All Articles

ကိုယ်ဝန်ပျက်ကျပြီးသူတွေမှာ အားဘယ်လိုပြန်ဖြည့်မလဲ

1 Mins read

ကိုယ်ဝန်ပျက်ကျပြီးသူတွေမှာ အားဘယ်လိုပြန်ဖြည့်မလဲ

ကိုယ်ဝန်ပျက်ကျတဲ့အခါမှာ သွေးဟာအဓိကဆုံးရှုံးတဲ့အရာပဲဖြစ်ပါတယ်။ကိုယ်ဝန်ပျက်ကျချိန်မှာသွေးဆင်းများလေ အားပိုနည်းလေပဲဖြစ်ပါတယ်။ဒါကြောင့် ကိုယ်ဝန်ပျက်ကျပြီးတဲ့အခါမှာ သွေးအားပြန်ပြည့်အောင်၊အားအင်ပြန်လည်ပြည့်ဝအောင် ဘယ်လိုဘယ်ပုံတွေစားသောက်ရမလဲဆိုတာကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

ကိုယ်ဝန်ပျက်ကျပြီးသူတွေမှာ အားဘယ်လိုပြန်ဖြည့်မလဲ???

ဘယ်လိုအစားအစာတွေစားမလဲဆိုတာကိုမပြောခင်မှာ အစားအသောက်ပြင်ဆင်မှုကိုအရင်ပြောပြပါ့မယ်။အစားအသောက်ပြင်ဆင်တဲ့အခါ လွယ်ကူရိုးရှင်းပြီး၊အစာကျေညက်လွယ်အောင်ပြင်ဆင်ပေးသင့်ပါတယ်။နာလန်ထလူနာဟာ အစာအမာတွေစားပါက အစာမကြေ၊ရင်ပြည့်ရင်ကယ်၊ပျို့အန်တာတွေဖြစ်နိုင်လို့ပါ။အစားအစာတွေစားတဲ့အခါမှာ ကိုယ်ဝန်ပျက်ကျစဉ်ဆင်းထား၊ဆုံးရှုံးထားတဲ့သွေးကိုပြန်ဖြည့်နိုင်ဖို့အတွက် သံဓါတ်၊ဗီတာမင် B2,B9 နဲ့ B12 တို့ပေါကြွယ်စွာပါဝင်တဲ့အစားအစာတွေစားပေးသင့်ပါတယ်။

ဘယ်လိုအစားအစာတွေစားသင့်လဲဆိုတော့-

၁)အသားဓါတ်ပေါကြွယ်ဝသောအစားအစာများ(ကြက်သား၊အမဲသား၊ငါး၊ပဲအမျိုးမျိုးနဲ့ နို့ စသည်)ကို စားသုံးပေးသင့်ပါတယ်။၎င်းတို့ဟာ သွေးနီဥများထုတ်လုပ်မှုကိုအားပေးရုံမက ကိုယ်ခံစွမ်းအားကိုပါမြင့်တက်စေနိုင်ပါတယ်။

၂)စွံပလွံသီးဟာ သံဓါတ်ပေါကြွယ်ဝစွာပါဝင်တာကြောင့် သွေးနီဥထုတ်လုပ်မှုကိုအားပေးပြီး သွေးအားကိုပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

၃)အစိမ်းရင့်ရောင်ရှိသောအရွက်(မုန်ညင်း၊မုန်လာ၊ကိုက်လန်၊ဂေါ်ဖီ၊ဆလပ် စသည်)များဟာ သံဓါတ်ပေါကြွယ်ဝစွာပါဝင်တာကြောင့် ၎င်းတို့ကိုလဲစားသုံးပေးသင့်ပါတယ်။

၄)ဗီတာမင်စီပေါကြွယ်ဝသောအသီးအနှံ(ရှောက်သီး၊လိမ္မော်သီး၊စပျစ်သီး၊သဘောင်္သီး စသည်)တို့က အစာအိမ်အူလမ်းကြောင်းမှသံဓါတ်စုပ်ယူမှုကိုအားပေးပြီး အနာကျက်ခြင်းနဲ့ကိုယ်ခံစွမ်းအားကိုကောင်းမွန်စေရုံမက ရေဓါတ်ကိုပါဖြည့်တင်းပေးနိုင်တာကြောင့် ၎င်းတို့ဟာလဲ စားပေးသင့်တဲ့အစာအာဟာရတွေဖြစ်ကြပါတယ်။

၅)နေ့စဉ်လိုအပ်တဲ့ပမာဏအတိုင်း တွက်ချက်ဖော်စပ်ထားတဲ့ သံဓါတ်အားဆေးများကိုလဲ ဆရာဝန်ညွှန်ကြားပြသထားတဲ့အတိုင်း သောက်သုံးပေးနိုင်ပါတယ်။

အထက်ပါစားသောက်ပုံလေးတွေကိုလိုက်နာပြီး ကိုယ်ဝန်ပျက်ကျပြီးနောက် အားနည်းနွမ်းနယ်မနေပဲ အမြန်ဆုံးပြန်လည်ကျန်းမာနိုင်အောင် လုပ်ဆောင်ကြပါလို့ တိုက်တွန်းလျှက်။

dr.ye’lwin mm

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *