မေမေဗိုက်ကို ပိုချစ်ပါ
ကျားကျားတို့သိပါသလား…သင့်မိန်းမိန်းဟာ မေမေဗိုက်ရယ်လို့ဖြစ်လာပြီဆိုရင်…

အရင့်အရင်ကထက် ပိုချစ်ပိုဂရုစိုက်ပေးဖို့လို့လာပြီဆိုတာ?

ဇနီးမောင်နှံနှစ်ဦးရဲ့ ချစ်သင်္ကေတလေးဖြစ်တဲ့ ဘေဘီလေးတစ်ယောက် ဗိုက်ထဲရောက်လာပြီဆိုရင် မေမေဗိုက်ရဲ့ ခန္ဓာကိုယ်တွင်းက ဟော်မုန်းဓာတ်တွေ အသွေးအသားတွေပြောင်းလဲလာတာကြောင့် ခန္ဓာကိုယ်အပြင်ပန်းပုံစံသာမက စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေပါ အချိန်နဲ့အမျှဖြစ်ပေါ်နေတယ်လေ။

ဒါကြောင့် ဒီအချိန်မှာ ကျားကျားတို့အနေနဲ့ မေမေဗိုက်တို့ကို ဘယ်လိုလေးတွေ ပိုချစ် ပိုဂရုစိုက်သင့်တယ်ဆိုတာလေး အကြံပေးပါရစေနော် :

၁။ဘေဘီလေးရရှိခြင်းအပေါ် ဝမ်းမြောက်ဝမ်းသာ လိုလိုလားလားရှိကြောင်း ပြသပါ။
ဇနီးဖြစ်သူက ဘေဘီလေးရှိနေကြောင်း ပြောလာတဲ့အခါ ဝမ်းသာကြောင်း ကိုယ်အမူအရာနှုတ်အမူအရာနဲ့ တုံ့ပြန်ပါ။ ရုပ်ရှင်တွေထဲကလို “ကလေးအဖေဖြစ်ပြီကွ”ဆိုပြီး ထခုန်ပြဖို့အထိ ပြောတာမဟုတ်ပါဘူး။ မိမိရဲ့ကိုယ်ပွားမျိုးဆက်သစ်လေးရတော့မှာမို့ ဝမ်းသာကြောင်းနဲ့ ကိုယ်ဝန်ဆောင်နေစဉ်တောက်လျှောက် မေမေဗိုက်အနားမှာ ခင်ပွန်းကောင်းတစ်ယောက်၊ ဖခင်လောင်းကောင်းတစ်ယောက်အဖြစ်ရှိနေပေးမှာ ဖြစ်ကြောင်း ပြောပြပါ။

မလုပ်သင့်တဲ့အပြုအမူတွေကတော့

  • အင်းမလုပ် အဲမလုပ် ဘာမှမထူးခြားသလိုနေတာမျိုး
  • စိတ်ပျက်လက်ပျက်ခေါင်းငိုက်စိုက်ကျသွားတာ၊ သက်ပြင်းအခါခါချတာမျိုး
  • ကလေးယူဖို့အဆင်သင့်မဖြစ်သေးကြောင်းပြောတာမျိုး
  • “မင်းဆေးမှန်မှန်မသောက်လို့ ဒီကိုယ်ဝန်ရရတာ” ဆိုပြီး စိတ်တိုဒေါသထွက်ပြတာမျိုး ကတော့ ခင်ပွန်းသည်အနေနဲ့လုံးဝမပြုလုပ်သင့်တဲ့ အပြုအမူတွေပါပဲ။

၂။ကိုယ်ဝန်အပ်တဲ့အချိန်၊ဆရာဝန်ရက်ချိန်းပြန်ပြတဲ့အချိန်တိုင်း အတူလိုက်ပေးပါ။
ကိုယ်ဝန်ဆောင်မေမေတို့အားလုံးနီးပါးဟာ ကိုယ့်ရဲ့ခင်ပွန်းသည် အလုပ်ပျက်မှာစိုးလို့သာ ဆေးခန်းအတူလိုက်ပေးဖို့မပူဆာကြပေမယ့်…. စိတ်ထဲကတော့ ဆေးခန်းရက်ချိန်းတိုင်း အခြားမိသားစုဝင်တွေနဲ့အတူသွားတာထက်….မိမိခင်ပွန်းနဲ့ပဲအတူတူသွားချင်ကြတယ်ဆိုတာ ကျားကျားတို့သိထားစေချင်ပါတယ်နော်။

ဒီလိုလိုက်ပေးခြင်းအားဖြင့်

  • မေမေဗိုက်ကိုလည်း စိတ်ပိုင်းဆိုင်ရာလုံခြုံမှုပေးနိုင်မယ်
  • မေမေနဲ့ဗိုက်ထဲကဘေဘီလေးတို့ရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး သေချာသိနိုင်သလို ထပ်သိချင်တာရှိရင်လည်း ဆရာဝန်နဲ့ကိုယ်တိုင်မေးမြန်းဆွေးနွေးနိုင်မယ်
  • အာထရာဆောင်းရိုက်တဲ့အခါ ဘေဘီလေးရဲ့ နှလုံးခုန်သံကိုလည်းမေမေနဲ့အတူတူ ပထမဆုံးကြားနိုင်မယ်လေ

ဘယ်လောက်ကြည်နူးဖို့ကောင်းလိုက်သလဲ !
ဒါကြောင့်မို့ ဖေဖေအလုပ်ဘယ်လောက်ရှုပ်ရှုပ် ဆေးခန်းပြမယ့်ရက်မှာတော့ အတူလိုက်ဖြစ်အောင် လိုက်သွားပေးလိုက်နော်။

၃။ကိုယ်ဝန်ဆောင်ကျန်းမာရေးဆိုင်ရာစာအုပ်လေးတွေ ဖတ်ကြည့်ပါ။
ဤနည်းအားဖြင့် မေမေဗိုက်နဲ့ ဗိုက်ထဲကဘေဘီလေးတို့ရဲ့ လအလိုက်အဆင့်ဆင့်ပြောင်းလဲပုံလေးတွေကိုသိရှိနိုင်ပြီး မေမေဗိုက်ကို ပိုမိုကိုယ်ချင်းစာနားလည်ပေးနိုင်မယ်…တစ်ခုခုပုံမမှန်တာမျိုးရှိရင်လည်း အမြန်ဆုံးသတိထားသိရှိနိုင်ပြီး ဆရာဝန်ထံအချိန်မီသွားရောက်ပြသနိုင်မှာဖြစ်ပါတယ်။

၄။အိမ်အလုပ်လေးတွေ ကူလုပ်ပေးပါ။
ကိုယ်ဝန်ဆောင်ချိန်ဆိုတာ ရုပ်ပိုင်းဆိုင်ရာရော၊စိတ်ပိုင်းဆိုင်ရာရော ဖိဆီးမှုများတဲ့အချိန်ဖြစ်တာမို့ ….မေမေဗိုက်ကို အိမ်အလုပ်တွေနဲ့စိတ်ဖိစီးမှုထပ်မပိုရအောင်
ဖေဖေကကူလုပ်ပေးလိုက်ပါနော်။

၅။မေမေဗိုက်ကို အချစ်မလျော့ပါနဲ့။
မေမေဗိုက်တို့ အကြောက်ဆုံးအရာတွေထဲကတစ်ခုက ဖေဖေအချစ်လျော့သွားမှာစိုးတာပါ။ ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ဗိုက်ထွက်လာတာ၊ တချို့တအားဝလာတာ၊ တချို့ပျို့အန်ပြီး မစားနိုင်မသောက်နိုင်ဘဲ တအားပိန်သွားတာ၊ အခြားရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်လာတဲ့အခါ ကိုယ့််ရဲ့ခင်ပွန်းဖြစ်သူ ကိုယ့်အပေါ် စိတ်ကုန်သွား စိတ်ပျက်သွားမှာကို တွေးပူတွေးကြောက်တတ်ကြပါတယ်။

ဒါ့ကြောင့် ကျားကျားတို့အနေနဲ့ မေမေဗိုက်ဟာ အရင်လိုပဲလှမြဲလှဆဲဖြစ်ကြောင်း၊အချစ်တွေလျော့မသွားတဲ့အပြင် ပိုတိုးပြီးသာချစ်နေမှာဖြစ်ကြောင်းပြောဖို့ အမြဲသတိရပါလို့။

၆။မေမေဗိုက်ကိုစိတ်ရှည်ပါ။
ဘေဘီေလေးကြောင့် မေမေ့ခန္ဓာကိုယ်တွင်းကဟော်မုန်းတွေ ပြောင်းလဲတာကြောင့် မေမေဗိုက်ဟာ စိတ်အပြောင်းအလဲအတက်အကျမြန်တတ်ပါတယ်…..ပျော်ရင်ချက်ချင်း၊ဝမ်းနည်းရင်ချက်ချင်း၊ ခုပဲရီချင် ခုပဲငိုချင် ဖြစ်တတ်လို့ ဖေဖေတို့က စိတ်ရှည်သည်းခံပေးဖို့ တော့လိုပါမယ်နော်။

အလားတူပဲ ဖေဖေက မေမေဗိုက်နဲ့ ချစ်တင်းနှောဖို့ပူဆာတဲ့ အခါမှာလည်း မေမေဗိုက်က တစ်ခါတစ်ခါစိတ်မပါတာမျိုးရှိနေနိုင်ပြီး ဒါတွေအားလုံးဟာ ဟော်မုန်းဓာတ်တွေပြောင်းလဲတာကြောင့်ဆိုတာ နားလည်ပေးရပါမယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်စဉ်ပထမ ၃ လနဲ့ မီးဖွားခါနီး၁လအလိုမှာ ဘေဘီလေးမထိခိုက်စေဖို့ချစ်တင်းနှောတာလေးတွေရှောင်သင့်တာမို့ မေမေဗိုက်ကို မငြိုငြင်ပါနဲ့နော်။

၇။မေမေဗိုက် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်အောင်ကူပေးပါ။
ကိုယ်ဝန်လရင့်လာလေလေ မေမေဗိုက်အိပ်ရတာ အဆင်မပြေဖြစ်လာလေလေပါပဲ။ မေမေအိပ်မောကျနေတုန်း အထဲကဘေဘီလေးလှုပ်မယ်၊ကန်မယ်ဆိုရင် မေမေနိုးလာရပြန်ရော……ဒီကြားထဲ မေမေဗိုက်တို့ ရှူရှူးခဏခဏပေါက်ချင်တတ်တာမို့ အိပ်ကောင်းနေတုန်း အိမ်သာထပြေးရတာလည်း ခဏခဏပါပဲ။

ဒီသဘောတရားတွေကို ဖေဖေသိထားရင် မေမေဗိုက်ကို ပိုမိုနားလည်နိုင်ပြီး ကိုယ်ဝန်ဆောင်ခြင်းရဲ့ဒုက္ခတွေကို ကိုယ်ချင်းစာပေးနိုင်မှာပါ။ ပက်လက်လှန်အိပ်ရင် မေမေလည်းခါးနာနိုင်သလို ဘေဘီလေးအတွက်မေမေ့ဆီက သွေးထောက်ပံ့မှုနည်းသွားနိုင်ပါတယ်။ ဒါကြောင့် မေမေဗိုက်ကို ဘေးစောင်းအိပ်လို့အဆင်ပြေအောင် ကျောနောက်ကနေ ဖက်ခေါင်းအုံးလေးခုပေးပါ။

မေမေဗိုက်ကိုဖက်အိပ်တာ….ကျောလေးကိုပွတ်သိပ်တာ…စတာလေးတွေလုပ်ပေးပြီး ဖေဖေ့ရဲ့အချစ်တွေကို သက်သေပြလိုက်ပါ၊

၈။စားချင်တာတွေ ဝယ်ကျွေးပါ။
မေမေဗိုက်ချဉ်ခြင်းတက်တဲ့အစားအစာတွေက ထူးဆန်းကောင်းထူးဆန်းနေပါလိမ့်မယ် (ဥပမာ – ဆောင်းရာသီချမ်းတုန်နေချိန်မှာ ရေခဲမုန်စားချင်တာမျိုး၊ညသန်းခေါင် ချဉ်ရည်ဟင်းစားချုးင်တာမျိုး) ဖေက ကြိုးစားပြီး ဝယ်ကျွေးသင့်ပါတယ်နော်

၉။ပျို့အန်ခြင်းတွေပိုမဆိုးရအောင် ဂရုစိုက်ပေးပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်အနံ့အသက်တွေကိုတောင်မှ မခံနိုင်တာမို့ ကျားကျားတို့ဆီက ချွေးနံတွေ အနံ့အသက်ဆိုးတွေမရစေဖို့ တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ပေးပါ။ အရမ်းပြင်းတဲ့ရေမွှေးနံ့တွေ အမွှေးအကြိုင်တွေ မသုံးမိပါစေနဲ့။

မေ (ဆေး ၂)

ေမေမဗိုက္ကို ပိုခ်စ္ပါ
က်ားက်ားတို့သိပါသလား…သင့္မိန္းမိန္းဟာ ေမေမဗိုက္ရယ္လို႔ျဖစ္လာၿပီဆိုရင္…

အရင့္အရင္ကထက္ ပိုခ်စ္ပိုဂ႐ုစိုက္ေပးဖို႔လို႔လာၿပီဆိုတာ?

ဇနီးေမာင္နွံနွစ္ဦးရဲ့ ခ်စ္သေကၤတေလးျဖစ္တဲ့ ေဘဘီေလးတစ္ေယာက္ ဗိုက္ထဲေရာက္လာၿပီဆိုရင္ ေမေမဗိုက္ရဲ႕ ခႏၶာကိုယ္တြင္းက ေဟာ္မုန္းဓာတ္ေတြ အေသြးအသားေတြေျပာင္းလဲလာတာေၾကာင့္ ခနၶာကိုယ္အျပင္ပန္းပံုစံသာမက စိတ္ပိုင္းဆိုင္ရာေျပာင္းလဲမႈေတြပါ အခ်ိန္နဲ႔အမ်ွျဖစ္ေပၚေနတယ္ေလ။

ဒါေၾကာင့္ ဒီအခ်ိန္မွာ က်ားက်ားတို႔အေနနဲ႔ ေမေမဗိုက္တို႔ကို ဘယ္လိုေလးေတြ ပိုခ်စ္ ပိုဂ႐ုစိုက္သင့္တယ္ဆိုတာေလး အၾကံေပးပါရေစေနာ္ :

၁။ေဘဘီေလးရရွိျခင္းအေပၚ ၀မ္းေျမာက္၀မ္းသာ လိုလိုလားလားရွိေၾကာင္း ျပသပါ။
ဇနီးျဖစ္သူက ေဘဘီေလးရွိေနေၾကာင္း ေျပာလာတဲ့အခါ ဝမ္းသာေၾကာင္း ကိုယ္အမူအရာႏႈတ္အမူအရာနဲ႔ တံု႔ျပန္ပါ။ ရုပ္ရွင္ေတြထဲကလို “ကေလးအေဖျဖစ္ၿပီကြ”ဆိုၿပီး ထခုန္ျပဖို႔အထိ ေျပာတာမဟုတ္ပါဘူး။ မိမိရဲ႕ကိုယ္ပြားမ်ိဳးဆက္သစ္ေလးရေတာ့မွာမို႔ ၀မ္းသာေၾကာင္းနဲ႔ ကိုယ္၀န္ေဆာင္ေနစဥ္ေတာက္ေလၽွာက္ ေမေမဗိုက္အနားမွာ ခင္ပြန္းေကာင္းတစ္ေယာက္၊ ဖခင္ေလာင္းေကာင္းတစ္ေယာက္အျဖစ္ရွိေနေပးမွာ ျဖစ္ေၾကာင္း ေျပာျပပါ။

မလုပ္သင့္တဲ့အျပဳအမူေတြကေတာ့

  • အင္းမလုပ္ အဲမလုပ္ ဘာမွမထူးျခားသလိုေနတာမ်ိဳး
  • စိတ္ပ်က္လက္ပ်က္ေခါင္းငိုက္စိုက္က်သြားတာ၊ သက္ျပင္းအခါခါခ်တာမ်ိဳး
  • ကေလးယူဖို႔အဆင္သင့္မျဖစ္ေသးေၾကာင္းေျပာတာမ်ိဳး
  • “မင္းေဆးမွန္မွန္မေသာက္လို႔ ဒီကိုယ္၀န္ရရတာ” ဆိုၿပီး စိတ္တိုေဒါသထြက္ျပတာမ်ိဳး ကေတာ့ ခင္ပြန္းသည္အေနနဲ႔လံုးဝမျပဳလုပ္သင့္တဲ့ အျပဳအမူေတြပါပဲ။

၂။ကိုယ္၀န္အပ္တဲ့အခ်ိန္၊ဆရာဝန္ရက္ခ်ိန္းျပန္ျပတဲ့အခ်ိန္တိုင္း အတူလိုက္ေပးပါ။
ကိုယ္၀န္ေဆာင္ေမေမတို႔အားလံုးနီးပါးဟာ ကိုယ့္ရဲ႕ခင္ပြန္းသည္ အလုပ္ပ်က္မွာစိုးလို႔သာ ေဆးခန္းအတူလိုက္ေပးဖို႔မပူဆာၾကေပမယ့္…. စိတ္ထဲကေတာ့ ေဆးခန္းရက္ခ်ိန္းတိုင္း အျခားမိသားစုဝင္ေတြနဲ႔အတူသြားတာထက္….မိမိခင္ပြန္းနဲ႔ပဲအတူတူသြားခ်င္ၾကတယ္ဆိုတာ က်ားက်ားတို႔သိထားေစခ်င္ပါတယ္ေနာ္။

ဒီလိုလိုက္ေပးျခင္းအားျဖင့္

  • ေမေမဗိုက္ကိုလည္း စိတ္ပိုင္းဆိုင္ရာလံုျခံဳမႈေပးႏိုင္မယ္
  • ေမေမနဲ႔ဗိုက္ထဲကေဘဘီေလးတို႔ရဲ႕က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ေသခ်ာသိႏိုင္သလို ထပ္သိခ်င္တာရွိရင္လည္း ဆရာဝန္နဲ႔ကိုယ္တိုင္ေမးျမန္းေဆြးေႏြးႏိုင္မယ္
  • အာထရာေဆာင္းရိုက္တဲ့အခါ ေဘဘီေလးရဲ႕ ႏွလံုးခုန္သံကိုလည္းေမေမနဲ႔အတူတူ ပထမဆံုးၾကားႏိုင္မယ္ေလ

ဘယ္ေလာက္ၾကည္ႏူးဖို႔ေကာင္းလိုက္သလဲ !
ဒါေၾကာင့္မို႔ ေဖေဖအလုပ္ဘယ္ေလာက္ရႈပ္ရႈပ္ ေဆးခန္းျပမယ့္ရက္မွာေတာ့ အတူလိုက္ျဖစ္ေအာင္ လိုက္သြားေပးလိုက္ေနာ္။

၃။ကိုယ္ဝန္ေဆာင္က်န္းမာေရးဆိုင္ရာစာအုပ္ေလးေတြ ဖတ္ၾကည့္ပါ။
ဤနည္းအားျဖင့္ ေမေမဗိုက္နဲ႔ ဗိုက္ထဲကေဘဘီေလးတို႔ရဲ႕ လအလိုက္အဆင့္ဆင့္ေျပာင္းလဲပံုေလးေတြကိုသိရွိႏိုင္ၿပီး ေမေမဗိုက္ကို ပိုမိုကိုယ္ခ်င္းစာနားလည္ေပးႏိုင္မယ္…တစ္ခုခုပံုမမွန္တာမ်ိဳးရွိရင္လည္း အျမန္ဆံုးသတိထားသိရွိႏိုင္ၿပီး ဆရာဝန္ထံအခ်ိန္မီသြားေရာက္ျပသႏိုင္မွာျဖစ္ပါတယ္။

၄။အိမ္အလုပ္ေလးေတြ ကူလုပ္ေပးပါ။
ကိုယ္ဝန္ေဆာင္ခ်ိန္ဆိုတာ ရုပ္ပိုင္းဆိုင္ရာေရာ၊စိတ္ပိုင္းဆိုင္ရာေရာ ဖိဆီးမႈမ်ားတဲ့အခ်ိန္ျဖစ္တာမို႔ ….ေမေမဗိုက္ကို အိမ္အလုပ္ေတြနဲ႔စိတ္ဖိစီးမႈထပ္မပိုရေအာင္
ေဖေဖကကူလုပ္ေပးလိုက္ပါေနာ္။

၅။ေမေမဗိုက္ကို အခ်စ္မေလ်ာ့ပါနဲ႔။
ေမေမဗိုက္တို႔ အေၾကာက္ဆံုးအရာေတြထဲကတစ္ခုက ေဖေဖအခ်စ္ေလ်ာ့သြားမွာစိုးတာပါ။ ကိုယ္ဝန္လရင့္လာတာနဲ႔အမၽွ ဗိုက္ထြက္လာတာ၊ တခ်ိဳ႕တအားဝလာတာ၊ တခ်ိဳ႕ပ်ိဳ႕အန္ၿပီး မစားႏိုင္မေသာက္ႏိုင္ဘဲ တအားပိန္သြားတာ၊ အျခားရုပ္ပိုင္းဆိုင္ရာေျပာင္းလဲမႈေတြျဖစ္လာတဲ့အခါ ကိုယ့္္ရဲ႕ခင္ပြန္းျဖစ္သူ ကိုယ့္အေပၚ စိတ္ကုန္သြား စိတ္ပ်က္သြားမွာကို ေတြးပူေတြးေၾကာက္တတ္ၾကပါတယ္။

ဒါ့ေၾကာင့္ က်ားက်ားတို႔အေနနဲ႔ ေမေမဗိုက္ဟာ အရင္လိုပဲလွျမဲလွဆဲျဖစ္ေၾကာင္း၊အခ်စ္ေတြေလ်ာ့မသြားတဲ့အျပင္ ပိုတိုးၿပီးသာခ်စ္ေနမွာျဖစ္ေၾကာင္းေျပာဖို႔ အျမဲသတိရပါလို႔။

၆။ေမေမဗိုက္ကိုစိတ္႐ွည္ပါ။
ေဘဘီေေလးေျကာင့္ ေမေမ့ခနၶာကိုယ္တြင္းကေဟာ္မုန္းေတြ ေျပာင္းလဲတာေၾကာင့္ ေမေမဗိုက္ဟာ စိတ္အေျပာင္းအလဲအတက္အက်ျမန္တတ္ပါတယ္…..ေပ်ာ္ရင္ခ်က္ခ်င္း၊ဝမ္းနည္းရင္ခ်က္ခ်င္း၊ ခုပဲရီခ်င္ ခုပဲငိုခ်င္ ျဖစ္တတ္လို႔ ေဖေဖတို႔က စိတ္႐ွည္သည္းခံေပးဖို႔ ေတာ့လိုပါမယ္ေနာ္။

အလားတူပဲ ေဖေဖက ေမေမဗိုက္နဲ့ ခ်စ္တင္းေႏွာဖို႔ပူဆာတဲ့ အခါမွာလည္း ေမေမဗိုက္က တစ္ခါတစ္ခါစိတ္မပါတာမ်ိဳး႐ွိေနႏိုင္ၿပီး ဒါေတြအားလံုးဟာ ေဟာ္မုန္းဓာတ္ေတြေျပာင္းလဲတာေၾကာင့္ဆိုတာ နားလည္ေပးရပါမယ္။ ၿပီးေတာ့ ကိုယ္ဝန္ေဆာင္စဥ္ပထမ ၃ လနဲ႔ မီးဖြားခါနီး၁လအလိုမွာ ေဘဘီီေလးမထိခိုက္ေစဖို႔ခ်စ္တင္းေႏွာတာေလးေတြေ႐ွာင္သင့္တာမို႔ ေမေမဗိုက္ကို မၿငိဳျငင္ပါနဲ႔ေနာ္။

