ထိခိုက်ရှနာများ ကိုအမာရွတ်မထင်အောင် ဘယ်လိုလုပ်မလဲ
လူတိုင်း ဟာ နေ့စဉ်မတော်တဆ ထိခိုက်မိတာ ချော်လဲတာ တွေ နဲ့ ကြုံတွေ့တတ်ကြပါတယ် အဲလို ထိခိုက်မိပြီ ဆိုပါက အမာရွတ် ပါးပါးလေး ကျန်ခဲ့သူ တွေက ရုပ်ဆိုး ပန်းဆိုးမဖြစ်ပေမယ့် အမာရွတ်ထူထူကြီး ကျန်ခဲ့မယ် ဆို ငယ်သူကြီးသူမရွေး စိတ်ကသိကအောက် ဖြစ်စေတတ်ပါတယ် အဲလို အမာရွတ်မထင် အောင် အနာမြန်မြန်ကျက်အောင် ပြုလုပ်ပေးရမယ့် အိမ်တွင်း ပြုစုပုံတွေကို တင်ပြလိုက်ရပါတယ်။
၁ ထိခိုက်ရှနာ များကို သန့်ရှင်းစွာ စောင့်ရှောက်ခြင်း
ပထမဦးစွာ ထိခိုက်မိ ပြီးဆိုကတည်းက ပိုးမဝင်အောင် ပြုလုပ်ရပါမယ်။ ဒါပေမယ့် သင့်မှာ သွေးမတိတ်သော ရောဂါရှိလျှင် ဆီးချိုရှိနေပါက ဆေးခန်းပြသဖို့က လိုအပ်ပါတယ် ဆေးခန်းမပြမှီ အနာကို ဆပ်ပြာနှင့်သေချာဆေးကြောရပါမယ် သတိပြုရမှာက လက်ကို အရင်ဆေးပြီးမှ အနာကို ကိုင်တွယ် ပါ သာမာန် ခြစ်ရာလေးဆိုရင် ဒီအတိုင်း သာ ထားလို့ရပါတယ်။
ဒဏ်ရာက ကြီးတယ် အထဲမှာ ဖုန်တွေသဲတွေ စတာတွေဝင်နေရင်တော့ ဆေးခန်း ပြသသင့်ပါတယ် ဆပ်ပြာနှင့်ဆေးချိန်မှာ လည်း သေခိာ ဖယ်ရှားသင့်ပါတယ် အနာက သွေးတအားထွက်နေရင် ပတ်တီးစနဲ့ သေချာ ဖိထားခိုင်းပြီး ဒဏ်ရာရှိတဲ့ဘက်ကို မြှောက်ထားရပါမယ်။ ပြီး သာမာန် အနာလိမ်းဆေးတစ်ခုခုလိမ်းပြီး ပတ်တီးလေးစည်းထားပါ။ အကယ်၍အနာကနာလါတယ် ကြီးတယ် သွေးမတိတ်ဘူး ဖုန်တွေသဲတွေနှင့် ညစ်ပတ်နေတယ် ရောင်လါတယ် တို့ ဖြစ်ပေါ်ပါက ဆေးခန်းချက်ခြင်းပြရပါမယ် မေးခိုင်ကာကွယ်ဆေးပါ ထ်ုးနှံရပါမယ်။
၂ အနာဖြစ်ပြီးနောက် ပြုလုပ်သင့်သည်များ
သာမာန် ပွန်းတာ လေးက အမာရွတ်မထင် နိုင်ပါ သန့်သန့်ရှင်းရှင်းနေဖို့သာ လိုပါတယ် အနာကြီးကြီးမားမား တွေ ရောင်တာ နီတာ နာတာရှိသော အနာတွေ ကတော့ အထူးဂရုစိုက်ရပါမယ် အနာဖြစ်နေစဉ် အနာရင်းစေသော လက္ခဏာများ ဖြစ်တဲ့ တအားရောင်ရမ်း လာခြင်း နာကျင်လါခြင်း ပြည်တည်လာခြင်း ဖျားလာခြင်း လည်ပင်း ချိုင်းကြား ပေါင်ခြံတွေမှာ အကျိတ်ထွက်လာခြင်းများ ကို