိန္၊ စက္ပစၥည္းေတြ ကိုင္တြယ္တဲ့အခ်ိန္ေတြမွာ အရက္ လံုးဝ မေသာက္ပါနဲ႔။

?အသက္ (၁၈) ႏွစ္ေအာက္ ကေလးငယ္ေတြ အရက္မေသာက္တာ အေကာင္းဆံုးပါ။

Standard drink ဆိုတာ ဘာလဲ?

One standard drink မွာ pure alcohol 10 g ပါပါတယ္။ အရက္တစ္မ်ိဳးနဲ႔တစ္မ်ိဳးမွာ ပါဝင္တဲ့ alcohol ပမဏေပၚ မူတည္ၿပီး သူတို႔ရဲ႕ standard drink ေတြက မတူၾကပါဘူး။

ဥပမာ 4% alcohol ပါတဲ့ ဘီယာဗူးတစ္ဗူးမွာ one standard drink ပါၿပီး 13% alcohol ပါတဲ့ ဝိုင္တစ္ပုလင္းမွာက 7.7 standard drink ပါပါတယ္။

Standard drink ကို တြက္တဲ့ formula ကိုလည္း ဗဟုသုတအေနနဲ႔ ေျပာျပေပးခ်င္ပါတယ္။

“ပုလင္းရွိ အရည္ပမာဏ (in Liter) x alcohol % x 0.789” ပါ။ (0.789 ဆိုတာ ကိန္းေသပါ။ အခန္းအပူခ်ိန္မွာရွိတဲ့ ethanol ရဲ႕ density ျဖစ္ပါတယ္။)

ဥပမာ 4% alcohol ပါတဲ့ 330 ml ဘီယာသံဗူးတစ္ဗူးဆိုရင္….

0.33 x 4 x 0.789 = 1.04 (one standard drink) ျဖစ္ပါတယ္။

ကဲ….ဒီေလာက္ဆို က်န္းမာေရးကို မထိခိုက္ေအာင္၊ မေတာ္တဆ ထိခိုက္မႈေတြ မျဖစ္ေအာင္ အရက္ကို ဘယ္လိုဆင္ျခင္ခ်ိန္ဆၿပီး ေသာက္ရမလဲဆိုတာ သိသြားၾကၿပီလို႔ ထင္ပါတယ္။

?အားလံုး အသက္ကို ဉာဏ္ေစာင့္ႏိုင္ၾကပါေစ။? القمار

Dr Honey Su Naing

M.B.,B.S (Mandalay)

M.Sc Nutrition & Dietetics (UK)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…

Leave a Reply

Your email address will not be published. Required fields are marked *