မီးဖွားပြီးနောက်သွေးဆင်းခြင်း

အမျိုးသမီးတစ်ဦးဟာ ရိုးရိုးပဲမွေးမွေး၊ဗိုက်ခွဲပဲမွေးမွေး ကလေးမီးဖွားပြီးတာနဲ့ Lochia လို့ခေါ်တဲ့သွေးနဲ့အခြားအရည်တွေဆင်းတတ်ပါတယ်။ အဲဒီအရာတွေဟာ ကလေးငယ်သားအိမ်ထဲမှာကြီးထွားဖို့ကူညီပေးခဲ့တဲ့ ကျန်ရှိခဲ့တဲ့ တစ်ရှူးနဲ့သွေးတွေ ဆင်းတာဖြစ်ပါတယ်။

ဆင်းတဲ့သွေးများဟာ ရက်အစပိုင်းမှာ နီရဲတဲ့အရောင်ရှိပါလိမ့်မယ်။ သွေးစ၊သွေးခဲအနည်းငယ်ပါတတ်ပါတယ်။ Pad ကိုပုံမှန်လေးလဲလှယ်ပေးရပါတယ်။ မတ်တပ်ရပ်လိုက်တဲ့အခါ မိန်းမကိုယ်အနေအထားကြောင့် သွေးတွေပိုဆင်းတာကိုလည်း ခံစားရနိုင်ပါတယ်။ လှဲနေတဲ့အခါနဲ့ ထိုင်နေတဲ့အခါမှာ ခွက်တစ်ခုထဲမှာ စုနေသလိုသွေးတွေရှိနေတာဖြစ်ပြီး ထရပ်လိုက်တဲ့အခါ အဲဒီသွေးတွေစုပြီးသွန်ကျလာတာဖြစ်ပါတယ်။

တစ်ပတ်ကနေ ဆယ်ရက်အတွင်းမှာ သွေးဆင်းတာနည်းလာပါလိမ့်မယ်။ မီးဖွားပြီးခြောက်ပတ်အထိတော့ သွေးစနည်းနည်းစီဆင်းနေတာရှိနိုင်ပါတယ်။ သန့်ရှင်းမှုအတွက် pad ကိုပဲသုံးသင့်ပါတယ်။ မိန်းမကိုယ်ထဲထည့်တဲ့ ဂွမ်းတောင့် (Tampon) ကိုတော့ ဒီအချိန်မှာ ပိုးဝင်စေနိုင်တဲ့အတွက် မသုံးသင့်ပါဘူး။

ဒီလိုသွေးဆင်းတာဟာ ပုံမှန်ဖြစ်ရပ်ဆိုပေမယ့် အောက်ပါလက္ခဏာတွေဖြစ်လာရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။

-မီးဖွားပြီးသုံးရက်နောက်မှာတောင် သွေးနီနီရဲရဲများစွာဆင်းနေခြင်း

-ဆီးသီးအရွယ်ထက်ကြီးတဲ့ သွေးတုံးသွေးခဲများပါခြင်း

-သွေးဆင်းများခြင်းကြောင့် Pad ကိုတစ်နာရီတစ်ခါလဲလှယ်နေရခြင်း

-သွေးဆင်းခြင်းဟာ လျော့နည်းမသွားခြင်း

-အမြင်အာရုံဝေဝါးလာခြင်း

-ချမ်းတုန်ခြင်း

-နှလုံးခုန်မြန်လာခြင်း

-မူးဝေခြင်း

-အားနည်းခြင်း

-ပျို့အန်ခြင်း

-မိုက်ခဲနဲဖြစ်ခြင်း စတာတွေပဲဖြစ်ပါတယ်။

ဘယ်လိုကုသမလဲ?

ဒီလိုသွေးဆင်းတာမရပ်တာဟာ အကြောင်းရင်းများစွာကြောင့်ဖြစ်နိုင်ပါတယ်။ ဆရာဝန်များဟာ ဖြစ်ရတဲ့အကြောင်းရင်းကိုရှာဖွေမူတည်ပြီး ကုသကြပါတယ်။ ကုသတဲ့နည်းလမ်းတွေကတော့

-သားအိမ်ညှစ်အားပြန်ကောင်းအောင်ဆေးပေးခြင်း

-သားအိမ်ကို နှိပ်ပေးခြင်း

-သားအိမ်ထဲတွင် ကျန်ရှိနေသော အချင်းအပိုင်းအစများအားဖယ်ထုတ်ခြင်း

-ဗိုက်ခွဲပြီး ဖြစ်ရတဲ့အကြောင်းအရင်းကိုရှာဖွေခြင်း

-ဆုံးရှုံးသွားသောသွေးများအတွက် သွေးသွင်းကုသခြင်း

-သားအိမ်ထုတ်ခြင်း

-သွေးတိတ်အောင် သောက်ဆေးများဖြင့်ကုသခြင်း စသဖြင့် ကုသမယ့်နည်းလမ်းများစွာရှိပါတယ်။မီးဖွားပြီးသွေးဆင်းတဲ့မိခင်များအနေနဲ့ သွေးဆင်းတဲ့ပုံစံကိုကြည့်ပြီး စိုးရိမ်ရတဲ့အခြေအနေရှိတာနဲ့ ဆရာဝန်နဲ့သွားရောက်ပြသသင့်တယ်လို့ရေးသားဖော်ပြလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