စောင့်ကြည့်သင့်ပါတယ် အဲလိုဖြစ်ပါက ချက်ခြင်းဆေးခန်းပြေးပြသင့်ပါတယ်။ အနာကို နေ့စဉ် ဆေးထည့်ပါ petroleum jelly လိုဆေးမျိုး လေး လိမ်းပေးတာက အမာကျွတ်မကျန်ဖို့ အကူအညီပေးပါတယ် တတ်နိုင်သမျှနေပူထဲကိုမထွက်ပါနဲ့ ဗီတာမင်စီ နှင့် ဗီတာမင် အီးတွေက အနာကျက်ဖို့ကို တနည်းအားဖြင့် ထောက်ပံ့ပေးနိုင်ပါတယ်။
ဒါကြောင့် အသီးအနှံများများစားပေးပါ အနာဖေးလေးတွေပေါ်လာတာ အနာကနေ ယားကျိကျိဖြစ်လါတာတွေက ကောင်းတဲ့လက္ခဏာတွေပါ ဒါကြောင့်အနာဖေးတွေကို မခွာမိပါစေနှင့် နောက်ဆုံးကတော့ စိတ်ရှည်ဖို့ပါ အလုံးစုံအနာကျက်ဖို့က တစ်နှစ်လောက်ကြာတတ်ပါတယ် ဒါကြောင့်စိတ်ရှည်ပါ အမာရွတ်သေးသေးလေးပေါ်လါရင် နေလောင်ကာလိမ်းဆေး ဒါမှမဟုတ် အမာရွတ်ပျောက်ဆေးလေးကို လူးပေးပါ ကြိုတင်လိမ်းပေး ခြင်းက အမာရွတ် ကို မသိသာအောင်ပြုလုပ်ပေးနိုင်လို့ပါ။
ဒါလေးတွေကတော့ အနာဖြစ်လာရင် အမာရွတ်မထင်အောင်ဘယ်လိုဂရုစိုက်ကြမလဲ ဆိုတာလေးတွေပါနော်
မေတ္တာဖြင့်
ဒေါက်တာ လင်း မိသားစုဆေးပညာ
ထိခိုက္ရွနာမ်ား ကိုအမာရြတ္မထင္ေအာင္ ဘယ္လိုလုပ္မလဲ
လူတိုင္း ဟာ ေန့စဥ္မေတာ္တဆ ထိခိုက္မိတာ ေခ်ာ္လဲတာ ေတြ နဲ႕ ျကံဳေတြ႕တတ္ျကပါတယ္ အဲလို ထိခိုက္မိျပီ ဆိုပါက အမာရြတ္ ပါးပါးေလး က်န္ခဲ႕သူ ေတြက ရုပ္ဆိုး ပန္းဆိုးမျဖစ္ေပမယ့္ အမာရြတ္ထူထူျကီး က်န္ခဲ႕မယ္ ဆို ငယ္သူျကီးသူမေရြး စိတ္ကသိကေအာက္ ျဖစ္ေစတတ္ပါတယ္ အဲလို အမာရြတ္မထင္ ေအာင္ အနာျမန္ျမန္က်က္ေအာင္ ျပဳလုပ္ေပးရမယ့္ အိမ္တြင္း ျပဳစုပံုေတြကို တင္ျပလိုက္ရပါတယ္။
၁ ထိခိုက္ရွနာ မ်ားကို သန့္ရွင္းစြာ ေစာင့္ေရွာက္ျခင္း
ပထမဦးစြာ ထိခိုက္မိ ျပီးဆိုကတည္းက ပိုးမဝင္ေအာင္ ျပုလုပ္ရပါမယ္။ ဒါေပမယ့္ သင့္မွာ ေသြးမတိတ္ေသာ ေရာဂါရွိလ်ွင္ ဆီးခ်ိဳရွိေနပါက ေဆးခန္းျပသဖို့က လိုအပ္ပါတယ္ ေဆးခန္းမျပမွီ အနာကို ဆပ္ျပာနွင့္ေသခ်ာေဆးေျကာရပါမယ္ သတိျပဳရမွာက လက္ကို အရင္ေဆးျပီးမွ အနာကို ကိုင္တြယ္ ပါ သာမာန္ ျခစ္ရာေလးဆိုရင္ ဒီအတိုင္း သာ ထားလို့ရပါတယ္။
ဒဏ္ရာက ျကီးတယ္ အထဲမွာ ဖုန္ေတြသဲေတြ စတာေတြဝင္ေနရင္ေတာ့ ေဆးခန္း ျပသသင့္ပါတယ္ ဆပ္ျပာနွင့္ေဆးခ်ိန္မွာ လည္း ေသခိာ ဖယ္ရွားသင့္ပါတယ္ အနာက ေသြးတအားထြက္ေနရင္ ပတ္တီးစနဲ႕ ေသခ်ာ ဖိထားခိုင္းျပီး ဒဏ္ရာရွိတဲ႕ဘက္ကို ေျမွာက္ထားရပါမယ္။ ျပီး သာမာန္ အနာလိမ္းေဆးတစ္ခုခုလိမ္းျပီး ပတ္တီးေလးစည္းထားပါ။ အကယ္၍အနာကနာလါတယ္ ျကီးတယ္ ေသြးမတိတ္ဘူး ဖုန္ေတြသဲေတြႏွင့္ ညစ္ပတ္ေနတယ္ ေရာင္လါတယ္ တို့ ျဖစ္ေပၚပါက ေဆးခန္းခ်က္ျခင္းျပရပါမယ္ ေမးခိုင္ကာကြယ္ေဆးပါ ထ္ုးနွံရပါမယ္။
၂ အနာျဖစ္ျပီးေနာက္ ျပဳလုပ္သင့္သည္မ်ား
သာမာန္ ပြန္းတာ ေလးက အမာရြတ္မထင္ နိုင္ပါ သန့္သန့္ရွင္းရွင္းေနဖို့သာ လိုပါတယ္ အနာျကီးျကီးမားမား ေတြ ေရာင္တာ နီတာ နာတာရွိေသာ အနာေတြ ကေတာ့ အထူးဂရုစိုက္ရပါမယ္ အနာျဖစ္ေနစဥ္ အနာရင္းေစေသာ လကၡဏာမ်ား ျဖစ္တဲ႕ တအားေရာင္ရမ္း လာျခင္း နာက်င္လါျခင္း ျပည္တည္လာျခင္း ဖ်ားလာျခင္း လည္ပင္း ခ်ိဳင္းျကား ေပါင္ျခံေတြမွာ အက်ိတ္ထြက္လာျခင္းမ်ား ကို ေစာင့္ျကည့္သင့္ပါတယ္ အဲလိုျဖစ္ပါက ခ်က္ျခင္းေဆးခန္းေျပးျပသင့္ပါတယ္။ အနာကို ေန့စဥ္ ေဆးထည့္ပါ petroleum jelly လိုေဆးမ်ိဳး ေလး လိမ္းေပးတာက အမာက်ြတ္မက်န္ဖို့ အကူအညီေပးပါတယ္ တတ္နိုင္သမ်ွေနပူထဲကိုမထြက္ပါနဲ႕ ဗီတာမင္စီ နွင့္ ဗီတာမင္ အီးေတြက အနာက်က္ဖို့ကို တနည္းအားျဖင့္ ေထာက္ပံ႕ေပးနိုင္ပါတယ္။
ဒါေျကာင့္ အသီးအနွံမ်ားမ်ားစားေပးပါ အနာေဖးေလးေတြေပၚလာတာ အနာကေန ယားက်ိက်ိျဖစ္လါတာေတြက ေကာင္းတဲ႕လကၡဏာေတြပါ ဒါေျကာင့္အနာေဖးေတြကို မခြာမိပါေစနွင့္ ေနာက္ဆံုးကေတာ့ စိတ္ရွည္ဖို့ပါ အလံုးစံုအနာက်က္ဖို့က တစ္နွစ္ေလာက္ျကာတတ္ပါတယ္ ဒါေျကာင့္စိတ္ရွည္ပါ အမာရြတ္ေသးေသးေလးေပၚလါရင္ ေနေလာင္ကာလိမ္းေဆး ဒါမွမဟုတ္ အမာရြတ္ေပ်ာက္ေဆးေလးကို လူးေပးပါ ျကိုတင္လိမ္းေပး ျခင္းက အမာရြတ္ ကို မသိသာေအာင္ျပဳလုပ္ေပးနိုင္လို့ပါ။
ဒါေလးေတြကေတာ့ အနာျဖစ္လာရင္ အမာရြတ္မထင္ေအာင္ဘယ္လိုဂရုစိုက္ျကမလဲ ဆိုတာေလးေတြပါေနာ္
ေမတၱာျဖင့္
ေဒါက္တာ လင္း မိသားစုေဆးပညာ