ပင်မဆဲလ်သိမ်းဆည်းခြင်းဖြင့် သင့်ကလေးအတွက် ကောင်းကျိုးများ
Stem Cells ဆိုတာ ရိုးရိုးရှင်းရှင်းပြောရရင် မူလအရင်းအမြစ်ဆဲလ်ဆိုပြီး ဘာသာပြန်လို့ရပါတယ်။ ကျတော်တို့ငယ်ငယ်တုန်းက သိပ္ပံဘာသာရပ်မှာသင်ရဖူးပါတယ်။ ဆဲလ်ပေါင်းများစွာဖွဲ့စည်းထားတဲ့အရာကို တစ်ရှုးဟုခေါ်ကြောင်း တစ်ရှုးများဖွဲ့စည်းထားလျှင် Organ အစိတ်အပိုင်းဟုခေါ်ပြီး Organ များဖွဲ့စည်းထားလျှင် System အဖွဲ့အစည်းဟုခေါ်ကြောင်းကို သင်ကြားခဲ့ရပြီးဖြစ်ပါတယ်။ သို့ပါဆိုလျှင် ဆဲလ်သည် ခန္ဓာကိုယ်ရဲ့အသေးငယ်ဆုံးပစ္စည်းတစ်ခုဖြစ်ပြီး ပင်မဆဲလ်ဟုဆိုရာတွင် ခန္ဓာကိုယ်၏ မူလပထမဆဲလ်ဖြစ်ကြောင်း၊ ပင်မဆဲလ်သည် ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းကိုမဆို စတင်ဖြစ်ပေါ်ကြောင်းနှင့် မူလဆဲလ်သည် မွေးစကလေးအပေါ် ဘယ်လိုအသုံးဝင်ကြောင်း အသေးစိတ်ဆွေးနွေးတင်ပြပါရစေ။
မူလဆဲလ် (Stem Cells) ကိုယခုနောက်ပိုင်း သိမ်းဆည်းလာကြပြီးဖြစ်ပါတယ်။ ဘယ်လိုသိမ်းကြလဲ၊ ဘာလို့သိမ်းကြတာလဲဆိုတာကိုတော့ သိတဲ့သူ အနည်းငယ်သာရှိပါသေးတယ်။ ဘယ်လိုသိမ်းကြလဲဆိုရင် ကျတော်တို့ သွေးဘဏ်တွေ သိမ်းဆည်းသလိုပင် ပင်မဆဲလ်အသုံးမပြုမှီအထိ ပင်မဆဲလ်ဘဏ်တွေမှာ သိမ်းဆည်းထားလေ့ရှိပါတယ်။ သိမ်းဆည်းရာတွင် အပူချိန် အနှုတ် ၁၅၀ ဒီဂရီ Celsius အောက်ရှိတဲ့ နိုက်ထရိုဂျင်အရည်တွေကြားမှာ သိမ်းဆည်းရပါတယ်။ အဆိုပါသိမ်းဆည်းနည်းကို (Cryopreservation) လို့ခေါ်ပါတယ်။
ဘာလို့ပင်မဆဲလ်ကိုသိမ်းဆည်းကြသလဲ။ ဘာကြောင့် ကလေးအချင်းတိုင်ကရတဲ့ ပင်မဆဲလ်ကိုသိမ်းဆည်းကြသလဲဆိုတာကို သိကြတဲ့သူအနည်းငယ်သာရှိပါလိမ့်မယ်။ ကလေးအချင်းတိုင်မှရတဲ့ ပင်မဆဲလ်ဟာ ပင်မဆဲလ်များတွင် အကောင်းဆုံးပင်မဆဲလ်ဖြစ်ပါတယ်။ ကလေးမှာရှိတဲ့ပင်မဆဲလ်ဟာ Age “0” အမျိုးအစားဖြစ်သည့်အတွက် အရည်အသွေးအကောင်းဆုံးနှင့် တန်ဖိုးအရှိဆုံးပင်မဆဲလ်ဖြစ်ပါတယ်။ ကလေးမှရတဲ့ ပင်မဆဲလ်ကို ဘယ်သူတွေသုံးလို့ရလဲဆိုရင် မူရင်းပိုင်ရှင် ကလေးလေးအပြင် သူ၏ မောင်နှမ၊ မိဘ၊ အဖိုးအဖွား၊ သွေးချင်းနီးသော ဆွေမျိုး (ဦးလေး၊ အဒေါ်၊…) များအားလုံးအသုံးပြုနိုင်ပါတယ်။
ဘယ်လိုရောဂါတွေ ကုသပျောက်ကင်းနိုင်ပါသလဲ။ Stem cell therapy ကို ရှာဖွေတွေ့ရှိတာ ဆယ်စုနှစ် တစ်ခုကျော်သာ ရှိပါသေးတယ်။ ကုသမှုအများစုကို သိပ္ပံပညာရှင်များနှင့် ခေတ်မှီဆေးပညာလေ့လာရှာဖွေသူများက စမ်းသပ်လေ့လာနေဆဲ၊ လေ့လာပြီး ဖြစ်ပါတယ်။ အဓိကအားဖြင့် သွေးနှင့် သက်ဆိုင်သောရောဂါများ (Leukaemia သွေးကင်ဆာ, Neuroblastoma, Sickle Cell Anaemia သွေးအားနည်းရောဂါ အစရှိသည့် သွေးနှင့် ပတ်သက်သော ရောဂါအမျိုးပေါင်း ၅၀ ကျော်ကို ကာကွယ်ကုသနိုင်ပါတယ်။ ဒ့ါအပြင် အခြားရောဂါများဖြစ်တဲ့ အသည်းရောဂါ၊ Parkinson ရောဂါ၊ အယ်ဇိုင်းမားရောဂါ၊ အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ မွေးရာပါဆီးချိုရောဂါ၊ ကင်ဆာရောဂါများ၊ မွေးရာပါရောဂါအများစု၊ ခုခံအားတိုက်ခိုက်ခံရသောရောဂါများ၊ အရိုးနှင့်အရိုးနုကို ထိခိုက်ပျက်စီးသောရောဂါများ အစရှိသည့် ရောဂါအမျိူးအစားပေါင်း ၉၀ ကျော်ကိုလည်း ပင်မဆဲလ်ကုထုံးဖြင့် ကုသနိုင်ကြောင်း စမ်းသပ်တွေ့ရှိပြီးဖြစ်ပါတယ်။
တိုးတက်ပြောင်းလဲလာတဲ့ ခေတ်နှင့် အညီ ရောဂါအသစ်အဆန်းများလည်းပေါ်ပေါက်လာသလို ရောဂါများကို ကုသနိုင်တဲ့ ကုထုံးအသစ်အဆန်းများ၊ ဆေးဝါးများ၊ ရောဂါရှာဖွေနိုင်တဲ့ စက်ကိရိယာအသစ်အဆန်းများလည်း တဖြည်းဖြည်းထွက်ပေါ်လာပြီးဖြစ်ပါတယ်။ ယခု အဟောင်းကို အသစ်လဲခြင်း ရောဂါကုထုံးဖြစ်သည့် ပင်မဆဲလ်ကုထုံးသည် လက်တွေ့ကျပြီး အောင်မြင်မှု၊ ရောဂါပျောက်ကင်းမှုနှုန်းအမြင့်ဆုံးဖြစ်လာပါသည်။ ဆောင်းဦးရွက်ကြွေချစ်သက်သေ ဇာတ်လမ်းက အွန်စောက နည်းနည်းလေးစောသွားတာဖြစ်ပါလိမ့်မယ်။ Stem cell therapy ပင်မဆဲလ်ကုထုံးသာ သိရှိခဲ့လိုက်ရင် အဆိုပါဇာတ်လမ်းလေးက Happy ending ပျော်ရွှင်စရာအဆုံးသတ်လေးဖြစ်ကောင်းဖြစ်နိုင်ကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေ….
Dr. Myat Hein Htet (Health4U)
ပင္မဆဲလ္သိမ္းဆည္းျခင္းျဖင့္ သင့္ကေလးအတြက္ ေကာင္းက်ိဳးမ်ား
Stem Cells ဆိုတာ ႐ိုး႐ိုးရွင္းရွင္းေျပာရရင္ မူလအရင္းအျမစ္ဆဲလ္ဆိုၿပီး ဘာသာျပန္လို႔ရပါတယ္။ က်ေတာ္တို႔ငယ္ငယ္တုန္းက သိပၸံဘာသာရပ္မွာသင္ရဖူးပါတယ္။ ဆဲလ္ေပါင္းမ်ားစြာဖြဲ႕စည္းထားတဲ့အရာကို တစ္ရႈးဟုေခၚေၾကာင္း တစ္ရႈးမ်ားဖြဲ႕စည္းထားလွ်င္ Organ အစိတ္အပိုင္းဟုေခၚၿပီး Organ မ်ားဖြဲ႕စည္းထားလွ်င္ System အဖြဲ႕အစည္းဟုေခၚေၾကာင္းကို သင္ၾကားခဲ့ရၿပီးျဖစ္ပါတယ္။ သို႔ပါဆိုလွ်င္ ဆဲလ္သည္ ခႏၶာကိုယ္ရဲ႕အေသးငယ္ဆုံးပစၥည္းတစ္ခုျဖစ္ၿပီး ပင္မဆဲလ္ဟုဆိုရာတြင္ ခႏၶာကိုယ္၏ မူလပထမဆဲလ္ျဖစ္ေၾကာင္း၊ ပင္မဆဲလ္သည္ ခႏၶာကိုယ္၏ မည္သည့္အစိတ္အပိုင္းကိုမဆို စတင္ျဖစ္ေပၚေၾကာင္းႏွင့္ မူလဆဲလ္သည္ ေမြးစကေလးအေပၚ ဘယ္လိုအသုံးဝင္ေၾကာင္း အေသးစိတ္ေဆြးေႏြးတင္ျပပါရေစ။
မူလဆဲလ္ (Stem Cells) ကိုယခုေနာက္ပိုင္း သိမ္းဆည္းလာၾကၿပီးျဖစ္ပါတယ္။ ဘယ္လိုသိမ္းၾကလဲ၊ ဘာလို႔သိမ္းၾကတာလဲဆိုတာကိုေတာ့ သိတဲ့သူ အနည္းငယ္သာရွိပါေသးတယ္။ ဘယ္လိုသိမ္းၾကလဲဆိုရင္ က်ေတာ္တို႔ ေသြးဘဏ္ေတြ သိမ္းဆည္းသလိုပင္ ပင္မဆဲလ္အသုံးမျပဳမွီအထိ ပင္မဆဲလ္ဘဏ္ေတြမွာ သိမ္းဆည္းထားေလ့ရွိပါတယ္။ သိမ္းဆည္းရာတြင္ အပူခ်ိန္ အႏႈတ္ ၁၅၀ ဒီဂရီ Celsius ေအာက္ရွိတဲ့ ႏိုက္ထ႐ိုဂ်င္အရည္ေတြၾကားမွာ သိမ္းဆည္းရပါတယ္။ အဆိုပါသိမ္းဆည္းနည္းကို (Cryopreservation) လို႔ေခၚပါတယ္။
ဘာလို႔ပင္မဆဲလ္ကိုသိမ္းဆည္းၾကသလဲ။ ဘာေၾကာင့္ ကေလးအခ်င္းတိုင္ကရတဲ့ ပင္မဆဲလ္ကိုသိမ္းဆည္းၾကသလဲဆိုတာကို သိၾကတဲ့သူအနည္းငယ္သာရွိပါလိမ့္မယ္။ ကေလးအခ်င္းတိုင္မွရတဲ့ ပင္မဆဲလ္ဟာ ပင္မဆဲလ္မ်ားတြင္ အေကာင္းဆုံးပင္မဆဲလ္ျဖစ္ပါတယ္။ ကေလးမွာရွိတဲ့ပင္မဆဲလ္ဟာ Age “0” အမ်ိဳးအစားျဖစ္သည့္အတြက္ အရည္အေသြးအေကာင္းဆုံးႏွင့္ တန္ဖိုးအရွိဆုံးပင္မဆဲလ္ျဖစ္ပါတယ္။ ကေလးမွရတဲ့ ပင္မဆဲလ္ကို ဘယ္သူေတြသုံးလို႔ရလဲဆိုရင္ မူရင္းပိုင္ရွင္ ကေလးေလးအျပင္ သူ၏ ေမာင္ႏွမ၊ မိဘ၊ အဖိုးအဖြား၊ ေသြးခ်င္းနီးေသာ ေဆြမ်ိဳး (ဦးေလး၊ အေဒၚ၊…) မ်ားအားလုံးအသုံးျပဳႏိုင္ပါတယ္။
ဘယ္လိုေရာဂါေတြ ကုသေပ်ာက္ကင္းႏိုင္ပါသလဲ။ Stem cell therapy ကို ရွာေဖြေတြ႕ရွိတာ ဆယ္စုႏွစ္ တစ္ခုေက်ာ္သာ ရွိပါေသးတယ္။ ကုသမႈအမ်ားစုကို သိပၸံပညာရွင္မ်ားႏွင့္ ေခတ္မွီေဆးပညာေလ့လာရွာေဖြသူမ်ားက စမ္းသပ္ေလ့လာေနဆဲ၊ ေလ့လာၿပီး ျဖစ္ပါတယ္။ အဓိကအားျဖင့္ ေသြးႏွင့္ သက္ဆိုင္ေသာေရာဂါမ်ား (Leukaemia ေသြးကင္ဆာ, Neuroblastoma, Sickle Cell Anaemia ေသြးအားနည္းေရာဂါ အစရွိသည့္ ေသြးႏွင့္ ပတ္သက္ေသာ ေရာဂါအမ်ိဳးေပါင္း ၅၀ ေက်ာ္ကို ကာကြယ္ကုသႏိုင္ပါတယ္။ ဒ့ါအျပင္ အျခားေရာဂါမ်ားျဖစ္တဲ့ အသည္းေရာဂါ၊ Parkinson ေရာဂါ၊ အယ္ဇိုင္းမားေရာဂါ၊ အဆုတ္ကင္ဆာ၊ ႏွလုံးေရာဂါ၊ ေမြးရာပါဆီးခ်ိဳေရာဂါ၊ ကင္ဆာေရာဂါမ်ား၊ ေမြးရာပါေရာဂါအမ်ားစု၊ ခုခံအားတိုက္ခိုက္ခံရေသာေရာဂါမ်ား၊ အ႐ိုးႏွင့္အ႐ိုးႏုကို ထိခိုက္ပ်က္စီးေသာေရာဂါမ်ား အစရွိသည့္ ေရာဂါအမ်ိဴးအစားေပါင္း ၉၀ ေက်ာ္ကိုလည္း ပင္မဆဲလ္ကုထုံးျဖင့္ ကုသႏိုင္ေၾကာင္း စမ္းသပ္ေတြ႕ရွိၿပီးျဖစ္ပါတယ္။
တိုးတက္ေျပာင္းလဲလာတဲ့ ေခတ္ႏွင့္ အညီ ေရာဂါအသစ္အဆန္းမ်ားလည္းေပၚေပါက္လာသလို ေရာဂါမ်ားကို ကုသႏိုင္တဲ့ ကုထုံးအသစ္အဆန္းမ်ား၊ ေဆးဝါးမ်ား၊ ေရာဂါရွာေဖြႏိုင္တဲ့ စက္ကိရိယာအသစ္အဆန္းမ်ားလည္း တျဖည္းျဖည္းထြက္ေပၚလာၿပီးျဖစ္ပါတယ္။ ယခု အေဟာင္းကို အသစ္လဲျခင္း ေရာဂါကုထုံးျဖစ္သည့္ ပင္မဆဲလ္ကုထုံးသည္ လက္ေတြ႕က်ၿပီး ေအာင္ျမင္မႈ၊ ေရာဂါေပ်ာက္ကင္းမႈႏႈန္းအျမင့္ဆုံးျဖစ္လာပါသည္။ ေဆာင္းဦး႐ြက္ေႂကြခ်စ္သက္ေသ ဇာတ္လမ္းက အြန္ေစာက နည္းနည္းေလးေစာသြားတာျဖစ္ပါလိမ့္မယ္။ Stem cell therapy ပင္မဆဲလ္ကုထုံးသာ သိရွိခဲ့လိုက္ရင္ အဆိုပါဇာတ္လမ္းေလးက Happy ending ေပ်ာ္႐ႊင္စရာအဆုံးသတ္ေလးျဖစ္ေကာင္းျဖစ္ႏိုင္ေၾကာင္း ေျပာၾကားရင္း နိဂုံးခ်ဳပ္လိုက္ပါရေစ….
Dr. Myat Hein Htet (Health4U)