All Articlesအခြားရောဂါများအထွေထွေရောဂါများ

စိတ်ဖိစီးမှုများသူတွေ ဘယ်လိုအားဆေးမျိုး ရွေးချယ်သင့်လဲ

1 Mins read

စိတ်ဖိစီးမှုများသူတွေ ဘယ်လိုအားဆေးမျိုး ရွေးချယ်သင့်လဲ

လူနဲ့ စိတ်ဖိစီးမှုဆိုတာ ဖွားဖက်တော် အမွှာညီအစ်ကိုလို့ ပြောလို့ရလောက်အောင် မွေးကင်းစကတည်းက စိတ်ဖိစီးမှုဆိုတဲ့အရာနဲ့ တူတူယှဉ်တွဲနေထိုင်ခဲ့ရပါတယ်။
ကြီးပြင်းလာတဲ့ အသက်အရွယ်နဲ့အတူ တာဝန်ယူရမှု နဲ့ လောကဓံတွေပါ ကြီးမားလာတဲ့အခါမှာတော့ စိတ်ဖိစီးမှုတွေလည်း ပိုများလာရပါတယ်။

ဒီတော့ စိတ်ဖိစီးမှုကို ဖြေလျှော့ဖို့ နည်းလမ်းတွေ၊ အားဆေးတွေ ဓာတ်စာတွေ လိုအပ်လာပါတယ်။

?ဘယ် ဗိုက်တာမင်တွေကို ရွေးမလဲ ??

စိတ်ဖိစီးမှုနဲ့ အာရုံကြောပြဿနာတွေအတွက် တစ်ကမ္ဘာလုံးလက်ခံထားတဲ့ ဗိုက်တာမင်ကတော့ ဗိုက်တာမင် ဘီ အုပ်စုဖြစ်ပါတယ်။

?ဗိုက်တာမင် B1 – (Thiamine)

• စိတ်ကိုတည်ငြိမ်စေပါတယ်။

• ဦးနှောက်နဲ့ အာရုံကြောကို ကျန်းမာစေပါတယ်။

• မှတ်ဉာဏ် နဲ့ အာရုံစိုက်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။

– အစေ့အဆံတွေ၊ ပဲပိစပ် နဲ့ ငါး..စတဲ့ အစားအစာတွေမှာ ကြွယ်ဝစွာပါဝင်ပါတယ်။

?ဗိုက်တာမင် B2 – (Riboflavin)

• အာရုံကြောစနစ်ကိုတည်ငြိမ်စေပါတယ်

• စိတ်ခံစားချက်တွေနဲ့ ခန္ဓာကိုယ်ရဲ့ ခွန်အားကို ထိန်းညှိပေးပါတယ်။

• ကစီဓာတ်နဲ့ အဆီတွေရဲ့ ကိုယ်တွင်းပြောင်းလဲမှုဖြစ်စဉ်မှာ ပါဝင်ပါတယ်။

– ဥအမျိုးမျိုး၊ ဆလ်မွန်ငါး၊ နို့၊ ဒိန်ချဉ်၊ မှို နဲ့ ဟင်းနုနွယ် စတာတွေမှာ ကြွယ်ဝစွာပါဝင်ပါတယ်။

?ဗိုက်တာမင် B3 – (Niacin)

• စိတ်အတက်အကျကို တည်ငြိမ်စေပါတယ်။

B3 ချို့တဲ့လာရင် စိတ်ဖိစီးတာ၊ စိတ်အနှောင့်အယှက်ဖြစ်လွယ်တာ၊ စိတ်ကျဝေဒနာ တွေ ဖြစ်လာတတ်ပါတယ်။

• အာရုံကြောတွေကို ကျန်းမာသန်စွမ်းစေပါတယ်။

• သွေးတွင်းအချိုဓာတ်နဲ့ အစာခြေစနစ် ကို ထိန်းညှိပေးပါတယ်။

– အသား၊ ငါး၊ အစေ့အဆံ၊ မြေပဲနဲ့ ပဲစိမ်းတွေမှာ ပါဝင်ပါတယ်။

?ဗိုက်တာမင် B6 – (pyridoxine)

• စိတ်ကိုချိန်ညှိပေးတဲ့ Serotonin နဲ့ တခြားသော neurotransmitter ဆိုတဲ့ အာရုံကြောစနစ်ရဲ့ ဆက်သွယ်ရေးတပ်သားလေးတွေကို မွေးထုတ်ပေးရာမှာ ပါဝင်ပါတယ်။

• စိတ်ဖိစီးချိန်မှာ ကိုယ်ခံအားမကျအောင် ထောက်ကူပေးပါတယ်။

• Adrenal Gland အတွက် လိုအပ်ပါတယ်။

– ငှက်ပျောသီး၊ ဂျုံနဲ့ ပဲအမျိုးမျိုးမှာ ပါဝင်ပါတယ်။

?ဗိုက်တာမင် B9 – (Folate or folic acid)

• ဦးနှောက်ကို အထောက်အပံ့ပေးပါတယ်။

• စိတ်ကိုတက်ကြွစေပါတယ်။

• မွေးရာပါ အာရုံကြောမကြီး ကောင်းစွာမဖွံ့ဖြိုးတဲ့ ပြဿနာတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ ကာကွယ်ပေးနိုင်ပါတယ်။

-ပန်းပွင့်စိမ်း၊ ဟင်းနုနွယ်၊ ပဲကြီးနဲ့ တခြားပဲအမျိုးမျိုးမှာ ဖောလစ်အက်ဆစ် ကြွယ်ဝပါတယ်။

?ဗိုက်တာမင် B12 – (Cyanocobalamin)

• ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာနဲ့ ဖွံ့ဖြိုးမှုအတွက်လိုပါတယ်။

• အိပ်ပျော်ဖို့လိုအပ်တဲ့ melatoninနဲ့ စိတ်မကျဖို့ လိုအပ်တဲ့ serotonin ထုတ်လုပ်မှုအတွက် လိုပါတယ်။

• လူရဲ့ DNA ဖြစ်ပေါ်မှုမှာ ပါဝင်ပါတယ်။

– ဥအမျိုးမျိုး၊ cheese၊ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ၊ ငါးအမျိုးမျိုး၊ ပဲနို့ ဆန်နို့ စတာတွေမှာ ပါဝင်ပါတယ်။

တခြားဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေလည်း ပြည့်ဝဖို့ လိုအပ်ပေမဲ့ စိတ်ဖိစီးမှုကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့တော့ ဗိုက်တာမင်ဘီအုပ်စုက မရှိမဖြစ်ပါပဲ။

ကျန်းမာပျော်ရွှင်ကြပါစေ..

Dr ဖြိုးဝေလင်း
(31.8.19)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…