All Articlesအထွေထွေအထွေထွေရောဂါများ

How to do Skin Care on Beach

1 Mins read

ဒါတွေပါမှ ကမ်းခြေသွားပါ

ပင်လယ်ကမ်းခြေကိုသွားမယ်…အသားမမဲဘဲလည်း အိမ်ပြန်ရောက်ချင်တယ်ဆိုရင် ဒါလေးတွေယူသွားဖို့ မမေ့ပါနဲ့ –

– ရှားစောင်းလက်ပတ် gel

(အသားအရေကို အစိုဓာတ်ထိန်းပေးမယ့် အကောင်းဆုံးအရာ တစ်ခုဖြစ်တာကြောင့် ပါအောင်ယူသွားပါ။)

– SPF များများပါတဲ့ နေရောင်ကာခရင်မ် Sun Screen

( နေလောင်ခြင်းက ကာကွယ်ဖို့ ဒါလေးက အရေးအကြီးဆုံးနော်။ နေရောင်ထိမယ့်နေရာအားလုံးကို Sunscreen လိမ်းပါ။ သင်သိထားသင့်တဲ့နောက်တစ်ချက်က Sunscreen ဆိုတာ မနက်တစ်ကြိမ်လိမ်းရုံနဲ့တစ်နေ့လုံးမခံပါဘူးနော်။ အနည်းဆုံး 2နာရီခြားတစ်ကြိမ်လောက် ပြန်ပြန်လိမ်းပေးဖို့ လိုပါတယ်။)

-SPF ပါတဲ့ နှုတ်ခမ်းအားဖြည့်ဆီ Lip Balm

(မျက်နှာနဲ့ ခန္ဓာကိုယ်အပြင် နှုတ်ခမ်းလေးပါ ဂရုစိုက်ပါ။)

-နေကာမျက်မှန်ကတော့ စတိုင်ကျဖို့အတွက်လည်းလိုသလို

နေရောင်ကြောင့်မျက်မှောင်တွေကျုံ့ထားရပြီး မျက်လုံးတစ်ဝိုက်အရေးအကြောင်းဖြစ်ခြင်းမှလည်း ကာကွယ်ပေးမှာပါ။)

-ထီးနှင့်ဦးထုပ်

(ဟုတ်ပါတယ်။ Sun Screen တွေဟာ သင့်ကို အန္တရာယ်ရှိတဲ့ UV rays တွေက ကာကွယ်ပေးနိုင်တာမှန်ပေမယ့် ဒါဟာ 100 ရာခိုင်နှုန်းအပြည့်အဝတော့မဟုတ်ပါဘူးနော်။ဒါကြောင့် ဖြစ်နိုင်ရင် နေခြစ်ခြစ်တောက်ပူနေတဲ့အချိန်တွေမှာ အပြင်ထွက်ခြင်းကိုရှောင်ပါ။ ဒါမှမဟုတ်လည်း အရမ်းပူနေတဲ့အချိန်အပြင်ထွက်ရင် လုံခြုံတဲ့အဝတ်အစား၊ထီး၊ဦးထုပ် စတာတွေကို အသုံးပြုခြင်းက သင့်အလှအပကို ထိန်းသိမ်းပေးရာရောက်ပါတယ်။)

-Face Mask လေးတွေယူသွားမယ်။

(ကမ်းခြေမှာ ဆော့ကစားပျော်ပါးပြီးလို့ ညအိပ်ခါနီးရောက်ရင် မျက်နှာပေါ် Face Mask လေး ၁၅ မိနစ်လောက်ကပ်ထားရင်း အပန်းဖြေလိုက်ပါ။)

ဒါလေးတွေမမေ့မလျော့ဘဲ ယူသွားမယ်၊ဂရုတစိုက်အသုံးပြုမယ် ဆိုရင် ကမ်းခြေကပြန်လာတဲ့အခါ သင့်အသားအရေလေးဟာ နဂိုအတိုင်းဖြူစင်ဝင်းပနေမှာဖြစ်ပြီး သင့်သူငယ်ချင်းတွေက သင်ကမ်းခြေသွားထားမှန်းတောင် သိနိုင်မဟုတ်ပါဘူးနော်။

ဒေါက်တာဝင်း (UM2)

ဒါေတြပါမွ ကမ္းေျခသြားပါ

ပင္လယ္ကမ္းေျခကိုသြားမယ္…အသားမမဲဘဲလည္း အိမ္ျပန္ေရာက္ခ်င္တယ္ဆိုရင္ ဒါေလးေတြယူသြားဖို႔ မေမ့ပါနဲ႔ –

– ႐ွားေစာင္းလက္ပတ္ gel

(အသားအေရကို အစိုဓာတ္ထိန္းေပးမယ့္ အေကာင္းဆံုးအရာ တစ္ခုျဖစ္တာေၾကာင့္ ပါေအာင္ယူသြားပါ။)

– SPF မ်ားမ်ားပါတဲ့ ေနေရာင္ကာခရင္မ္ Sun Screen

( ေနေလာင္ျခင္းက ကာကြယ္ဖို႔ ဒါေလးက အေရးအႀကီးဆံုးေနာ္။ ေနေရာင္ထိမယ့္ေနရာအားလံုးကို Sunscreen လိမ္းပါ။ သင္သိထားသင့္တဲ့ေနာက္တစ္ခ်က္က Sunscreen ဆိုတာ မနက္တစ္ႀကိမ္လိမ္းရံုနဲ႔တစ္ေန႔လံုးမခံပါဘူးေနာ္။ အနည္းဆံုး 2နာရီျခားတစ္ႀကိမ္ေလာက္ ျပန္ျပန္လိမ္းေပးဖို႔ လိုပါတယ္။)

-SPF ပါတဲ့ ႏႈတ္ခမ္းအားျဖည့္ဆီ Lip Balm

(မ်က္ႏွာနဲ႔ ခနၶာကိုယ္အျပင္ ႏွုတ္ခမ္းေလးပါ ဂ႐ုစိုက္ပါ။)

-ေနကာမ်က္မွန္ကေတာ့ စတိုင္က်ဖို႔အတြက္လည္းလိုသလို

ေနေရာင္ေၾကာင့္မ်က္ေမွာင္ေတြက်ံဳ႕ထားရၿပီး မ်က္လံုးတစ္ဝိုက္အေရးအေၾကာင္းျဖစ္ျခင္းမွလည္း ကာကြယ္ေပးမွာပါ။)

-ထီးႏွင့္ဦးထုပ္

(ဟုတ္ပါတယ္။ Sun Screen ေတြဟာ သင့္ကို အႏၱရာယ္႐ွိတဲ့ UV rays ေတြက ကာကြယ္ေပးႏိုင္တာမွန္ေပမယ့္ ဒါဟာ 100 ရာခိုင္ႏႈန္းအျပည့္အဝေတာ့မဟုတ္ပါဘူးေနာ္။ဒါေၾကာင့္ ျဖစ္ႏိုင္ရင္ ေနျခစ္ျခစ္ေတာက္ပူေနတဲ့အခ်ိန္ေတြမွာ အျပင္ထြက္ျခင္းကိုေ႐ွာင္ပါ။ ဒါမွမဟုတ္လည္း အရမ္းပူေနတဲ့အခ်ိန္အျပင္ထြက္ရင္ လံုျခံဳတဲ့အဝတ္အစား၊ထီး၊ဦးထုပ္ စတာေတြကို အသံုးျပဳျခင္းက သင့္အလွအပကို ထိန္းသိမ္းေပးရာေရာက္ပါတယ္။)

-Face Mask ေလးေတြယူသြားမယ္။

(ကမ္းေျခမွာ ေဆာ့ကစားေပ်ာ္ပါးၿပီးလို႔ ညအိပ္ခါနီးေရာက္ရင္ မ်က္ႏွာေပၚ Face Mask ေလး ၁၅ မိနစ္ေလာက္ကပ္ထားရင္း အပန္းေျဖလိုက္ပါ။)

ဒါေလးေတြမေမ့မေလ်ာ့ဘဲ ယူသြားမယ္၊ဂ႐ုတစိုက္အသံုးျပဳမယ္ ဆိုရင္ ကမ္းေျခကျပန္လာတဲ့အခါ သင့္အသားအေရေလးဟာ နဂိုအတိုင္းျဖဴစင္ဝင္းပေနမွာျဖစ္ၿပီး သင့္သူငယ္ခ်င္းေတြက သင္ကမ္းေျခသြားထားမွန္းေတာင္ သိႏိုင္မဟုတ္ပါဘူးေနာ္။

ေဒါက္တာဝင္း (UM2)

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *