“ကျောင်းနေပျော်ပြီး စာတော်ဖို့အပြင်”

မိဘတွေဟာ သားသမီးတွေကို ကျောင်းတက်မှန်ပြီး စာတော်စေချင်ကြပါတယ်။ ကျောင်းနေပျော်မှစာတော်ဆိုတဲ့စကားလည်းရှိပါတယ်။ စာတော်ဖို့အပြင် ကလေးဟာ ကျန်းမာဖို့လည်းအရေးကြီးပါသေးတယ်။ ကျန်းမာပြီး ထူးချွန်ထက်မြက်တဲ့ ကလေးငယ်တစ်ယောက်ဖြစ်ဖို့ ဘေးကနေ ဘယ်လိုတည့်မတ်ပေးမလဲ…ကူညီဆောင်ရွက်ပေးမလဲ…ဆိုတာတွေကို အကြံပေးချင်ပါတယ်။

(၁) အာရုံစိုက်ခိုင်းပါ

မိမိကလေးမှာ အိမ်စာတွေပါလာမယ်ဆိုရင် အဲဒီစာတွေကို တခြားအာရုံလွင့်ပါးမှုမရှိဘဲ ပြီးမြောက်အောင် လုပ်ခိုင်းပေးပါ။ ကလေးဆိုတာ ဆော့ကစားချင်တာပါပဲ။ဒီတော့ ကစားချိန်၊ နားချိန်၊ စာကြည့်ချိန်ကို သင့်တော်သလို ခွဲပြီး စာလုပ်တဲ့အချိန်မှာသေချာအာရုံစိုက်ဖို့ ကူညီပေးသင့်ပါတယ်။

(၂) ယှဉ်ပြိုင်မှု

ကလေးစိတ်ဝင်စားရာ၊ ဝါသနာပါရာ နယ်ပယ်တစ်ခုခုကို လေ့ကျင့်သင်ကြားပြီးရင် အဲဒီနယ်ပယ်မှာ ပြိုင်ပွဲတွေဝင်ပြိုင်ခိုင်းသင့်ပါတယ်။ ဥပမာ – အကပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဘာသာရပ်ဆိုင်ရာ ထူးချွန်ပြိုင်ပွဲ စသဖြင့် သူကြိုက်နှစ်သက်ရာဘာသာရပ်တစ်ခုခုကို ပိုပြီးထူူးချွန်လာအောင် ယှဉ်ပြိုင်စေသင့်ပါတယ်။

(၃) တက်ကြွမှု

နေ့စဉ်ပုံမှန်လေး ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဟာ ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးကြီးထွားမှုကိုအထောက်အကူပြုပါတယ်။ တစ်နေ့ကို အနည်းဆုံး မိနစ်လေးဆယ်လောက် ပြေးလွှားဆော့ကစားတဲ့ ကလေးဟာ ကျန်းမာရေးအရ ကောင်းမွန်ပြီး စာသင်ချိန်မှာလည်းတက်တက်ကြွကြွနဲ့ အာရုံစူးစိုက်နိုင်ပါတယ်။

(၄)အစာအာဟာရ

ရေများများသောက်ခိုင်းပါ။ သကြားတွေပါတဲ့ အသီးဖျော်ရည်တိုက်တာထက် သစ်သီးဝလံကို ဒီအတိုင်းကျွေးတာက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ ကလေးကို အသင့်စားမုန့်တွေကျွေးတာ လျှော့နိုင်သလောက်လျှော့ပြီး အိမ်မှာလွယ်လွယ်ကူကူလုပ်စားလို့ရတဲ့ မုန့်လေးတွေနဲ့အစားထိုးသင့်ပါတယ်။ ကလေးငယ်တစ်ယောက်ကျန်းမာဖို့ အစာအာဟာရအုပ်စု သုံးစုကို မျှတအောင်စားသောက်ပေးဖို့လိုပါတယ်။ အသား၊ငါးနဲ့ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံအမျိုးမျိုး၊ ကစီဓာတ်ပါသော အာလူး၊ပြောင်း စတဲ့အစာအုပ်စုအမျိုးမျိုးကို မျှတအောင်စားသုံးစေသင့်ပါတယ်။