၇။ေမေမဗိုက္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္စက္ႏိုင္ေအာင္ကူေပးပါ။
ကိုယ္ဝန္လရင့္လာေလေလ ေမေမဗိုက္အိပ္ရတာ အဆင္မေျပျဖစ္လာေလေလပါပဲ။ ေမေမအိပ္ေမာက်ေနတုန္း အထဲကေဘဘီေလးလွုပ္မယ္၊ကန္မယ္ဆိုရင္ ေမေမနိဳးလာရျပန္ေရာ……ဒီျကားထဲ ေမေမဗိုက္တို့ ရွဴရွဴးခဏခဏေပါက္ခ်င္တတ္တာမို႔ အိပ္ေကာင္းေနတုန္း အိမ္သာထေျပးရတာလည္း ခဏခဏပါပဲ။

ဒီသေဘာတရားေတြကို ေဖေဖသိထားရင္ ေမေမဗိုက္ကို ပိုမိုနားလည္္နိဳင္ျပီး ကိုယ္၀န္ေဆာင္ျခင္းရဲ႔ဒုကၡေတြကို ကိုယ္ခ်င္းစာေပးနိုင္မွာပါ။ ပက္လက္လွန္အိပ္ရင္ ေမေမလည္းခါးနာႏိုင္သလို ေဘဘီေလးအတြက္ေမေမ့ဆီက ေသြးေထာက္ပံ့မွုနည္းသြားနိဳင္ပါတယ္။ ဒါေၾကာင့္ ေမေမဗိုက္ကို ေဘးေစာင္းအိပ္လို႔အဆင္ေျပေအာင္ ေက်ာေနာက္ကေန ဖက္ေခါင္းအံုးေလးခုေပးပါ။

ေမေမဗိုက္ကိုဖက္အိပ္တာ….ေက်ာေလးကိုပြတ္သိပ္တာ…စတာေလးေတြလုပ္ေပးျပီး ေဖေဖ့ရဲ႔အခ်စ္ေတြကို သက္ေသျပလိုက္ပါ၊

၈။စားခ်င္တာေတြ ဝယ္ေကြၽးပါ။
ေမေမဗိုက္ခ်ဥ္ျခင္းတက္တဲ့အစားအစာေတြက ထူးဆန္းေကာင္းထူးဆန္းေနပါလိမ့္မယ္ (ဥပမာ – ေဆာင္းရာသီခ်မ္းတုန္ေနခ်ိန္မွာ ေရခဲမုန္စားခ်င္တာမ်ိဳး၊ညသန္းေခါင္ ခ်ဥ္ရည္ဟင္းစားခ်ဳးင္တာမ်ိဳး) ေဖက ႀကိဳးစားၿပီး ဝယ္ေကြၽးသင့္ပါတယ္ေနာ္

၉။ပ်ိဳ႕အန္ျခင္းေတြပိုမဆိုးရေအာင္ ဂ႐ုစိုက္ေပးပါ။
ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ပံုမွန္အနံ႔အသက္ေတြကိုေတာင္မွ မခံႏိုင္တာမို႔ က်ားက်ားတို႔ဆီက ေခြၽးနံေတြ အနံ႔အသက္ဆိုးေတြမရေစဖို႔ တစ္ကိုယ္ရည္သန္႔႐ွင္းေရးဂ႐ုစိုက္ေပးပါ။ အရမ္းျပငး္တဲ့ေရေမႊးနံ႔ေတြ အေမႊးအႀကိဳင္ေတြ မသံုးမိပါေစနဲ႔။

ေမ (ေဆး ၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *