ကိုယ်ဝန်ပျက်ကျပြီးဘယ်လောက်ကြာမှ ကလေးထပ်ယူသင့်လဲ?
ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ ဘယ်မိဘမှမကြုံချင်တဲ့စိတ်ထိခိုက်စရာ အဖြစ်အပျက်တစ်ခုပါ။ကြုံတွေ့ရတဲ့မိခင်အနေနဲ့ဆိုရင် ဒီဖြစ်ရပ်အတွက် အပြစ်ရှိသလိုခံစားရလေ့ရှိတယ်လို့ ဆိုကြပါတယ်။ဒါကြောင့် ဒီအဖြစ်အပျက် ကြုံဖူးတဲ့ မေမေတွေဟာ နောက်ကိုယ်ဝန်ကိုရလျှင်ရ ခြင်းထပ်ယူချင်တဲ့ သဘာဝလည်း တွေ့ရတတ်ပါတယ်။
ဒါပေမယ့် ကိုယ်ဝန်ပျက်ကျပြီးတာနဲ့ ချက်ခြင်း ကိုယ်ဝန်ထပ်ယူသင့်ပါသလား? လို့မေးခဲ့ရင်တော့
အဖြေက – ကိုယ်ဝန်ပျက်ကျပြီးတာနဲ့ နောက်ကိုယ်ဝန်တန်းပြီးမယူသင့်ပါဘူးလို့ဖြေရပါလိမ့်မယ်။ခန္တာကိုယ်ရဲ့ သဘာဝအရ ကိုယ်ဝန်ပျက်ကျတယ်ဆိုရင် သားအိမ်ကိုအနားပေးဖို့လိုပါတယ်။ ဒါ့အပြင် ရှေ့ပျက်ကျထားတဲ့ကိုယ်ဝန်ရဲ့စိတ်ဖိစီးမှုတွေ၊ လူပင်ပန်းမှုတွေကနေ အနားယူပြီးမှ နောက်ကိုယ်ဝန်ယူသင့်ပါတယ်။လောလော ဆုံးဖြတ်ပြီး ချက်ခြင်းယူမယ်ဆိုရင် နောက်ကိုယ်ဝန်အတွက်စိတ်ရော လူပါအဆင်သင့်မဖြစ်တာမျိုးဖြစ်တတ်ပါတယ်။အကောင်းဆုံးကတော့ ကိုယ်ဝန်ပျက်ကျပြီး ” ၃လ ၊ ၄လလောက်မှသာ” နောက်ကိုယ်ဝန်ယူသင့်ပါတယ်။အကြောင်းရင်းကတော့ ကိုယ်ဝန်ပျက်ကျသွားတဲ့အချိန်မှာ သားအိမ်ကပျော့သွားတဲ့အပြင်ပျက်ကျတဲ့အချိန်သွေးဆင်းတာကြောင့် ခန္တာကိုယ်အားနည်းနေတတ်ပါတယ်။သားအိမ်ပျော့တဲ့အခါမှာ နောက်တစ်ကြိမ် ကိုယ်ဝန်ချက်ခြင်းတန်းယူရင်သန္တေသားတွယ်ကပ်ခြင်း မပြုနိုင်ဘဲ နောက်တစ်ကြိမ် ပျက်ကျတာမျိုးဖြစ်နိုင်လို့ပါ။
ဒါကြောင့် ကိုယ်ဝန်ပျက်ကျပြီး ၃လ၊ ၄လလောက်ထိကိုစိတ်ချရတဲ့ သားဆက်ခြားနည်း သုံးပြီး မှ ကလေးထပ်ယူသင့်ပါတယ်။နောက်ကိုယ်ဝန်မယူခင်မှာ Folic acid သောက်ထားသင့်ပါတယ်။ကိုယ်ဝန်မယူခင်မှာလည်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး နှလုံး၊ ဆီးချို၊သွေးတိုးရောဂါရှိပါက ကြိုတင်ကုသထားနိုင်ရင် နောက်ကိုယ်ဝန်အတွက်အကောင်းဆုံးပြင်ဆင်ပြီးသားဖြစ်နေမှာပါ။
မယ်တင်( ဆေး ၁)
ကိုယ္ဝန္ပ်က္က်ၿပီးဘယ္ေလာက္ၾကာမွ ကေလးထပ္ယူသင့္လဲ?
ကိုယ္ဝန္ပ်က္က်တယ္ဆိုတာ ဘယ္မိဘမွမၾကံဳခ်င္တဲ့စိတ္ထိခိုက္စရာ အျဖစ္အပ်က္တစ္ခုပါ။ၾကံဳေတြ႕ရတဲ့မိခင္အေနနဲ႔ဆိုရင္ ဒီျဖစ္ရပ္အတြက္ အျပစ္ရွိသလိုခံစားရေလ့ရွိတယ္လို႔ ဆိုၾကပါတယ္။ဒါေၾကာင့္ ဒီအျဖစ္အပ်က္ ၾကံဳဖူးတဲ့ ေမေမေတြဟာ ေနာက္ကိုယ္ဝန္ကိုရလၽွင္ရ ျခင္းထပ္ယူခ်င္တဲ့ သဘာဝလည္း ေတြ႕ရတတ္ပါတယ္။
ဒါေပမယ့္ ကိုယ္ဝန္ပ်က္က်ၿပီးတာနဲ႔ ခ်က္ျခင္း ကိုယ္ဝန္ထပ္ယူသင့္ပါသလား? လို႔ေမးခဲ့ရင္ေတာ့
အေျဖက – ကိုယ္ဝန္ပ်က္က်ၿပီးတာနဲ႔ ေနာက္ကိုယ္ဝန္တန္းၿပီးမယူသင့္ပါဘူးလို႔ေျဖရပါလိမ့္မယ္။ခနၱာကိုယ္ရဲ႕ သဘာဝအရ ကိုယ္ဝန္ပ်က္က်တယ္ဆိုရင္ သားအိမ္ကိုအနားေပးဖို႔လိုပါတယ္။ ဒါ့အျပင္ ေရွ႕ပ်က္က်ထားတဲ့ကိုယ္ဝန္ရဲ႕စိတ္ဖိစီးမႈေတြ၊ လူပင္ပန္းမႈေတြကေန အနားယူၿပီးမွ ေနာက္ကိုယ္ဝန္ယူသင့္ပါတယ္။ေလာေလာ ဆံုးျဖတ္ၿပီး ခ်က္ျခင္းယူမယ္ဆိုရင္ ေနာက္ကိုယ္ဝန္အတြက္စိတ္ေရာ လူပါအဆင္သင့္မျဖစ္တာမ်ိဳးျဖစ္တတ္ပါတယ္။အေကာင္းဆံုးကေတာ့ ကိုယ္ဝန္ပ်က္က်ၿပီး ” ၃လ ၊ ၄လေလာက္မွသာ” ေနာက္ကိုယ္ဝန္ယူသင့္ပါတယ္။အေၾကာင္းရင္းကေတာ့ ကိုယ္ဝန္ပ်က္က်သြားတဲ့အခ်ိန္မွာ သားအိမ္ကေပ်ာ့သြားတဲ့အျပင္ပ်က္က်တဲ့အခ်ိန္ေသြးဆင္းတာေၾကာင့္ ခနၱာကိုယ္အားနည္းေနတတ္ပါတယ္။သားအိမ္ေပ်ာ့တဲ့အခါမွာ ေနာက္တစ္ႀကိမ္ ကိုယ္ဝန္ခ်က္ျခင္းတန္းယူရင္သေနၱသားတြယ္ကပ္ျခင္း မျပဳႏိုင္ဘဲ ေနာက္တစ္ႀကိမ္ ပ်က္က်တာမ်ိဳးျဖစ္ႏိုင္လို႔ပါ။
ဒါေၾကာင့္ ကိုယ္ဝန္ပ်က္က်ၿပီး ၃လ၊ ၄လေလာက္ထိကိုစိတ္ခ်ရတဲ့ သားဆက္ျခားနည္း သံုးၿပီး မွ ကေလးထပ္ယူသင့္ပါတယ္။ေနာက္ကိုယ္ဝန္မယူခင္မွာ Folic acid ေသာက္ထားသင့္ပါတယ္။ကိုယ္ဝန္မယူခင္မွာလည္း ဆရာဝန္နဲ႔ေဆြးေႏြးတိုင္ပင္ၿပီး ႏွလံုး၊ ဆီးခ်ိဳ၊ေသြးတိုးေရာဂါရွိပါက ႀကိဳတင္ကုသထားႏိုင္ရင္ ေနာက္ကိုယ္ဝန္အတြက္အေကာင္းဆံုးျပင္ဆင္ၿပီးသားျဖစ္ေနမွာပါ။
မယ္တင္( ေဆး ၁)