မီးဖြားၿပီးေနာက္ေသြးဆင္းျခင္း

အမ်ိဳးသမီးတစ္ဦးဟာ ႐ိုး႐ိုးပဲေမြးေမြး၊ဗိုက္ခြဲပဲေမြးေမြး ကေလးမီးဖြားၿပီးတာနဲ႔ Lochia လို႔ေခၚတဲ့ေသြးနဲ႔အျခားအရည္ေတြဆင္းတတ္ပါတယ္။ အဲဒီအရာေတြဟာ ကေလးငယ္သားအိမ္ထဲမွာႀကီးထြားဖို႔ကူညီေပးခဲ့တဲ့ က်န္ရွိခဲ့တဲ့ တစ္ရႉးနဲ႔ေသြးေတြ ဆင္းတာျဖစ္ပါတယ္။

ဆင္းတဲ့ေသြးမ်ားဟာ ရက္အစပိုင္းမွာ နီရဲတဲ့အေရာင္ရွိပါလိမ့္မယ္။ ေသြးစ၊ေသြးခဲအနည္းငယ္ပါတတ္ပါတယ္။ Pad ကိုပုံမွန္ေလးလဲလွယ္ေပးရပါတယ္။ မတ္တပ္ရပ္လိုက္တဲ့အခါ မိန္းမကိုယ္အေနအထားေၾကာင့္ ေသြးေတြပိုဆင္းတာကိုလည္း ခံစားရႏိုင္ပါတယ္။ လွဲေနတဲ့အခါနဲ႔ ထိုင္ေနတဲ့အခါမွာ ခြက္တစ္ခုထဲမွာ စုေနသလိုေသြးေတြရွိေနတာျဖစ္ၿပီး ထရပ္လိုက္တဲ့အခါ အဲဒီေသြးေတြစုၿပီးသြန္က်လာတာျဖစ္ပါတယ္။

တစ္ပတ္ကေန ဆယ္ရက္အတြင္းမွာ ေသြးဆင္းတာနည္းလာပါလိမ့္မယ္။ မီးဖြားၿပီးေျခာက္ပတ္အထိေတာ့ ေသြးစနည္းနည္းစီဆင္းေနတာရွိႏိုင္ပါတယ္။ သန႔္ရွင္းမႈအတြက္ pad ကိုပဲသုံးသင့္ပါတယ္။ မိန္းမကိုယ္ထဲထည့္တဲ့ ဂြမ္းေတာင့္ (Tampon) ကိုေတာ့ ဒီအခ်ိန္မွာ ပိုးဝင္ေစႏိုင္တဲ့အတြက္ မသုံးသင့္ပါဘူး။

ဒီလိုေသြးဆင္းတာဟာ ပုံမွန္ျဖစ္ရပ္ဆိုေပမယ့္ ေအာက္ပါလကၡဏာေတြျဖစ္လာရင္ေတာ့ ဆရာဝန္နဲ႔ျပသသင့္ပါတယ္။

-မီးဖြားၿပီးသုံးရက္ေနာက္မွာေတာင္ ေသြးနီနီရဲရဲမ်ားစြာဆင္းေနျခင္း

-ဆီးသီးအ႐ြယ္ထက္ႀကီးတဲ့ ေသြးတုံးေသြးခဲမ်ားပါျခင္း

-ေသြးဆင္းမ်ားျခင္းေၾကာင့္ Pad ကိုတစ္နာရီတစ္ခါလဲလွယ္ေနရျခင္း

-ေသြးဆင္းျခင္းဟာ ေလ်ာ့နည္းမသြားျခင္း

-အျမင္အာ႐ုံေဝဝါးလာျခင္း

-ခ်မ္းတုန္ျခင္း

-ႏွလုံးခုန္ျမန္လာျခင္း

-မူးေဝျခင္း

-အားနည္းျခင္း

-ပ်ိဳ႕အန္ျခင္း

-မိုက္ခဲနဲျဖစ္ျခင္း စတာေတြပဲျဖစ္ပါတယ္။

ဘယ္လိုကုသမလဲ?

ဒီလိုေသြးဆင္းတာမရပ္တာဟာ အေၾကာင္းရင္းမ်ားစြာေၾကာင့္ျဖစ္ႏိုင္ပါတယ္။ ဆရာဝန္မ်ားဟာ ျဖစ္ရတဲ့အေၾကာင္းရင္းကိုရွာေဖြမူတည္ၿပီး ကုသၾကပါတယ္။ ကုသတဲ့နည္းလမ္းေတြကေတာ့

-သားအိမ္ညႇစ္အားျပန္ေကာင္းေအာင္ေဆးေပးျခင္း

-သားအိမ္ကို ႏွိပ္ေပးျခင္း

-သားအိမ္ထဲတြင္ က်န္ရွိေနေသာ အခ်င္းအပိုင္းအစမ်ားအားဖယ္ထုတ္ျခင္း

-ဗိုက္ခြဲၿပီး ျဖစ္ရတဲ့အေၾကာင္းအရင္းကိုရွာေဖြျခင္း

-ဆုံးရႈံးသြားေသာေသြးမ်ားအတြက္ ေသြးသြင္းကုသျခင္း

-သားအိမ္ထုတ္ျခင္း

-ေသြးတိတ္ေအာင္ ေသာက္ေဆးမ်ားျဖင့္ကုသျခင္း စသျဖင့္ ကုသမယ့္နည္းလမ္းမ်ားစြာရွိပါတယ္။မီးဖြားၿပီးေသြးဆင္းတဲ့မိခင္မ်ားအေနနဲ႔ ေသြးဆင္းတဲ့ပုံစံကိုၾကည့္ၿပီး စိုးရိမ္ရတဲ့အေျခအေနရွိတာနဲ႔ ဆရာဝန္နဲ႔သြားေရာက္ျပသသင့္တယ္လို႔ေရးသားေဖာ္ျပလိုက္ရပါတယ္။

အားလုံးက်န္းမာေပ်ာ္႐ႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…