ဗိုက်ခွဲမွေးခြင်းအပေါ် ခါးရိုးထုံဆေး၏ သိကောင်းစရာများ

ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဖို့… မိမိဟာ ရိုးရိုးမွေးမလား… ဗိုက်ခွဲမွေးမလားဆိုတဲ့ အပေါ် အမြဲလိုလို ဗျာများတတ်ကြရပါတယ်…ဒီတော့ကာ ရိုးရိုးမွေးခြင်းနဲ့ ဗိုက်ခွဲမွေးခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးများကို ယခင်က My Doctor မှာ ဖော်ပြပြီး ဖြစ်ပြီမို့… မိမိဟာ ဗိုက်ခွဲမွေးဖို့ ရွေးချယ်လိုက်ပြီဆိုပါက.. ဘာတွေလိုအပ်မလဲ.. ဘာတွေ ပြင်ဆင်ထားသင့်လဲအပြင်.. ခွဲခန်းထဲက မေ့ဆေးထုံဆေးများအကြောင်းကိုပါ အနည်းငယ် သိထားသင့်ပါတယ်…
ဒါြ့ပင် တခါတရံမှာ အရေးပေါ်အခြေအနေအရ

– ကလေးရဲ့ ပုံသဏ္ဏာန် မမှန်ခြင်း

– ရိုးရိုးမွေးဖို့ရာ ခက်ခဲခြင်း

– မိခင်နှင့် ကလေး၏ ကျန်းမာရေးတွေကြောင့် ခွဲစိတ်မွေးဖွားရတာမျိုးရှိတတ်ပါသေးတယ်…

ခွဲစိတ်မွေးဖွားဖို့ရာအတွက် မေ့ဆေးပေးခြင်း နှင့် ထုံဆေးပေးခြင်းကို အသုံးပြုနိုင်သော်လည်း ယခုအခါမှာ ထုံဆေးပေးခြင်းကိုသာ ပိုမိုအသုံးပြုလာကြပါတယ်… ထုံဆေးအသုံးပြုရာမှာလည်း Epidural နှင့် Spinal anaesthesia ဆိုပြီး ရှိပါသေးတယ်
ဒီထဲကမှ spinal anaethaesia ပိုအသုံးပြုပါတယ်…ထုံဆေးကို အသုံးပြုခြင်းအားဖြင့်

– နာကျင်မှု မရှိခြင်း

– မိခင် နိုးကြားနေခြင်း

– ခွဲစိတ်ပြီးနောက်ပိုင်း နာကျင်မှု သက်သာခြင်း

– နှလုံးနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာ နည်းစေခြင်းတို့ ရှိနိုင်ပါတယ်..

Spinal anaesthesia ထုံဆေးပေးဖို့ရာ.. မိခင်ရဲ့.. အရပ်၊ အလေးချိန်နဲ့ အသက်ပေါ်မှုတည်ပြီး ပေးသလို… ခွဲစိတ်မှုအတွက် ပျမ်းမျှကြာချိန်ကိုလည်း တွက်ချက်ပြီးမှ လိုအပ်သောပမာဏကို အသုံးပြုပါတယ်… ထုံဆေးအများစုထဲမှ bupivacaine ကို အသုံးပြုလေ့ရှိပါတယ်…
ထုံဆေး၏ အာနိသင်ကို ကြာရှည်အောင်Epinephrine လို့ခေါ်သော ဆေးကိုပါ တွဲဖက်အသုံးပြုကြလေ့ရှိပါတယ်..

လိုအပ်သော ထုံဆေးကို အာရုံကြောမကြီး၏ အောက်ပိုင်း..lumbar region(L2 – 4)တဝိုက်.. ခါးနောက်ကျောမှနေ၍ ထိုးပြီး ထုံဆေး၏ အာနိသင်ကို ပြစေမှာ ဖြစ်ပါတယ်…

ထုံဆေးထိုးပြီးနောက်မှာ..မိမိ၏ ခန္ဓာကိုယ်အောက်ပိုင်းဟာ နွေးလာသလို ခံစားရမယ်.. နောက် ထုံလာမယ်.. ထိုနောက် နာကျင်ခြင်းကို မသိတော့ပဲ ဖြစ်ပါမယ်…ဒီအခါမှာ စတင်ပြီး ခွဲစိတ်ပါမယ်..ဒီလိုအားဖြင့် မိခင်ဟာ မေ့မျောမနေပဲ မိမိ၏ ရင်သွေးအား မွေးဖွားနိုင်ပါတယ်… ထိုကဲ့သို့ ထုံနေတာဟာ သုံးလေးနာရီ ကြာနိုင်ပြီး တဖြည်းဖြည်းပြန်ပြေလာပါမယ်..

တခါတရံမှာတော့ ထုံဆေးရဲ့ ဘေးထွက်ဆိုးကျိုးလေးတွေ ခံစားရတတ်ပါတယ်..

– များသောအားဖြင့် ‘ခေါင်းကိုက်ခြင်း’ ( ခွဲစိတ်ထားတဲ့ နေ့(သို့) နောက်နေ့ထိ ဖြစ်တတ်ပါတယ်.. သို့သော် သူ့ဘာသာ တဖြည်းဖြည်း ပျောက်သွားနိုင်ပါတယ်.. သေချာလှဲလျောင်းအနားယူခြင်း၊ ရေဓာတ်ဖြည့်တင်းခြင်း၊အကိုက်အခဲပျောက်ဆေးသောက်ခြင်း တွေ ပြုလုပ်လို့ရပါတယ်)

– ကျောအောင့်ခြင်း (ထုံဆေးထိုးထားသော နေရာတဝိုက်မှာ ဖြစ်လေ့ရှိတတ်ပါတယ်)

– သွေးပေါင်ချိန်ကျခြင်း(ထုံဆေးရဲ့ အာနိသင်ကြောင့် ငြီးစီးစီးဖြစ်တာမျိုး သွေးပေါင်ချိန်ကျတာမျိုး ဖြစ်တတ်ပေမယ့် လိုအပ်သော extra fluid များကို အကြောဆေးပေးခြင်းဖြင့် သက်သာနိုင်ပါတယ်)

Spinal anaesthesia ဟာ တိကျပြီး သေချာစွာ အသုံးပြုပါက ဘေးထွက်ဆိုးကျိုးသိပ်မများလှသလို ထိရောက်သော ခွဲစိတ်မှု ပြုလုပ်နိုင်တာမို့ ခွဲစိတ်မွေးဖွားရာမှာ တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါတယ်…

ကျန်းမာပျော်ရွှင်သော မိခင်လောင်းများ ဖြစ်ပြီး ချစ်စရာသားသားမီးမီးများ မွေးဖွားနိုင်ကြပါစေလို့ တောင်းဆု မေတ္တာပြုလျက်…

ပိုင်နီမောင်

ဗိုက္​ခဲြ​ေမြးျခင္​းအ​ေပၚ ခါး႐ိုးထံု​ေဆး၏ သိ​ေကာင္​းစရာမ်ား

ကိုယ္​ဝန္​​ေဆာင္​မိခင္​တစ္​​ေယာက္​ဖို႔… မိမိဟာ ႐ိုး႐ိုး​ေမြးမလား… ဗိုက္​ခဲြ​ေမြးမလားဆိုတဲ့ အ​ေပၚ အျမဲလိုလို ဗ်ာမ်ားတတ္​ၾကရပါတယ္​…ဒီ​ေတာ့ကာ ႐ိုး႐ိုး​ေမြးျခင္​းနဲ႔ ဗိုက္​ခဲြ​ေမြးျခင္​းရဲ႕ ​ေကာင္​းက်ိဳးဆိုးက်ိဳးမ်ားကို ယခင္​က My Doctor မွာ ​ေဖာ္​ျပၿပီး ျဖစ္​ၿပီမို႔… မိမိဟာ ဗိုက္​ခဲြ​ေမြးဖို႔ ​ေရြးခ်ယ္​လိုက္​ၿပီဆိုပါက.. ဘာ​ေတြလိုအပ္​မလဲ.. ဘာ​ေတြ ျပင္​ဆင္​ထားသင္​့လဲအျပင္​.. ခဲြခန္​းထဲက ​ေမ့​ေဆးထံု​ေဆးမ်ားအ​ေၾကာင္​းကိုပါ အနည္​းငယ္​ သိထားသင္​့ပါတယ္​…
ဒါျ့ပင္​ တခါတရံမွာ ​အ​ေရး​ေပၚအ​ေျခအ​ေနအရ

– က​ေလးရဲ႕ ပံုသဏၰာန္​ မမွန္​ျခင္​း

– ​႐ိုး႐ိုး​ေမြးဖို႔ရာ ခက္​ခဲျခင္​း

– မိခင္​ႏွင္​့ က​ေလး၏ က်န္​းမာ​ေရး​​ေတြ​ေၾကာင္​့ ခြဲစိတ္​​ေမြးဖြားရတာမ်ိဳး႐ွိတတ္​ပါ​ေသးတယ္​…

ခဲြစိတ္​​ေမြးဖြားဖို႔ရာအတြက္​ ​ေမ့​ေဆး​ေပးျခင္​း ႏွင္​့ ထံု​ေဆး​ေပးျခင္​းကို အသံုးျပဳႏိုင္​​ေသာ္​လည္​း ယခုအခါမွာ ထံု​ေဆး​ေပးျခင္​းကိုသာ ပိုမိုအသံုးျပဳလာၾကပါတယ္​… ထံု​ေဆးအသံုးျပဳရာမွာလည္​း Epidural ႏွင္​့ Spinal anaesthesia ဆိုၿပီး ႐ွိပါ​ေသးတယ္​
ဒီထဲကမွ spinal anaethaesia ပိုအသံုးျပဳပါတယ္​…ထံု​ေဆးကို အသံုးျပဳျခင္​းအားျဖင္​့

– ​နာက်င္​မႈ မ႐ွိျခင္​း

– မိခင္​ ႏိုး​ၾကား​ေနျခင္​း

– ခဲြစိတ္​ၿပီး​ေနာက္​ပိုင္​း နာက်င္​မႈ သက္​သာျခင္​း

– ႏွလံုးႏွင့္​ အသက္​႐ႈလမ္​း​ေၾကာင္​းဆိုင္​ရာ ျပသနာ နည္​း​ေစျခင္​းတုိ႔ ႐ွိႏိုင္​ပါတယ္​..

Spinal anaesthesia ထံု​ေဆး​ေပးဖို႔ရာ.. မိခင္​ရဲ႕.. အရပ္​၊ အ​ေလးခ်ိန္​နဲ႔ အသက္​​ေပၚမႈတည္​ၿပီး ​ေပးသလို… ခဲြစိတ္​မႈအတြက္​ ပ်မ္​းမွ်ၾကာခ်ိန္​ကိုလည္​း တြက္​ခ်က္​ၿပီးမွ လိုအပ္​​ေသာပမာဏကို အသံုးျပဳပါတယ္​… ထံု​ေဆးအမ်ားစုထဲမွ bupivacaine ကို အသံုးျပဳ​ေလ့႐ွိပါတယ္​…
ထံု​ေဆး၏ အာနိသင္​ကို ၾကာ႐ွည္​​ေအာင္​Epinephrine လို႔​ေခၚ​ေသာ ​ေဆးကိုပါ တဲြဖက္​အသံုးျပဳၾက​ေလ့႐ွိပါတယ္​..

လိုအပ္​​ေသာ ထံု​ေဆးကို အာရံု​ေၾကာမႀကီး၏ ​ေအာက္​ပိုင္​း..lumbar region(L2 – 4)တဝိုက္​.. ခါး​ေနာက္​​ေက်ာမွ​ေန၍ ထိုးၿပီး ထံု​ေဆး၏ အာနိသင္​ကို ျပ​ေစမွာ ျဖစ္​ပါတယ္​…

ထံု​ေဆးထိုးၿပီး​ေနာက္​မွာ..မိမိ၏ ခႏၶာကုိယ္​​ေအာက္​ပိုင္​းဟာ ​ေႏြးလာသလို ခံစားရမယ္​.. ​ေနာက္​ ထံုလာမယ္​.. ထို​ေနာက္​ ​နာက်င္​ျခင္​းကို မသိ​ေတာ့ပဲ ျဖစ္​ပါမယ္​…ဒီအခါမွာ စတင္​ၿပီး ခဲြစိတ္​ပါမယ္​..​ဒီလိုအားျဖင္​့ မိခင္​ဟာ ​ေမ့​ေမ်ာ​မ​​ေန​ပဲ မိမိ၏ ရင္​​ေသြးအား ​ေမြးဖြားႏိုင္​ပါတယ္​… ထိုကဲ့သို႔ ထံု​ေနတာဟာ သံုး​ေလးနာရီ ၾကာႏိုင္​ၿပီး ​တျဖည္​းျဖည္​းျပန္​​ေျပလာပါမယ္​..

တခါတရံမွာ​ေတာ့ ထံ​ု​ေဆးရဲ႕ ​ေဘးထြက္​ဆိုးက်ိဳး​ေလး​ေတြ ခံစားရတတ္​ပါတယ္​..

– မ်ား​ေသာအားျဖင္​့ ​’​ေခါင္​းကိုက္​ျခင္​း’ ( ခဲြစိတ္​ထားတဲ့ ​​ေန႔(သို႔) ​ေနာက္​​ေန႔ထိ ျဖစ္​တတ္​ပါတယ္​.. သို႔​ေသာ္​ သူ႔ဘာသာ တျဖည္​းျဖည္​း ​ေပ်ာက္​သြားႏိုင္​ပါတယ္​.. ​ေသခ်ာလွဲ​ေလ်ာင္​းအနားယူျခင္​း၊ ​ေရဓာတ္​ျဖည္​့တင္​းျခင္​း၊အကိုက္​အခဲ​ေပ်ာက္​​ေဆး​ေသာက္​ျခင္​း ​ေတြ ျပဳလုပ္​လို႔ရပါတယ္​)

– ​ေက်ာ​ေအာင္​့ျခင္​း (ထံု​ေဆးထိုးထား​ေသာ ​ေနရာတဝိုက္​မွာ ျဖစ္​​ေလ့႐ွိတတ္​ပါတယ္​)

– ​ေသြး​ေပါင္​ခ်ိန္​က်ျခင္​း(ထံု​ေဆးရဲ႕ အာနိသင္​​ေၾကာင္​့ ​ၿငီးစီးစီးျဖစ္​တာမ်ိဳး ​ေသြး​ေပါင္​ခ်ိန္​က်တာမ်ိဳး ျဖစ္​တတ္​​ေပမယ္​့ လိုအပ္​​ေသာ extra fluid မ်ားကို အ​ေၾကာ​ေဆး​ေပးျခင္​းျဖင္​့ သက္​သာႏိုင္​ပါတယ္​)

Spinal anaesthesia ဟာ တိက်ၿပီး ​ေသခ်ာစြာ အသံုးျပဳပါက ​ေဘးထြက္​ဆိုးက်ိဳးသိပ္​မမ်ားလွသလို ထိ​ေရာက္​​ေသာ ခဲြစိတ္​မႈ ျပဳလုပ္​ႏိုင္​တာမို႔ ခဲြစိတ္​​ေမြးဖြားရာမွာ တြင္​က်ယ္​စြာ အသံုးျပဳလ​​်က္​႐ွိပါတယ္​…

က်န္​းမာ​ေပ်ာ္​ရႊင္​​ေသာ မိခင္​​ေလာင္​းမ်ား ျဖစ္​ၿပီး ခ်စ္​စရာသားသားမီးမီးမ်ား ​ေမြးဖြားႏိုင္​ၾကပါ​ေစလို႔ ​ေတာင္​းဆု ​ေမတၱာျပဳလ်က္​…

ပိုင္​နီ​ေမာင္

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…