All Articlesအခြားရောဂါများအထွေထွေရောဂါများ

ဆင်တုပ်ကွေးဖြစ်ပြီးကျန်ခဲ့တဲ့ နာကျင်ကိုက်ခဲခြင်းတွေကို ဘယ်လိုသက်သာအောင်လုပ်မလဲ ?

1 Mins read

ဆင်တုပ်ကွေးဖြစ်ပြီးကျန်ခဲ့တဲ့ နာကျင်ကိုက်ခဲခြင်းတွေကို ဘယ်လိုသက်သာအောင်လုပ်မလဲ ?

နာမည်ကြီးပြီး မဖြစ်ဘူးရင်ပဲခေတ်မမီလောက်အောင် ဒီနှစ်မှာပေါ်ပြူလာအဖြစ်ဆုံးရောဂါ။ပေါ်ပြူလာဖြစ်ဆို ထိမိတဲ့သူတိုင်း ပုံကိုကျရော။အဆစ်အမြစ်တွေကိုက်ချက်ဆိုတာ ပြောတောင်မပြတတ်ဘူးဆိုတာမျိုး။အဖျားကကျသွားရင်တောင် အဆစ်ကိုက်တာလေးက Extension ဆွဲသေးတာ။ဆွဲချက်ကလဲ လက်ရောခြေထောက်ရောလန်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်နိုင်တဲ့အဖြစ်၊ရေသောက်ဖို့တောင်လက်မမြှောက်နိုင်လောက်အောင်အထိ။ဟုတ်ပါတယ်၊၂၀၁၉ခုနှစ်ရဲ့ အကယ်ဒမီဆုရှင် ဆင်တုပ်ကွေးပါ။ ဖြစ်နေတဲ့အချိန်မှာရော၊ပျောက်သွားတဲ့အချိန်မှာပါ ကျန်ရစ်ခဲ့တဲ့ကိုက်ခဲခြင်းတွေဟာ သာမန်တုပ်ကွေးနဲ့မတူပဲအတော့်ကို ပြင်းထန်လွန်းလှပါတယ်။

ဒီတော့ ဆင်တုပ်ကွေးဖြစ်ပြီးကျန်ရစ်ခဲ့တဲ့ နာကျင်ကိုက်ခဲခြင်းတွေသက်သာအောင်ဘယ်လိုလုပ်မလဲ???

အောက်မှာပြောပြပေးထားတာလေးတွေကို တစ်ချက်ကြည့်ရအောင်ပါ-

၁။ပါရာစီတမော။

-ပါရာစီတမောကတော့ လူတိုင်းသိပြီးသားဖျားနာသက်သာတဲ့ဆေးပါ။

-ပါရာစီတမောကို တစ်ရက်လျှင် ၅၀၀(သို့)၇၅၀ မီလီဂရမ်ကို (၆)နာရီခြားတစ်ကြိမ်သောက်ပေးနိုင်ပါတယ်(ပါရာစီတမောနှင့်မတည့်တဲ့လူနာ၊အရက်အလွန်အကျွံသောက်သုံးသူနဲ့အသည်းရောဂါရှိသူတွေမှာတော့ ဆရာဝန်နှင့်ပြသပြီးမှသောက်သင့်ပါတယ်)

-ပါရာစီတမောကို တစ်ရက်လျှင် (၄၀၀၀)မီလီဂရမ်ထက် ပိုမသောက်သင့်ပါဘူး၊အသည်းအတွက်အန္တရာယ်ဖြစ်စေနိုင်လို့ပါ။

-၎င်းကိုတော့ အလွန်မပြင်းထန်သော ကိုက်ခဲနာကျင်မှုတွေမှာသောက်သုံးနိုင်ပါတယ်။

၂။အကိုက်အခဲပျောက်ဆေးများ။

-အကိုက်အခဲပျောက်ဆေးများဟာလဲ ဈေးကွက်ထဲမှာမြောက်များစွာရှိနေပါတယ်။

-ဒီထဲကမှ ဥပမာအနေနဲ့ Ibuprofen ကို ၄၀၀(သို့)၆၀၀ မီလီဂရမ်ကို ၈နာရီခြားတစ်ကြိမ်သောက်နိုင်ပါတယ်။

-အကိုက်အခဲပျောက်ဆေးများဟာ နှလုံးရောဂါရှိသူတွေ၊ကျောက်ကပ်ပြဿနာရှိသူတွေနဲ့ ဆေးမတည့်တဲ့သူတွေမှာ ဘေးထွက်ပြဿနာတွေဖြစ်ပေါ်တတ်ပါတယ်။

-၎င်းတို့ဟာ အစာအိမ်ရောင်ရမ်းခြင်း၊အစာအိမ်အနာဖြစ်ခြင်းစသည့်ဆိုးကျိုးတွေလဲရှိတာကြောင့် အစာခံပြီးမှဆေးသောက်ရပါမယ်၊အစာမရှိလျှင် အကိုက်အခဲပျောက်ဆေး မသောက်သင့်ပါ။

-အထိုက်အလျောက်ပြင်းထန်တဲ့ နာကျင်ကိုက်ခဲခြင်းတွေမှာ သုံးနိုင်ပါတယ်။

၃။Opioids ။

-Opioid တွေဟာ နာကျင်ကိုက်ခဲမှုကိုအတော်လေးကိုသက်သာစေနိုင်တဲ့ဆေးကောင်းတစ်မျိုးပဲဖြစ်ပါတယ်။

– ဆေးမှန်သမျှ ဘေးထွက်ဆိုးကျိုးမကင်းတာကြောင့် သတိထား၍တော့ သောက်သုံးသင့်ပါတယ်။

-Tramadol ကို တစ်ရက် ၅၀(သို့)၁၀၀ မီလီဂရမ်ကို (၆)နာရီခြားတစ်ခါသောက်နိုင်ပါတယ်။

-codeine ကိုလဲတစ်ရက်လျှင် ၃၀ မီလီဂရမ်ကို (၆)နာရီတစ်ခါသောက်နိုင်ပါတယ်။

-Oxycodone ဆိုတဲ့ဆေးကိုလဲ တစ်ရက်လျှင် ၁၀/၂၀ မီလီဂရမ်ကို ၁၂နာရီခြားသောက်နိုင်ပါတယ်။

-အထက်ပါဆေးတွေဟာ အစွမ်းထက်သလိုကန့်သတ်ဆေးတွေလဲဖြစ်ပါတယ်။

-ဒါကြောင့်ဆရာဝန်မညွှန်ကြားပဲ ဝယ်ဖို့ကအလွန်ခက်ခဲတဲ့ဆေးတွေဖြစ်တာကြောင့် ဆရာဝန်ညွှန်ကြားမှသာ သောက်သုံးနိုင်မှာဖြစ်ပါတယ်။

ဒီဆေးလေးတွေကတော့ ဆင်တုပ်ကွေးဖြစ်ပြီးကျန်ရစ်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်တဲ့ဆေးဝါးများပဲဖြစ်ပါတယ်။

နာကျင်ကောက်ကွေး ဆင်တုပ်ကွေးမှကင်းဝေးနိုင်ကြပါစေ။

dr.ye’lwin mm

ဆင္တုပ္ေကြးျဖစ္ၿပီးက်န္ခဲ့တဲ့ နာက်င္ကိုက္ခဲျခင္းေတြကို ဘယ္လိုသက္သာေအာင္လုပ္မလဲ ?

နာမည္ႀကီးၿပီး မျဖစ္ဘူးရင္ပဲေခတ္မမီေလာက္ေအာင္ ဒီႏွစ္မွာေပၚျပဴလာအျဖစ္ဆုံးေရာဂါ။ေပၚျပဴလာျဖစ္ဆို ထိမိတဲ့သူတိုင္း ပုံကိုက်ေရာ။အဆစ္အျမစ္ေတြကိုက္ခ်က္ဆိုတာ ေျပာေတာင္မျပတတ္ဘူးဆိုတာမ်ိဳး။အဖ်ားကက်သြားရင္ေတာင္ အဆစ္ကိုက္တာေလးက Extension ဆြဲေသးတာ။ဆြဲခ်က္ကလဲ လက္ေရာေျခေထာက္ေရာလန္ၿပီး ကိုယ့္ေျခေထာက္ေပၚကိုယ္မရပ္ႏိုင္တဲ့အျဖစ္၊ေရေသာက္ဖို႔ေတာင္လက္မေျမႇာက္ႏိုင္ေလာက္ေအာင္အထိ။ဟုတ္ပါတယ္၊၂၀၁၉ခုႏွစ္ရဲ႕ အကယ္ဒမီဆုရွင္ ဆင္တုပ္ေကြးပါ။ ျဖစ္ေနတဲ့အခ်ိန္မွာေရာ၊ေပ်ာက္သြားတဲ့အခ်ိန္မွာပါ က်န္ရစ္ခဲ့တဲ့ကိုက္ခဲျခင္းေတြဟာ သာမန္တုပ္ေကြးနဲ႔မတူပဲအေတာ့္ကို ျပင္းထန္လြန္းလွပါတယ္။

ဒီေတာ့ ဆင္တုပ္ေကြးျဖစ္ၿပီးက်န္ရစ္ခဲ့တဲ့ နာက်င္ကိုက္ခဲျခင္းေတြသက္သာေအာင္ဘယ္လိုလုပ္မလဲ???

ေအာက္မွာေျပာျပေပးထားတာေလးေတြကို တစ္ခ်က္ၾကည့္ရေအာင္ပါ-

၁။ပါရာစီတေမာ။

-ပါရာစီတေမာကေတာ့ လူတိုင္းသိၿပီးသားဖ်ားနာသက္သာတဲ့ေဆးပါ။

-ပါရာစီတေမာကို တစ္ရက္လွ်င္ ၅၀၀(သို႔)၇၅၀ မီလီဂရမ္ကို (၆)နာရီျခားတစ္ႀကိမ္ေသာက္ေပးႏိုင္ပါတယ္(ပါရာစီတေမာႏွင့္မတည့္တဲ့လူနာ၊အရက္အလြန္အကြၽံေသာက္သုံးသူနဲ႔အသည္းေရာဂါရွိသူေတြမွာေတာ့ ဆရာဝန္ႏွင့္ျပသၿပီးမွေသာက္သင့္ပါတယ္)

-ပါရာစီတေမာကို တစ္ရက္လွ်င္ (၄၀၀၀)မီလီဂရမ္ထက္ ပိုမေသာက္သင့္ပါဘူး၊အသည္းအတြက္အႏၲရာယ္ျဖစ္ေစႏိုင္လို႔ပါ။

-၎ကိုေတာ့ အလြန္မျပင္းထန္ေသာ ကိုက္ခဲနာက်င္မႈေတြမွာေသာက္သုံးႏိုင္ပါတယ္။

၂။အကိုက္အခဲေပ်ာက္ေဆးမ်ား။

-အကိုက္အခဲေပ်ာက္ေဆးမ်ားဟာလဲ ေဈးကြက္ထဲမွာေျမာက္မ်ားစြာရွိေနပါတယ္။

-ဒီထဲကမွ ဥပမာအေနနဲ႔ Ibuprofen ကို ၄၀၀(သို႔)၆၀၀ မီလီဂရမ္ကို ၈နာရီျခားတစ္ႀကိမ္ေသာက္ႏိုင္ပါတယ္။

-အကိုက္အခဲေပ်ာက္ေဆးမ်ားဟာ ႏွလုံးေရာဂါရွိသူေတြ၊ေက်ာက္ကပ္ျပႆနာရွိသူေတြနဲ႔ ေဆးမတည့္တဲ့သူေတြမွာ ေဘးထြက္ျပႆနာေတြျဖစ္ေပၚတတ္ပါတယ္။

-၎တို႔ဟာ အစာအိမ္ေရာင္ရမ္းျခင္း၊အစာအိမ္အနာျဖစ္ျခင္းစသည့္ဆိုးက်ိဳးေတြလဲရွိတာေၾကာင့္ အစာခံၿပီးမွေဆးေသာက္ရပါမယ္၊အစာမရွိလွ်င္ အကိုက္အခဲေပ်ာက္ေဆး မေသာက္သင့္ပါ။

-အထိုက္အေလ်ာက္ျပင္းထန္တဲ့ နာက်င္ကိုက္ခဲျခင္းေတြမွာ သုံးႏိုင္ပါတယ္။

၃။Opioids ။

-Opioid ေတြဟာ နာက်င္ကိုက္ခဲမႈကိုအေတာ္ေလးကိုသက္သာေစႏိုင္တဲ့ေဆးေကာင္းတစ္မ်ိဳးပဲျဖစ္ပါတယ္။

– ေဆးမွန္သမွ် ေဘးထြက္ဆိုးက်ိဳးမကင္းတာေၾကာင့္ သတိထား၍ေတာ့ ေသာက္သုံးသင့္ပါတယ္။

-Tramadol ကို တစ္ရက္ ၅၀(သို႔)၁၀၀ မီလီဂရမ္ကို (၆)နာရီျခားတစ္ခါေသာက္ႏိုင္ပါတယ္။

-codeine ကိုလဲတစ္ရက္လွ်င္ ၃၀ မီလီဂရမ္ကို (၆)နာရီတစ္ခါေသာက္ႏိုင္ပါတယ္။

-Oxycodone ဆိုတဲ့ေဆးကိုလဲ တစ္ရက္လွ်င္ ၁၀/၂၀ မီလီဂရမ္ကို ၁၂နာရီျခားေသာက္ႏိုင္ပါတယ္။

-အထက္ပါေဆးေတြဟာ အစြမ္းထက္သလိုကန႔္သတ္ေဆးေတြလဲျဖစ္ပါတယ္။

-ဒါေၾကာင့္ဆရာဝန္မၫႊန္ၾကားပဲ ဝယ္ဖို႔ကအလြန္ခက္ခဲတဲ့ေဆးေတြျဖစ္တာေၾကာင့္ ဆရာဝန္ၫႊန္ၾကားမွသာ ေသာက္သုံးႏိုင္မွာျဖစ္ပါတယ္။

ဒီေဆးေလးေတြကေတာ့ ဆင္တုပ္ေကြးျဖစ္ၿပီးက်န္ရစ္တဲ့ နာက်င္ကိုက္ခဲမႈေတြကို သက္သာေစႏိုင္တဲ့ေဆးဝါးမ်ားပဲျဖစ္ပါတယ္။

နာက်င္ေကာက္ေကြး ဆင္တုပ္ေကြးမွကင္းေဝးႏိုင္ၾကပါေစ။

dr.ye’lwin mm

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…