ခါးသေးရင်ချီ ပဒုမ္မနီတဲ့
မိန်းကလေးတို့လိုချင်တဲ့ခါးသေးသေးလှလှလေး။
ဒီနေ့ပြောပြချင်တာလေးက ကိုယ်ဝန်သည်မိခင်တို့ ကလေးမွေးဖွားပြီးတိုင်းကြုံတွေ့ရမယ့် အရာတစ်ခု။
သားသားမီးမီးလေးတို့နေထိုင်ဖို့ သဘာဝကပြင်ဆင်ပေးထားတဲ့ဗိုက်ကလေးက ပူပူလေးကျန်ရစ်ခဲ့။
ဒီအခြေအနေကို စိတ်ပူစရာရှက်နေစရာမလိုပါ။လူ့လောကကိုအကျိုးပြုမယ့်သားသမီးရတနာလေးတွေကို မွေးထုတ်ပေးနိုင်တဲ့ကြီးမြတ်တဲ့မိခင်တို့ရဲ့ ခနတာကြုံတွေ့ရမယ့် ကိစ္စလေးပါ။
သဘာဝအတိုင်းကို သူ့ပုံမှန်အခြေအနေပြန်ရောက်သွားနိုင်မှာဖြစ်ပေမယ့် ဗိုက်ကလေးမြန်မြန်ချပ်ချင်တဲ့ မေမေတို့အတွက် မိမိဖာသာလုပ်နိုင်တဲ့ အချိန်သိပ်မယူငွေမကုန်တဲ့နည်းလမ်းလေးတွေပြောပြပါမယ်-
၁)မိခင်နို့ချိုတိုက်ကျွေးခြင်း-မအံ့သြပါနဲ့၊သဘာဝတရားကြီးရဲ့မိခင်တို့အတွက်လက်ဆောင်မွန်ပါ။နို့ချိုတိုက်ကျွေးခြင်းဟာ သားအိမ်ကျုံ့ခြင်းကိုမြန်စေရုံမက ဗိုက်ခေါက်ကလေးကိုပါချပ်စေပါတယ်။လေ့လာမှုတွေအရ နို့ချိုတိုက်ကျွေးခြင်းက တစ်ရက်ကို ကယ်လိုရီ ၃၀၀မှ၅၀၀ကြားလောင်ကျွမ်းစေသတဲ့ကွယ်။
၂)လေ့ကျင့်ခန်းလုပ်ခြင်း-သိကြပြီးသားဖြစ်မှာပါ။အဓိကကတော့ လှုပ်လှုပ်ရှားရှားလေးနေဖို့ အပျင်းမကြီးဖို့လေးပါ။လမ်းပုံမှန်ဖြေးဖြေးမှန်မှန်လျှောက်ခြင်း(မပြေးရပါ)၊အကြောလျော့ခြင်း၊gymတွင်ဆော့ခြင်းကိုတော့အလေးပေါ့ပေါ့(သို့)အလေးလွတ်ပဲဆော့သင့်ပါတယ်(မွေးပြီး ၃လမှဆော့သင့်ပါတယ်) ပြင်းပြင်းထန်ထန်၊အလေးများများဆော့ခြင်းရှောင်ပါ။
၃)Yoga(ယောဂ)-ယောဂလေ့ကျင့်ခြင်းဟာလဲ ကလေးမွေးထားတဲ့မိခင်တို့ရဲ့ ဗိုက်ခေါက်လေးတွေကျစေရုံမက ကယ်လိုရီတွေပါလောင်ကျွမ်းစေပါတယ်။
၎)ညီညွတ်မျှတသောစားသောက်မှုဖြစ်ပါစေ-ဒီတစ်ချက်ကတော့ကိုယ်ဝန်ဆောင်စဉ်ထဲကလုပ်ရမယ့်အရာပါ၊ကလေးမွေးပြီး ဗိုက်ခေါက်တွေထူခြင်းဟာ ကိုယ်ဝန်ဆောင်စဉ်မှာစားထားတဲ့အရာတွေနဲ့လဲဆိုင်ပါတယ်။ကိုယ်ဝန်ဆောင်စဉ်စားကောင်းကောင်းနဲ့တွေ့ကရာမစားသင့်ပါ။အထူးသဖြင့်ကယ်လိုရီများတာတွေရှောင်ရပါမယ်။အဆီမပါအသား၊ငါး၊ဟင်းသီးဟင်းရွက်၊ပဲတို့ကိုစားပေးရပါမယ်။ဗီတာမင်စီပေါကြွယ်ဝတဲ့ မာလကာသီး၊လိမ္မော်သီးတို့ကိုစားပေးနိုင်ပါတယ်။
၅)ရေများများသောက်ပါ-ရေသောက်ခြင်းဟာ ကယ်လိုရီလောင်ကျွမ်းရုံမက အခြားများစွာသောအကျိုးကျေးဇူးများရနိုင်ပါတယ်။
၆)Green tea သောက်ပေးပါ-(Antioxidant)အင်တီအောက်ဆီးဒန့်အာနိသင်ရှိလို့ အဆီတွေကျစေပါတယ်။လေ့ကျင့်ခန်းလုပ်ပြီးစ Green Teaလေးတစ်ခွက်သောက်ခြင်းဟာ မေမေတို့ကိုအကျိုးမယုတ်စေပါဘူး၊၊
၇)ကျန်းမာရေးထိခိုက်မယ့်အပြုအမူများရှောင်ကြည်ပါ-ကလေးမွေးပြီး NightကလေးOut၊ဘီယာလေးသောက်ရင်တော့ ဗိုက်ခေါက်ကမကျတဲ့အပြင်ထူလာမှာအသေအချာပါပဲ။
၈)စိတ်ဖိစီးမှုများကိုရှောင်ပါ-စိတ်ဖိစီးမှုများလာတဲ့အခါ Cortisol hormone(ကော်တီစော ဟော်မုန်း) ထွက်လာပြီး၎င်းက ခန္ဓာကိုယ်အဆီတွေကိုတက်စေရုံမကအခြားထိခိုက်မှုများပါဖြစ်စေပါတယ်။ပျော်စရာတစ်ချက်ကတော့ အိပ်ရေးဝဝအိပ်ခြင်းဟာ ကော်တီစောကိုကျစေပါတယ်တဲ့။ကဲ ကလေးကိုဖေဖေတို့ထိန်းခိုင်းပြီး မေမေတို့အိပ်ရေးဝဝ အိပ်ကြရအောင်။
ဖော်ပြပါ အချက်ကလေးတွေကိုတတ်နိုင်သလောက်လိုက်လုပ်ကြပြီး စမတ်ကျကျလှလှပပမေမေတို့ လုပ်ကြရအောင်။
Dr.ZY