(၅) ဖုန်း၊ကွန်ပြူတာ၊ တီဗီဂိမ်းကစားခြင်းများ

အထက်ပါကစားနည်းတွေကို တစ်နေ့ကိုနှစ်နာရီထက် မပိုသင့်ပါဘူး။ တီဗီအကြာကြီးကြည့်ခြင်း၊ ဂိမ်းအလွန်အကျွံထိုင်ဆော့ခြင်းဟာ ကလေးငယ်ရဲ့ ပညာရေးကိုသာမက ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ မျက်စိအားနည်းခြင်းနဲ့ အဝလွန်ခြင်းတို့ကိုလည်းဖြစ်စေနိုင်ပါတယ်။ ကလေးကို တခြားသော ကိုယ်လက်လှုပ်ရှားရတဲ့ အိမ်တွင်းကစားနည်းတွေနဲ့ အစားထိုးပေးသင့်ပါတယ်။

အထက်ပါအချက်ငါးချက်ဟာ ကျောင်းနေပျော်ပြီး စာတော်ကျန်းမာတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့အတွက် ရည်ရွယ်ပါတယ်။ မိဘတွေဟာ ကိုယ့်ကလေးငယ်ရဲ့ ကျန်းမာရေးနဲ့ ပညာရေးကို မျှတအောင်ထိန်းကွပ်နိုင်ဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

“ေက်ာင္းေနေပ်ာ္ၿပီး စာေတာ္ဖို႔အျပင္”

မိဘေတြဟာ သားသမီးေတြကို ေက်ာင္းတက္မွန္ၿပီး စာေတာ္ေစခ်င္ၾကပါတယ္။ ေက်ာင္းေနေပ်ာ္မွစာေတာ္ဆိုတဲ့စကားလည္းရွိပါတယ္။ စာေတာ္ဖို႔အျပင္ ကေလးဟာ က်န္းမာဖို႔လည္းအေရးႀကီးပါေသးတယ္။ က်န္းမာၿပီး ထူးခြ်န္ထက္ျမက္တဲ့ ကေလးငယ္တစ္ေယာက္ျဖစ္ဖို႔ ေဘးကေန ဘယ္လိုတည့္္မတ္ေပးမလဲ…ကူညီေဆာင္ရြက္ေပးမလဲ…ဆိုတာေတြကို အၾကံေပးခ်င္ပါတယ္။

(၁) အာရံုစိုက္ခိုင္းပါ

မိမိကေလးမွာ အိမ္စာေတြပါလာမယ္ဆိုရင္ အဲဒီစာေတြကို တျခားအာရံုလြင့္ပါးမႈမရွိဘဲ ၿပီးေျမာက္ေအာင္ လုပ္ခိုင္းေပးပါ။ ကေလးဆိုတာ ေဆာ့ကစားခ်င္တာပါပဲ။ဒီေတာ့ ကစားခ်ိန္၊ နားခ်ိန္၊ စာၾကည့္ခ်ိန္ကို သင့္ေတာ္သလို ခြဲၿပီး စာလုပ္တဲ့အခ်ိန္မွာေသခ်ာအာရံုစိုက္ဖို႔ ကူညီေပးသင့္ပါတယ္။

(၂) ယွဥ္ၿပိဳင္မႈ

ကေလးစိတ္ဝင္စားရာ၊ ဝါသနာပါရာ နယ္ပယ္တစ္ခုခုကို ေလ့က်င့္သင္ၾကားၿပီးရင္ အဲဒီနယ္ပယ္မွာ ၿပိဳင္ပြဲေတြဝင္ၿပိဳင္ခိုင္းသင့္ပါတယ္။ ဥပမာ – အကၿပိဳင္ပြဲ၊ စာစီစာကံုးၿပိဳင္ပြဲ၊ အားကစားၿပိဳင္ပြဲ၊ ပန္းခ်ီၿပိဳင္ပြဲ၊ ဘာသာရပ္ဆိုင္ရာ ထူးခြ်န္ၿပိဳင္ပြဲ စသျဖင့္ သူႀကိဳက္ႏွစ္သက္ရာဘာသာရပ္တစ္ခုခုကို ပိုၿပီးထူူးခြ်န္လာေအာင္ ယွဥ္ၿပိဳင္ေစသင့္ပါတယ္။

(၃) တက္ႂကြမႈ

ေန႔စဥ္ပံုမွန္ေလး ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ျခင္းဟာ ကေလးငယ္ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးႀကီးထြားမႈကိုအေထာက္အကူျပဳပါတယ္။ တစ္ေန႔ကို အနည္းဆံုး မိနစ္ေလးဆယ္ေလာက္ ေျပးလႊားေဆာ့ကစားတဲ့ ကေလးဟာ က်န္းမာေရးအရ ေကာင္းမြန္ၿပီး စာသင္ခ်ိန္မွာလည္းတက္တက္ႂကြႂကြနဲ႔ အာရံုစူးစိုက္ႏိုင္ပါတယ္။

(၄)အစာအာဟာရ

ေရမ်ားမ်ားေသာက္ခိုင္းပါ။ သၾကားေတြပါတဲ့ အသီးေဖ်ာ္ရည္တိုက္တာထက္ သစ္သီးဝလံကို ဒီအတိုင္းေကြ်းတာက က်န္းမာေရးအတြက္ ပိုေကာင္းပါတယ္။ ကေလးကို အသင့္စားမုန္႔ေတြေကြ်းတာ ေလွ်ာ့ႏိုင္သေလာက္ေလွ်ာ့ၿပီး အိမ္မွာလြယ္လြယ္ကူကူလုပ္စားလို႔ရတဲ့ မုန္႔ေလးေတြနဲ႔အစားထိုးသင့္ပါတယ္။ ကေလးငယ္တစ္ေယာက္က်န္းမာဖို႔ အစာအာဟာရအုပ္စု သံုးစုကို မွ်တေအာင္စားေသာက္ေပးဖို႔လိုပါတယ္။ အသား၊ငါးနဲ႔ ပဲအမ်ိဳးမ်ိဳး၊ ဟင္းသီးဟင္းရြက္ သစ္သီးဝလံအမ်ိဳးမ်ိဳး၊ ကစီဓာတ္ပါေသာ အာလူး၊ေျပာင္း စတဲ့အစာအုပ္စုအမ်ိဳးမ်ိဳးကို မွ်တေအာင္စားသံုးေစသင့္ပါတယ္။

(၅) ဖုန္း၊ကြန္ျပဴတာ၊ တီဗီဂိမ္းကစားျခင္းမ်ား

အထက္ပါကစားနည္းေတြကို တစ္ေန႔ကိုႏွစ္နာရီထက္ မပိုသင့္ပါဘူး။ တီဗီအၾကာႀကီးၾကည့္ျခင္း၊ ဂိမ္းအလြန္အကၽြံထိုင္ေဆာ့ျခင္းဟာ ကေလးငယ္ရဲ႕ ပညာေရးကိုသာမက က်န္းမာေရးကိုပါ ထိခိုက္ေစပါတယ္။ မ်က္စိအားနည္းျခင္းနဲ႔ အဝလြန္ျခင္းတို႔ကိုလည္းျဖစ္ေစႏိုင္ပါတယ္။ ကေလးကို တျခားေသာ ကိုယ္လက္လႈပ္ရွားရတဲ့ အိမ္တြင္းကစားနည္းေတြနဲ႔ အစားထိုးေပးသင့္ပါတယ္။

အထက္ပါအခ်က္ငါးခ်က္ဟာ ေက်ာင္းေနေပ်ာ္ၿပီး စာေတာ္က်န္းမာတဲ့ ကေလးတစ္ေယာက္ျဖစ္ဖို႔အတြက္ ရည္ရြယ္ပါတယ္။ မိဘေတြဟာ ကိုယ့္ကေလးငယ္ရဲ႕ က်န္းမာေရးနဲ႔ ပညာေရးကို မွ်တေအာင္ထိန္းကြပ္ႏိုင္ဖို႔ ေရးသားေဖာ္ျပလိုက္ရပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *