ရိုးရိုးမွေးထားတဲ့အခါ ညှပ်ထားတဲ့မွေးလမ်းကြောင်းနေရာကို ဘယ်လိုဂရုစိုက်ကြမလဲ
မီးဖွားတဲ့အခါမှာ ခွဲမမွေးဘဲ ရိုးရိုးမွေးသူမိခင်အများစုဟာ ကလေးခေါင်းထွက်လို့ရအောင် မွေးလမ်းကြောင်းကို ကတ်ကြေးနဲ့ကိုက်ပြီးညှပ်ရပါတယ်။ ဒီအခါမှသာ ကလေးကအဆင်ပြေပြေနဲ့မွေးလမ်းကြောင်းမှထွက်လာမှာဖြစ်ပါတယ်။ အဲဒီမွေးလမ်းကြောင်းဒဏ်ရာလေးကိုပြန်လည်ချုပ်ပြီးတဲ့အခါမှာ ဘယ်လိုဂရုစိုက်ရမလဲ ဘာတွေမြော်လင့်ထားရမလဲဆိုတာကြည့်ကြရအောင်။
ဒီဒဏ်ရာလေးဟာ အချိန်တန်ရင်အနာကျက်သွားမှာဖြစ်တဲ့အတွက် အော်ပရေးရှင်းဝင်ထားသလိုမျိုး မလှုပ်မယှက်နေစရာမလိုအပ်ပါဘူး။ ရက်အနည်းငယ်အတွင်းမှာ အလေးအပင် မစရာ မလိုတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများကိုပြန်လည်လုပ်ဆောင်နိုင်မှာပါ။ ဒါပေမယ့် မွေးဖွားပြီး ခြောက်ပတ်အတွင်း အမျိုးသားနဲ့တူတူမနေဖို့၊ အလေးအပင်မ,မဖို့ကို သတိပေးထားပါတယ်။
မွေးဖွားပြီးချိန်မှာ နာကျက်မှုကိုသက်သာချင်ရင်တော့
- မွေးပြီးစမှ တစ်ရက်ခန့်မှာ ရေခဲ၊ ရေခဲဝတ်ကပ်ပေးခြင်း
- မွေးပြီးတစ်ရက်ကျော်တဲ့အခါ ရေနွေးဖြင့်ရေချိုးခြင်း
- ပါရာစီတမော အစရှိတဲ့ ဘေးထွက်ဆိုးကျိုးနည်းသော အကိုက်အခဲပျောက်ဆေးများသောက်ပေးခြင်းကိုပြုလုပ်နိုင်ပါတယ်။
အရေးကြီးတဲ့အချက်တစ်ခုကတော့ မိန်းမကိုယ်တစ်ဝိုက်ကို သန့်ရှင်းခြောက်သွေ့စွာ ထားဖို့ပါပဲ။ မွေးဖွားပြီးစ အချိန်ဟာ ရောဂါပိုးဝင်လွယ်တာကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နိုင်ပါမှ မိခင်ရောကလေးပါ အန္တရာယ်ကင်းမှာဖြစ်ပါတယ်။
အကယ်၍များ မိန်းမကိုယ်တစ်ဝိုက်မှာ
- မခံမရပ်နိုင်အောင်နာကျင်လာမယ်ဆိုရင်
- အနံ့ဆိုးများထွက်နေရင်
- သွေးခဲ ကွမ်းသီးလုံးခန့်ရှိလာရင်
- ဝမ်းသုံးရက်အထက် ဆက်တိုက်ချုပ်မယ်ဆိုရင်
- အနာမကျက်ဘဲ ဟပြဲဖြစ်နေမယ်ဆိုရင်တော့ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ပြန်လည်ပြသရမှာပဲဖြစ်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
