Ultrasound နှင့် ကိုယ်ဝန်
ကိုယ်ဝန်ရှိချိန်မှာ ultrasoundရိုက်တယ်ဆိုတာ ဒီနေ့ခေတ်မှာတော အရမ်းကိုခေတ်စားနေတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဓာတ်ရောင်ခြည်သင့်မှာလည်း မစိုးရိမ်ရသလို အချိန်လည်းအများကြီးမပေးရတဲ့အတွက် ဆရာဝန်တွေကော မိခင်တွေပါအရမ်းအကြိုက်တွေ့တဲ့ နည်းတစ်ခုဖြစ်ပါတယ်။ ultrasound probeကိုဗိုက်ပေါ်မှာထောက်ပြီးကြည့်လိုက်တာနဲ့ သိနိင်တဲ့အချက်တွေများကြီးရှိတာကြောင့် တွင်တွင်ကျယ်ကျယ်သုံးနေကြတာဖြစ်ပါတယ်။
Ultrasoundရိုက်ခြင်းကြောင့် မိမိရဲ့မွေးမဲ့ရက်ကိုခန့်မှန်းနိုင်ပါတယ်။ last menstrual period (LMP) လို့ခေါ်တဲ့ နောက်ဆုံးရာသီလာတဲ့လရဲ့ ပထမဆုံးရက်ကို အခြေခံပြီးတွက်ထားတဲ့ due dateထက် ultrasound ကပေးတဲ့ due dateကပိုမိုမှန်ကန်နိုင်ပါတယ်။ သို့သော် ultrasoundစရိုက်တဲ့အချိန်က ကိုယ်ဝန်ဆောင်တဲ့အပတ် 20ပတ်မတိုင်ခင်သရိုက်မှသာ LMPကနေတွက်တဲ့ due dateထက်ပိုမှန်နိုင်ပြီး 20ပတ်နောက်ပိုင်းလောက်ရောက်မှသိတဲ့ ultrasound due dateကတော့ LMPရဲ့ due dateလောက်မတိကျနိုင်တော့ပါဘူး။ သိုသော့် နှစ်နည်းလုံးကတော့ ခန့်မှန်းပြီးတွက်ထားတာဖြစ်လို့ ကျိန်းသေပေါက်မွေးမယ့်နေ့လို့တော မပြောနိုင်ပဲအနီးစပ်ဆုံးသာပြောနိုင်ပါတယ်။
နောက်ထပ်သိနိုင်တာကတော့ ကလေးရဲ့နှလုံးခုန်သံဖြစ်ပါတယ်။ သို့သော် လနုသေးတဲ့အချိန်မှာတော့ ကောင်းကောင်းမကြားရသေးပဲ အနည်းဆုံး12ပတ်ကျော်မှ ကြားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ကအဖတ်တင်ရဲ့လား၊ သားပျက်သားလျောဖြစ်မှာလားဆိုတာကိုလည်း သိနိုင်ပါတယ်။ တစ်ခါတည်းရိုက်ရုံနဲ့မသေချာသေးရင် ရက်များများခြားပြီးစစ်ဆေးသင့်ပါတယ်။ ရေမွှာအနည်းအများ၊ သားအိမ်အနေအထားစတာတွေကိုလည်း ultrasoundကပြောပြနိုင်ပါတယ်။
မွေးရာပါချို့ယွင်းချက်တွေရှိနေလားဆိုတာကိုလည်း အဖြေထုတ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်16ပတ်ကနေ20ပတ်အတွင်းမှာ ချို့ယွင်းချက်တွေကိုမြင်ရနိုင်ပြီး 16ပတ်မတိုင်ခင်မှာရိုက်ထားတဲ့အဖြေထက် ပိုမိုတိကျပါတယ်။ သို့သော် ultrasoundရဲ့ထုံးစံအတိုင်းခန့်မှန်းထားတာဖြစ်လို့ သေချာပေါက်တောမပြောနိုင်ပါဘူး။ normal ပေါ်နေပေမယ့် ချို့ယွင်းနေတာ၊ ချို့ယွင်းတယ်လို့ပြပေမယ့် normalမွေးတာတွေကလည်း ဖြစ်တတ်ပါတယ်။
နောက်တသ်ခုကတော့ မိဘတွေအကုန်စိတ်ဝင်စားကြတဲ့ ယောင်္ကျားလေးလားမိန်းကလေးလားဆိုတဲ့ အဖြေပါ။ အဆိုပါအဖြေကိုလည်းultrasound က ခန့်မှန်းပေးနိုင်ပါတယ်။
Ultrasoundရိုက်တုန်းကအဖြေနဲ့ တကယ်မွေးလာတာလွဲနေတာတွေလည်းရှိတတ်ပါတယ်။ ကလေးရဲ့အနေအထား၊ ရေမွှာအနည်းအများ၊ ကိုယ်ဝနိအနုအရင့်စတာတွေအပေါ်မူတည်ပြီး ပြောင်းလဲမှုတွေရှိနိုင်ပါတယ်။
Ultrasoundဆိုတာကတော့ ကျိန်းသေအဖြေပေးနိုင်တဲ့အရာတော့မဟုတ်ပါဘူး။ သို့သော်ကလေးရဲ့အနေအထားကိုကောင်းစွာကြည့်ရှုပြီး ပုံဖော်ပေးနိုင်တဲ့ကိရိယာဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာပြုလုပ်သင့်တဲ့စစ်ဆေးမှုတစ်
ခုဖြစ်ပါတယ်။
Dr. ZZ