All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကျားအင်္ဂါကို မလုပ်သင့်သည့်အရာများ

1 Mins read

ကျားအင်္ဂါကို မလုပ်သင့်သည့်အရာများ

အသက်ရှင်သန်ဖို့လုပ်ငန်းကြီးဖြစ်တဲ့ဆီးစွန့်ဖို့အတွက်သာမက လူသားမျိုးဆက်တွေပွားများဖို့အတွက်ပါ အရေးပါသော၊ယောကျာ်းသားတို့ရဲ့အလွန်အင်မတန်မှနူးညံ့လှပါသော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို မလုပ်သင့်၊မလုပ်အပ်တဲ့အရာတွေအကြောင်း(ရှောင်ရန်)ကို တိုးတိုးတိတ်တိတ်လေးပြောပြပေးသွားပါ့မယ်။

(မှတ်ချက်-မိန်းကလေးများ မဖတ်ရပါ။ ဖတ်ချင်လဲဖတ်ပါ၊ပြီးမှ မရှက်ပါနှင့်)

၁။လက်ဖြင့်ပုတ်ခြင်း၊ရိုက်ခြင်းမပြုရပါ။လေထိုး၍ရသောလက်ဝှေ့အိတ်မဟုတ်ပါ၊ကျီစယ်၍သော်လည်းကောင်း၊ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း ရိုက်ပုတ်ခြင်းမပြုရပါ။

၂။ဖိခြင်း၊ညှစ်ခြင်းများလဲမလုပ်သင့်ပါ။၎င်းသည် အလွန်နူးညံ့သောကြောင့် pressure ဒဏ်ကို မခံနိုင်ပါ။

၃။ဆီးလမ်းကြောင်းအတွင်းသို့ မည်သည့်အရာမှ မထည့်ရပါ။အပေါ်ဖုံးလေးဖွင့်ပြီး တစ်ခုခုထည့်ရသော ပုလင်းမဟုတ်ပါ၊ဆီးလမ်းကြောင်းထိခိုက်ဒဏ်ရာဖြစ်ခြင်း၊ပိုးဝင်ခြင်း၊အလွန်နာကျင်ခြင်းများဖြစ်တတ်ပါတယ်။

၄။သားရေကွင်းမဟုတ်ပါ။အလွန်အမင်း ဆွဲဆန့်ခြင်း လုံးဝမပြုလုပ်ရပါ။

၅။ဝှေးစေ့များအား ရေနွေးပူဖြင့် ဆေးကြောသန့်စင်ခြင်းမလုပ်ရပါ။ ကြက်ဥမဟုတ်သောကြောင့် ရေနွေးဖြင့်စိမ်ပြုတ်ရန်မလိုအပ်ပါ။

၆။မီးဖိုချောင်အိမ်သုံး သန့်စင်ဆေးရည်များဖြင့် ဆေးကြောစရာမလိုပါ။၎င်းတို့သည် အန္တရာယ်ဖြစ်စေတတ်ပါသည်။ဘယ်လောက်ပဲညစ်ပတ်ပေရေနေပါစေ ဆပ်ပြာနှင့်ရေဖြင့်သာ လုံလောက်ပါသည်။

၇။အလွန်အမင်းပွတ်တိုက်ခြင်းမပြုရပါ။ အလွန်အမင်းပွတ်တိုက်ခြင်းသည် ပူစပ်နာကျင်ခြင်းကိုခံစားစေရရုံမက အရေပြားပွန်းပဲ့၍အနာပါ ဖြစ်နိုင်ပါတယ်။

၈။စိတ်ပါနေချိန် မချိုးရပါ။လက်ဖြင့်ကွေးညွတ်ရသော စပရိန်အလေးချောင်းမဟုတ်ပါ၊မာကြောနေချိန် ၃၀ဒီဂရီထက် ပိုမချိုးသင့်ပါ(မချိုးလျှင် အကောင်းဆုံးဖြစ်ပါသည်)။

၉။မကိုက်ရပါ။ မိမိဖာသာ ငုံ့ကိုက်၍ကားမရပါ၊ထို့ကြောင့် ကိုက်နိုင်မည့်သူကို လုံးဝမကိုက်ပါနှင့်ဟု ကြိုတင်သတိပေးထားပါ။

၁၀။ကြည့်မိသမျှ ရုပ်ရှင်များကို စိတ်ပါလက်ပါလိုက်မခံစားပါနှင့်။ ရုပ်ရှင်ထဲမြင်မြင်သမျှ မှန်းမျှော်နေလျှင် လိုအပ်သည်ထက်ပိုသော ဆန္ဒဖြေခြင်းဖြစ်၍ ဒုက္ခရောက်နိုင်ပါသည်။

၁၁။နံရံပလပ်ပေါက်များသည် မီးပလပ်ထိုးရန်အတွက်သာဖြစ်ပါသည်၊သင်တို့အတွက်မဟုတ်ပါ။ မရယ်ပါနှင့်၊အချို့သော အမျိုးကောင်းသားများသည် ဝါးလှည်းတောင်ဖြတ်မမောင်းရဲလောက်အောင်ဖြစ်သည်။ တွေ့ကရာစမ်းစမ်း စမ်းစမ်းနဲ့ လျှောက်မထိုးပါနှင့် ဓါတ်လိုက်၍သေတတ်ပါသည်၊လျှပ်စစ်မီးသည် ဆော့စရာမဟုတ်ပါ။

၁၂။ဒုံးကျည်ထိပ်ဖူးအား လိုအပ်သည်ထက်ပို၍ သန့်ရှင်းရေးမပြုလုပ်ရပါ၊ရောင်ယမ်းပွန်းပဲ့ခြင်း၊အနာဖြစ်ခြင်း ဖြစ်နိုင်သည်။

၁၃။မွေးကင်းစကလေးအနှီးထုပ်သလို ကျပ်ညပ်နေအောင်မထုပ်ထားရပါ။မိမိနှင့် Fitဖြစ်သောအတွင်းခံကိုရွေးချယ်တတ်ပါစေ။

၁၄။မတန်တဆ၊ကျပ်ညပ်နေရာတွင် အတင်းတိုးမဝင်ပါနှင့်။ ဒဏ်ရာအနာတရဖြစ်ခြင်း၊ကူးစက်ရောဂါပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။

၁၅။ကိုယ်နှင့်ထိုက်တန်သော အရွယ်အစားကိုသဘာဝမှပေးထားပြီးဖြစ်ပါတယ်။မတော်မရော်ကြီးချင်စိတ်ကိုထိန်းပါ၊ထိုသို့ကြီးအောင် ဆေးလိမ်း/ဆေးထိုးခြင်းများ ရှောင်ပါ။ လူသတ်ရန်၊ရိုက်ရန်အတွက်မဟုတ်ပါ၊အရွယ်အစားသည် အမြဲအဓိကမကျပါ။

၁၆။စိုက်ခင်းမဟုတ်ပါ၊အမြဲရိတ်သိမ်းဖို့ ကြိုးစားမနေပါနှင့်။အမွှေးအမှင်များသည် သဘာဝအတိုင်းပေးထားသော အကာအကွယ်ဖြစ်ပါသည်၊ရိတ်ချင်သပဆိုပါကလဲ ဓါးသွားအသန့်ဖြင့် ထိခိုက်ပြတ်ရှမှုမရှိအောင် ရိတ်ပါ။

ဤတွင် တန်ဖိုးကြီးသော ရတနာသိုက်အား မပြုလုပ်သင့်သည့်အရာများ တစ်ခန်းရပ်ပါပြီ။
အားလုံးပဲ ရတနာသိုက်ကြီးအား လုံခြုံဘေးကင်းစွာ စောင့်ရှောက်နိုင်ကြပါစေ။

dr.ye’lwin mm

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…