ဝက်ခြံအတွက် ဘယ်လိုလိမ်းဆေးမျိုးလိမ်းကြမလဲ?
‘ဝက်ခြံ’
လူတွေကိုအလွန်အင်မတန်ဒုက္ခပေးပြီး စိတ်အနှောင့်အယှက်ဖြစ်စေနိုင်လွန်းသောအရေပြားပြဿနာ။ မျက်နှာပေါ်အဖြစ်များပြီး ဆယ်ကျော်သက်အရွယ်တွေဆို လူကြားသူကြားထဲမထွက်ရဲ၊မျက်နှာမပြရဲလောက်အောင်ကိုပဲဒုက္ခပေးနိုင်ပါတယ်။ဝက်ခြံကိုပျောက်ချင်လွန်းလို့ ကောင်းနိုးရာရာဆေးတွေဝယ်လိမ်း ဝယ်သောက်ကြ၊ငွေကုန်လူပန်းဖြစ်ပြီးမပျောက်ကင်းတဲ့အခါ စိတ်တွေပါညစ်ရတတ်ပါတယ်။ဒါကြောင့် ဝက်ခြံအတွက်အထိရောက်ဆုံးသော လိမ်းဆေးလေးတွေအကြောင်းကိုဖောက်သည်ချလိုက်ရပါတယ်။
၁။Salicylic acid
-ဝက်ခြံမှာပိတ်နေတဲ့အဆံတွေကိုပျော်စေကာဝက်ခြံကိုသက်သာစေနိုင်ရုံမက ပြန်မဖြစ်အောင်လဲကာကွယ်ပေးနိုင်ပါတယ်။
-အဆီပြန်သက်သာခြင်းနှင့် ပိုးသေစေခြင်းအာနိသင်တော့မရှိပါဘူး။
-တစ်ခုရှိတာကတော့ ဆေးလိမ်းခြင်းကိုရပ်လိုက်တာနဲ့ ဝက်ခြံကပြန်ပြန်ဖြစ်လာတတ်တာပါပဲ။
၂။ရှားစောင်းလက်ပတ်။
-အတော်များများသိပြီးဖြစ်တဲ့အတိုင်း ရှားစောင်းလက်ပတ်အရည်ဟာ ဒဏ်ရာအကျက်မြန်ခြင်း၊ရောင်ယမ်းမှုဖြစ်စဉ်ကိုသက်သာစေခြင်းနှင့် အပူလောင်ခြင်းကိုသက်သာစေခြင်းစတဲ့ကောင်းကျိုးတွေရှိပါတယ်။
-ဒါ့အပြင် ၎င်းမှာသဘာဝအတိုင်းပါဝင်တဲ့ salicylic acid နဲ့ sulfur တို့ဟာ ဝက်ခြံကုသရာမှာများစွာအသုံးဝင်တဲ့ပစ္စည်းတွေဖြစ်ပါတယ်။
၃။Mucopolysaccharides
-၎င်းဟာအရေပြားရောင်ရမ်းမှုကိုလျော့ကျစေခြင်းအပြင် ရေဓါတ်ကိုပါဖြည့်တင်းပေးနိုင်ပါတယ်
-ဒါ့အပြင် ဝက်ခြံဖြစ်ပြီးကျန်ရစ်ခဲ့တဲ့အမာရွတ်တွေကိုလဲသက်သာစေနိုင်ပါသေးတယ်။
၄။ပိုးသတ်ဆေးပါဝင်သောလိမ်းဆေးများ။
-ပိုးဝင်၍ရောင်ယမ်းသောဝက်ခြံများ၊ပြည်တည်သောဝက်ခြံများအတွက်တော့ ပိုးသတ်ဆေးပါဝင်တဲ့လိမ်းဆေးများလိမ်းခြင်း(သို့)သောက်ဆေးများသောက်ရန်လိုအပ်ပါတယ်။
-ပိုးသတ်ဆေးလိမ်းဆေး၊သောက်ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာသုံးစွဲသင့်ပါတယ်။
အထက်ပါနည်းလမ်းတွေကတော့ ဝက်ခြံအတွက်အမှန်တကယ်ကိုထိရောက်စေတဲ့ နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။
ဝက်ခြံကင်းဝေး၍ ပြေပြစ်ချောမွေ့သောမျက်နှာလှလှလေးများပိုင်ဆိုင်နိုင်ကြပါစေ။
dr.ye’lwin mm
ဝက္ျခံအတြက္ ဘယ္လိုလိမ္းေဆးမ်ဳိးလိမ္းၾကမလဲ?
‘ဝက္ျခံ’
လူေတြကိုအလြန္အင္မတန္ဒုကၡေပးၿပီး စိတ္အေႏွာင့္အယွက္ျဖစ္ေစႏိုင္လြန္းေသာအေရျပားျပႆနာ။ မ်က္ႏွာေပၚအျဖစ္မ်ားၿပီး ဆယ္ေက်ာ္သက္အရြယ္ေတြဆို လူၾကားသူၾကားထဲမထြက္ရဲ၊မ်က္ႏွာမျပရဲေလာက္ေအာင္ကိုပဲဒုကၡေပးႏိုင္ပါတယ္။ဝက္ျခံကိုေပ်ာက္ခ်င္လြန္းလို႕ ေကာင္းႏိုးရာရာေဆးေတြဝယ္လိမ္း ဝယ္ေသာက္ၾက၊ေငြကုန္လူပန္းျဖစ္ၿပီးမေပ်ာက္ကင္းတဲ့အခါ စိတ္ေတြပါညစ္ရတတ္ပါတယ္။ဒါေၾကာင့္ ဝက္ျခံအတြက္အထိေရာက္ဆံုးေသာ လိမ္းေဆးေလးေတြအေၾကာင္းကိုေဖာက္သည္ခ်လိုက္ရပါတယ္။
၁။Salicylic acid
-ဝက္ျခံမွာပိတ္ေနတဲ့အဆံေတြကိုေပ်ာ္ေစကာဝက္ျခံကိုသက္သာေစႏိုင္ရံုမက ျပန္မျဖစ္ေအာင္လဲကာကြယ္ေပးႏိုင္ပါတယ္။
-အဆီျပန္သက္သာျခင္းႏွင့္ ပိုးေသေစျခင္းအာနိသင္ေတာ့မရွိပါဘူး။
-တစ္ခုရွိတာကေတာ့ ေဆးလိမ္းျခင္းကိုရပ္လိုက္တာနဲ႕ ဝက္ျခံကျပန္ျပန္ျဖစ္လာတတ္တာပါပဲ။
၂။ရွားေစာင္းလက္ပတ္။
-အေတာ္မ်ားမ်ားသိၿပီးျဖစ္တဲ့အတိုင္း ရွားေစာင္းလက္ပတ္အရည္ဟာ ဒဏ္ရာအက်က္ျမန္ျခင္း၊ေရာင္ယမ္းမွဳျဖစ္စဥ္ကိုသက္သာေစျခင္းႏွင့္ အပူေလာင္ျခင္းကိုသက္သာေစျခင္းစတဲ့ေကာင္းက်ဳိးေတြရွိပါတယ္။
-ဒါ့အျပင္ ၎မွာသဘာဝအတိုင္းပါဝင္တဲ့ salicylic acid နဲ႕ sulfur တို႕ဟာ ဝက္ျခံကုသရာမွာမ်ားစြာအသံုးဝင္တဲ့ပစၥည္းေတြျဖစ္ပါတယ္။
၃။Mucopolysaccharides
-၎ဟာအေရျပားေရာင္ရမ္းမွဳကိုေလ်ာ့က်ေစျခင္းအျပင္ ေရဓါတ္ကိုပါျဖည့္တင္းေပးႏိုင္ပါတယ္
-ဒါ့အျပင္ ဝက္ျခံျဖစ္ၿပီးက်န္ရစ္ခဲ့တဲ့အမာရြတ္ေတြကိုလဲသက္သာေစႏိုင္ပါေသးတယ္။
၄။ပိုးသတ္ေဆးပါဝင္ေသာလိမ္းေဆးမ်ား။
-ပိုးဝင္၍ေရာင္ယမ္းေသာဝက္ျခံမ်ား၊ျပည္တည္ေသာဝက္ျခံမ်ားအတြက္ေတာ့ ပိုးသတ္ေဆးပါဝင္တဲ့လိမ္းေဆးမ်ားလိမ္းျခင္း(သို႕)ေသာက္ေဆးမ်ားေသာက္ရန္လိုအပ္ပါတယ္။
-ပိုးသတ္ေဆးလိမ္းေဆး၊ေသာက္ေဆးမ်ားကို ဆရာဝန္ၫႊန္ၾကားသည့္အတိုင္းသာသံုးစြဲသင့္ပါတယ္။
အထက္ပါနည္းလမ္းေတြကေတာ့ ဝက္ျခံအတြက္အမွန္တကယ္ကိုထိေရာက္ေစတဲ့ နည္းလမ္းေလးေတြပဲျဖစ္ပါတယ္။
ဝက္ျခံကင္းေဝး၍ ေျပျပစ္ေခ်ာေမြ႕ေသာမ်က္ႏွာလွလွေလးမ်ားပိုင္ဆိုင္ႏိုင္ၾကပါေစ။
dr.ye’lwin mm