HCG Pregnancy

ကိုယ်ဝန်ရပြီး ဘယ်လောက်အကြာမှာ ဆီးစစ်တံမှာ ပေါ်မလဲ ❓

အမျိုးသမီးတွေကိုယ်ဝန် ရှိ၊ မရှိ စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေဟာ နောက်ပိုင်းမှာလွယ်ကူပြီး ရိုးရှင်းလာသလို မြန်မြန်ဆန်ဆန် လဲ သိနိုင်လာပါတယ်။
ယခင်က ကိုယ်ဝန်ရှိနေမှန်း မသေချာတာ၊ ရာသီမလာတဲ့ လတွေများလာတော့မှ ကိုယ်ဝန်ရှိမှန်းသိနိုင်တဲ့ အခြေအနေကနေ ယခုဆိုရင် သွေးစစ်တာ၊ ဆီးစစ်တာကနေ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ သိရှိနိုင်ကြပြီ ဖြစ်ပါတယ်။ အသုံးအများဆုံးကတော့ ဆီးစစ်တဲ့ အတံနဲ့ စစ်ဆေးတာဖြစ်ပါတယ်။ အဆိုပါကိရိယာကို ဆေးဆိုင်တိုင်း လိုလိုမှာ အလွယ်တကူ ဝယ်လို့ရပြီး။ ဈေးနှုန်းလည်းသက်သာ၊ လွယ်လည်း လွယ်ကူတာကြောင့် အသုံးများပြားပါတယ်။

ပစ္စည်း အမျိုးအစားပေါ်မူတည်ပြီး အချက်ပြပုံခြင်းတော့ ကွာခြားနိုင်ပါတယ်။ အပေါင်းအနှုတ်နဲ့ အချက်ပြတာတွေရှိသလို မျဉ်းတစ်ကြောင်းပေါ်တာ၊ နှစ်ကြောင်းပေါ်တာနဲ့လည်း အချက်ပြတတ်ပါတယ်။ emoji တွေနဲ့လည်းအချက်ပြတတ်ပါတယ်။ အချက် ပြတာတွေဘယ်လိုပဲ ကွဲပြားနိုင်ပေမယ့် အဓိကအချက်ကတော့ ဆီးထဲမှာ beta hCG လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ရှိမရှိစစ်ဆေးတာပဲဖြစ်ပါတယ်။

အဲဒီဓာတ်ကိုဘယ်အချိန်မှာတွေ့နိင်လဲဆိုရင်တော့ သန္ဓေအောင်ပြီး ခန့်မှန်းခြေ (8ရက်) ကြာတဲ့အခါ သွေးထဲမှာတွေ့နိုင်ပြီး (10ရက်)ကြာရင်တော့ ဆီးထဲမှာ တွေ့နိုင်ပါတယ်။

သန္ဓေအောင်တယ် ဆိုတာကတော့ အမျိုးသမီးရဲ့ သားဥနဲ့ အမျိုးသားရဲ့ သုက်ပိုးတို့ ပေါင်းစပ်ပြီး သန္ဓေသားဖြစ်လာတာကို ဆိုလိုတာဖြစ်ပါတယ်။ မျိုးအောင် ပြီးတာနဲ့ သန္ဓေသားဟာ သားအိမ်မှာသွားရောက် ကပ်တွယ်လိုက်တာနဲ့ မိခင်ရဲ့ခန္ဓာကိုယ်က အချင်းစတင်ဖွဲ့စည်းပါတယ်။
အချင်းဖြစ်လာတာနဲ့ hCG ထွက်လာပြီး ကိုယ်ဝန် ရှိ မရှိ စစ်ဆေးလို့ရတဲ့ ပမာဏအထိ များပြားလာနိုင်ပါတယ်။အဲဒီလို စစ်ဆေးတာက ဘယ်လောက် တိကျသလဲဆိုရင်တော့ 97.4 ရာခိုင်နှုန်းထိ တိကျမှုရှိတယ်လို့ဆိုထားပါတယ်။


သုံးစွဲနည်း မှားယွင်းတာ၊ အဖြေကို လွဲမှားစွာကြည့်မိတာ အစရှိတာတွေကြောင့် မှန်ကန်မှုနှုန်းက 74ရာနှုန်းလောက်ပဲ မှန်ကန် တတ်တာလည်းရှိပါတယ်။

အဖြေ လွဲမှားစေနိုင်တဲ့အခြား အကြောင်းအရာ တွေကတော့ hCG နဲ့ဖွဲ့စည်းပုံ ဆင်တူနေတဲ့ ဆေးတွေသောက်နေတာ၊ ကိုယ်ဝန်ရှိနေတာ မဟုတ်ပေမယ့် အဲဒီဓာတ်ထုတ်နိုင်တဲ့ ကင်ဆာဖြစ်နေတာ စတဲ့အကြောင်းတွေကြောင့်လဲ အဖြေမှားနိုင်ပါတယ်။

ကိုယ်ဝန်ရှိမရှိစစ်ဆေးရာမှာတော့ ဆီးစစ်တာဟာနောက်ပိုင်းမှာ အသုံးများတဲ့အပြင် လွယ်ကူရိုးရှင်းတာ၊ မှန်ကန်မှုရှိတာ၊ အကုန်အကျ သက်သာတာတွေကြောင့် အင်မတန်အသုံးဝင်ပါတယ်။ အဲဒီလို အသုံးဝင်တဲ့ စစ်ဆေးမှုမျိုးကို မှန်ကန်စွာအသုံးချပြီး မိမိအတွက်ကော ရင်သွေးအတွက်ပါ ကောင်းမွန်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်သင့်ပါတယ်။


“တိုင်ပင်ဆွေးနွေး ကျန်းမာရေး၊ myDoctor နှင့်ဆက်သွယ်ပေး”


#myDoctor

MyDoctor Telemedicine Application
Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေးသွားကျန်းမာရေး

👶 ကလေးလေးတွေရဲ့ "သွား" ကျန်းမာရေး 🦷

1 Mins read
ကလေး လေးတွေဟာ မိခင် ဝမ်းဗိုက်ထဲမှာ ရှိစဉ် ကာလထဲက သွားလေးတွေ ဖွံဖြိုးနေပါတယ်။ မွေးကာစ ကလေးတွေရဲ့ သွားဖုံးအောက်မှာ ငယ်သွား အချောင်း (၂၀-လုံး) မြှုပ်ပြီး ပါလာပါတယ်။ ဒီသွားလေးတွေဟာ သွားဖုံးကို တိုးရင်း တိုးရင်းနဲ့ အသက် (၃-လ)…

Leave a Reply

Your email address will not be published. Required fields are marked *