strong>ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်ဘယ်လိုထိန်းမလဲ?
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်တိုးခြင်းဟာ ပုံမှန်ဖြစ်စဉ်ဖြစ်ပါတယ်။သို့သော်လည်း လိုတာထက်ပိုများတဲ့ကိုယ်အလေးချိန်ဟာ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုတက်ခြင်း ကိုယ်ဝန်ဆိပ်တက်ခြင်း ခွဲမွေးရနိုင်ခြေများခြင်းနဲ့ လမစေ့ကလေးမွေးခြင်းတို့လို ပြဿနာတွေကို ဖြစ်ပေါ်စေတတ်ပါတယ်။
ဘယ်လိုထိန်းသိမ်းမလဲ?
(၁) ကျန်းမာသောကိုယ်အလေးချိန်ဖြစ်မှ ကိုယ်ဝန်ယူပါ။မိမိရဲ့ကိုယ်အလေးချိန်ကို ရှိသင့်တဲ့အလေးချိန်တစ်ခုရောက်အောင်လုပ်ပြီးမှ ကိုယ်ဝန်ယူပါ။
(၂)ဉာဏ်ရှိစွာစားသုံးပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးအတွက်အာဟာရပိုလိုတဲ့အတွက်ပိုစားရမှာမှန်ပါတယ်။နည်းနည်းစီအကြိမ်ရေများများစားပါ။ခဏခဏစားနေတဲ့အတွက် သွေးတွင်းသကြားဓာတ်တည်ငြိမ်ပြီး ဆာလွန်းလို့လောဘတကြီးစားမိတာမျိုးမဖြစ်တော့ပါဘူး။အသား အသီးအနှံနဲ့ဟင်းသီးဟင်းရွက်များများစားပါ။ဆန်လုံးညို နဲ့ ကောက်နှံတစ်ခုလုံးနဲ့လုပ်ထားတဲ့ပေါင်မုန့်မျိုးစားပါ။ကိုယ်ချဉ်ခြင်းတပ်တဲ့အစားအသောက်ဟာ အာဟာရမဖြစ်စေဘူးဆိုရင် အာဟာရဖြစ်တဲ့ဟာတွေနဲ့ ရောစားတာမျိုးလုပ်ပါ။
(၃)ရေများများသောက်ပါ။
(၄)လမ်းလျှောက်ပါ။
တစ်နေ့ ၁၀ မိနစ်မှာ နာရီဝက်အထိလမ်းလျှောက်နိုင်ပါတယ်။
(၅)လေ့ကျင့်ခန်းလုပ်ပါ။
ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကလွဲလို့ ရေကူးတာ အေရိုးဗစ်ကစားတာမျိုးတွေ လုပ်နိုင်ပါတယ်။
(၆)တစ်ပတ်တစ်ခါလောက်တော့ ကိုယ်စားချင်တာလေးကိုယ့်ကိုယ်ကိုယ်အလိုလိုက်ပါ။
(၇)ကိုယ်ဝန်စောင့်ရှောက်မှုခံယူတဲ့အချိန်တိုင်း ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး အာရုံထားပါ။
(၈)နို့တိုက်ပါ။
နို့တိုက်တာက တစ်နေ့ကို ကယ်လိုရီ ၅၀၀ လောင်ကျွမ်းစေနိုင်တဲ့အတွက် ကိုယ်ဝန်ကြောင့် တက်နေတဲ့ကိုယ်အလေးချိန်ကို ပြန်ကျစေနိုင်ပါတယ်။
Ref;https://www.babycenter.com/0_10-ways-to-avoid-gaining-too-m…