႐ိုး႐ိုးေမြးထားတဲ့အခါ ညႇပ္ထားတဲ့ေမြးလမ္းေၾကာင္းေနရာကို ဘယ္လိုဂ႐ုစိုက္ၾကမလဲ
မီးဖြားတဲ့အခါမွာ ခြဲမေမြးဘဲ ႐ိုး႐ိုးေမြးသူမိခင္အမ်ားစုဟာ ကေလးေခါင္းထြက္လို႔ရေအာင္ ေမြးလမ္းေၾကာင္းကို ကတ္ေၾကးနဲ႔ကိုက္ၿပီးညႇပ္ရပါတယ္။ ဒီအခါမွသာ ကေလးကအဆင္ေျပေျပနဲ႔ေမြးလမ္းေၾကာင္းမွထြက္လာမွာျဖစ္ပါတယ္။ အဲဒီေမြးလမ္းေၾကာင္းဒဏ္ရာေလးကိုျပန္လည္ခ်ဳပ္ၿပီးတဲ့အခါမွာ ဘယ္လိုဂရုစိုက္ရမလဲ ဘာေတြေျမာ္လင့္ထားရမလဲဆိုတာၾကည့္ၾကရေအာင္။
ဒီဒဏ္ရာေလးဟာ အခ်ိန္တန္ရင္အနာက်က္သြားမွာျဖစ္တဲ့အတြက္ ေအာ္ပေရး႐ွင္းဝင္ထားသလိုမ်ိဳး မလႈပ္မယွက္ေနစရာမလိုအပ္ပါဘူး။ ရက္အနည္းငယ္အတြင္းမွာ အေလးအပင္ မစရာ မလိုတဲ့ ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ားကိုျပန္လည္လုပ္ေဆာင္ႏိုင္မွာပါ။ ဒါေပမယ့္ ေမြးဖြားၿပီး ေျခာက္ပတ္အတြင္း အမ်ိဳးသားနဲ႔တူတူမေနဖို႔၊ အေလးအပင္မ,မဖို႔ကို သတိေပးထားပါတယ္။
ေမြးဖြားၿပီးခ်ိန္မွာ နာက်က္မႈကိုသက္သာခ်င္ရင္ေတာ့
- ေမြးၿပီးစမွ တစ္ရက္ခန္႔မွာ ေရခဲ၊ ေရခဲဝတ္ကပ္ေပးျခင္း
- ေမြးၿပီးတစ္ရက္ေက်ာ္တဲ့အခါ ေရေႏြးျဖင့္ေရခ်ိဳးျခင္း
- ပါရာစီတေမာ အစ႐ွိတဲ့ ေဘးထြက္ဆိုးက်ိဳးနည္းေသာ အကိုက္အခဲေပ်ာက္ေဆးမ်ားေသာက္ေပးျခင္းကိုျပဳလုပ္ႏိုင္ပါတယ္။
အေရးႀကီးတဲ့အခ်က္တစ္ခုကေတာ့ မိန္းမကိုယ္တစ္ဝိုက္ကို သန္႔႐ွင္းေျခာက္ေသြ႔စြာ ထားဖို႔ပါပဲ။ ေမြးဖြားၿပီးစ အခ်ိန္ဟာ ေရာဂါပိုးဝင္လြယ္တာေၾကာင့္ တစ္ကိုယ္ေရသန္႔႐ွင္းေရးကို ဂ႐ုစိုက္နိုင္ပါမွ မိခင္ေရာကေလးပါ အႏၲရာယ္ကင္းမွာျဖစ္ပါတယ္။
အကယ္၍မ်ား မိန္းမကိုယ္တစ္ဝိုက္မွာ
- မခံမရပ္ႏိုင္ေအာင္နာက်င္လာမယ္ဆိုရင္
- အနံ႔ဆိုးမ်ားထြက္ေနရင္
- ေသြးခဲ ကြမ္းသီးလံုးခန္႔႐ွိလာရင္
- ဝမ္းသံုးရက္အထက္ ဆက္တိုက္ခ်ဳပ္မယ္ဆိုရင္
- အနာမက်က္ဘဲ ဟျပဲျဖစ္ေနမယ္ဆိုရင္ေတာ့ က်န္းမာေရးေစာင့္ေ႐ွာက္မႈခံယူရန္ ျပန္လည္ျပသရမွာပဲျဖစ္ပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